Jesus
အခြားအမည်: Jesus Christ, Immanuel, Emmanuel, Christ
Jesus ကို ဖော်ပြသော အခန်းငယ်များ
နှင်ထုတ်သည်အကြောင်းကို ယေရှုသည်ကြားပြီးမှ ထိုသူကိုတွေ့တော်မူလျှင်၊ သင်သည် ဘုရားသခင် ၏ သားတော်ကို ယုံကြည်သလောဟု မေးတော်မူ၏။
သခင်၊ အကျွန်ုပ်ယုံကြည်ရမည်အကြောင်း ဘုရားသခင်၏သားတော်ကား အဘယ်သူနည်းဟု မေး လျှောက်သော်၊
ယေရှုက၊ သင်သည် ထိုသူကိုမြင်ခဲ့ပြီးသာမက၊ သင်နှင့်ယခု စကားပြောသောသူသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ဟု မိန့်တော်မူလျှင်၊
သခင်၊ အကျွန်ုပ်ယုံကြည်ပါ၏ဟု လျှောက်၍ ညွတ်ပြပ်ကိုးကွယ်လေ၏။
ထိုအခါ ယေရှုကလည်း၊ မျက်စိမမြင်သောသူသည် မြင်စေခြင်းငှါ၎င်း၊ မြင်သောသူကို မျက်စိကန်းစေ ခြင်းငှါ၎င်း၊ ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာပြီဟု မိန့်တော်မူ၏။
အထံတော်၌ရှိသော ဖာရိရှဲအချို့တို့သည် ထိုစကားကိုကြားလျှင်၊ ငါတို့သည် မျက်စိကန်းသလောဟု မေးကြ၏။
ယေရှုကလည်း၊ သင်တို့သည် မျက်စိကန်းသည်မှန်လျှင် အပြစ်မရှိ၊ ငါတို့မျက်စိမြင်သည်ဟု ငါတို့ ဆိုကြ၏။ ထိုကြောင့် သင်တို့၌အပြစ်တည်သည်ဟု မိန့်တော်မူ၏။
ငါအမှန်အကန်ဆိုသည်ကား၊ သိုးခြံထဲသို့တံခါးစဖြင့်မဝင် အခြားလမ်းဖြင့်ကျော်ဝင်သောသူသည် သူခိုး ထားပြဖြစ်၏။
ထိုဥပမာပုံကို ယေရှုဟောတော်မူသည်တွင်၊ ပရိသတ်တို့သည် မိန့်တော်မူသောစကားတော်၏ အနက် အဓိပ္ပါယ်ကိုနားမလည်ကြ။
ထိုကြောင့် တဖန်ယေရှုက၊ ငါအမှန်အကန်ဆိုသည်ကား၊ ငါသည် သိုးဝင်သောတံခါးဝဖြစ်၏။
ငါရှေ့၌ ပေါ်လာသောသူရှိသမျှတို့သည် သူခိုးထားပြဖြစ်ကြ၏။ ထိုသူတို့၏စကားသံကို သိုးတို့သည် နားမထောင်ကြ။
ငါသည်တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွှတ်လျက်ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ့်မည်။
သူခိုးသည်ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် သက်လွတ်ရုံ မျှမက အထူးသဖြင့်အသက်နှင့် ပြည့်စုံစေခြင်းငှါ လာသတည်း။
ငါသည် ကောင်းသောသိုးထိန်းလည်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဘို့အလိုငှါ မိမိ အသက်ကို စွန့်တတ်၏။
ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်း တော်ကို သိုးသကဲ့သို့ ငါ၏သိုးကိုလည်း ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။
ငါသည် ကိုယ်အသက်ကို သိုးတို့အဘို့အလိုငှါ စွန့်၏။
ဤသိုးခြံသို့မဝင်သောအခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့ သည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊ သိုးခြံတခု သိုးထိန်းတပါးတည်းရှိရလိမ့်မည်။
ငါသည် ကိုယ်အသက်ကိုစွန့်၍ နောက်တဖန် ယူဦးမည်ဖြစ်သောကြောင့်၊ ငါ့ခမည်းတော်သည် ငါ့ကို ချစ်တော်မူ၏။
ငါ့အသက်ကို အဘယ်သူမျှမလုမယူ။ ကိုယ်အလိုအလျောက် ငါစွန့်၏။ ကိုယ်အသက်ကို စွန့်ရသော အခွင့်နှင့် နောက်တဖန်ကိုယ်အသက်ကို ယူပြန်ရသောအခွင့်သည် ငါ၌ရှိ၏။ ထိုအခွင့်ကိုခမည်းတော်သည် ပေး တော်မူပြီဟု မိန့်တော်မူ၏။
လူများတို့က၊ သူသည်နတ်ဆိုးစွဲ၍အရူးဖြစ်၏။ သူ့စကားကို အဘယ်ကြောင့်နားထောင်သနည်းဟု ဆိုကြ၏။
ယေရှုသည် ဗိမာန်တော်နားမှာ ရှောလမုန် ကနားပြင်၌ စင်္ကြံသွားတော်မူစဉ်တွင်၊
ယုဒလူတို့သည် ကိုယ်တော်ကိုဝန်းရံ၍၊ သင်သည် အဘယ်မျှကာလပတ်လုံး ငါတို့ကို ယုံမှားစေမည် နည်း။ ခရစ်တော်မှန်လျှင် အတည့်အလင်းပြောပါဟုဆိုကြ၏။
ယေရှုကလည်း၊ ငါပြောပြီ။ သင်တို့သည် မယုံကြ။ ငါ့ခမည်းတော်၏အခွင့်နှင့် ငါပြုသောအမှုတို့သည် ငါ၏သက်သေဖြစ်ကြ၏။
သို့သော်လည်း သင်တို့သည် မယုံကြ။ အဘယ်ကြောင့် မယုံသနည်းဟူမူကား၊ သင်တို့သည် ငါ့သိုးတို့ အဝင်မဟုတ်။ အထက်က ငါပြောသည်အတိုင်း၊
ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။