အကြောင်းအရာသို့ ကျော်သွားရန်

Pharaoh

138 အခန်းငယ်

Pharaoh ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အကြောင်းမူကား၊ အဲဂုတ္တုပြည်နှင့် အဲဂုတ္တုဖာ ရောဘုရင် လက်ထဲက ကယ်နှုတ်တော်မူသော မိမိတို့ ဘုရားသခင် ထာဝရဘုရားကို ဣသရေလအမျိုးသားတို့ သည် ပြစ်မှား၍ အခြားတပါးသော ဘုရားတို့ကို ရိုသေ ကြ၏။

  2. ဖာရောဘုရင်နှင့် သူ၏ကျွန်များ၊ ပြည်သူ ပြည်သားအပေါင်းတို့သည် အကျွန်ုပ်တို့၏ ဘိုးဘေးတို့ကို စော်ကားစွာပြုသောကြောင့်၊ ကိုယ်တော်သည် ကြည့်ရှု၍ နေတော်မမူ။ ထိုပြည်သားတို့၌ နိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှုတို့ကို ပြတော်မူ၍၊ သိတင်းတော်သည် ယနေ့တိုင်အောင် ကျော်စောလျက်ရှိပါ၏။

  3. အို အဲဂုတ္တုပြည်၊ သင်၏အထဲမှာ ဖာရောမင်းမှ စ၍၊ သူ၏ကျွန်အပေါင်းတို့၏အပေါ်သို့ လက္ခဏာ သက်သေ၊ အံ့ဘွယ်သောအမှုတို့ကို စေလွှတ်တော်မူ၏။

  4. ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ဖာရောမင်းနှင့်ဗိုလ်ခြေများကို ဧဒုံပင်လယ် ထဲ၌ လှဲချတော်မူထသော၊

  5. ငါချစ်သောနှမ၊ သင့်ကိုဖာရောမင်းရထား၌ ကသော မြင်းနှင့် ငါပုံပြမည်။

  6. ယေရုရှလင်မြို့ကို ပိုင်းသော ခါလဒဲလူတို့သည်၊ အဲဂုတ္တုပြည်မှ ဖာရောဘုရင်၏ ဗိုလ်ခြေများစစ်ချီ၍ လာကြောင်းကို ကြားလျှင်၊ ထိုမြို့မှ ထွက်သွားကြပြီ။

  7. ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့ကိုမေးလျှောက်စေခြင်းငှါ၊ သင့်ကိုမှာလိုက်သော ယုဒရှင်ဘုရင်အား ဤသို့ပြန်ပြော လော့။ သင်တို့ကိုစစ်ကူခြင်းငှါလာသော ဖာရောဘုရင်၏ ဗိုလ်ခြေတို့သည်သူတို့နေရင်း အဲဂုတ္တုပြည်သို့ ပြန်သွားကြ လိမ့်မည်။

  8. ခါလဒဲစစ်သူရဲတို့သည် ဖာရောဘုရင်၏ဗိုလ်ခြေ တို့ကို ကြောက်ရွံ့၍၊ ယေရုရှလင်မြို့မှ ဆုတ်သွားကြသော အခါ၊

  9. သင်သည်ကြီးသော ကျောက်တို့ကို ကိုင်ယူ၍၊ တာပနက်မြို့၌ ဖာရောဘုရင်၏အိမ်တော်ဝနားမှာ ရှိသောအုတ်ဖိုမြေ၌၊ ယုဒလူများရှေ့တွင် မြှုပ်ထားလော့။

  10. ဗာဗုလုန်ရှင်ဘုရင်ကို ငါခိုင်မာစေ၍၊ ငါ့ထားကို သူ့လက်၌ အပ်မည်။ ဖာရောမင်း၏ လက်ရုံးတို့ကို ငါချိုးသဖြင့်၊ သူသည် အသေသတ်ခြင်းကို ခံရသောသူ အော်ဟစ်သကဲ့သို့၊ ဗာဗုလုန်ရှင်ဘုရင်ရှေ့မှာ အော်ဟစ် ရလိမ့်မည်။

  11. နောက်မှပစ်ထားသည်ရှိသော်၊ ဖာရောဘုရင် သမီးတော်သည် ကောက်ယူ၍ မိမိသားအရာ၌ မွေးစား လေ၏။

  12. ကျမ်းစာ၌ ဖာရောဘုရင်ကိုဆိုသည်ကား၊ ငါ့တန်ခိုးကို သင်၌ ငါပြခြင်းငှါ၎င်း၊ ငါ့နာမကို မြေကြီး တပြင်လုံးတွင် ကျော်စောစေခြင်းငှါ၎င်း၊ သင့်ကို ချီးမြှောက်ခဲ့ပြီဟု ဆိုသတည်း။

  13. မောရှေသည် အသက်အရွယ်ကြီးသောအခါ အပြစ်ရှိသော ကာမဂုဏ်ကို ခဏခံစားခြင်းထက်၊ ဘုရားသခင်၏လူတို့နှင့် အတူညှဉ်းဆဲခံရခြင်းကိုသာ၍ အလိုရှိသဖြင့်၎င်း၊