Jesus
အခြားအမည်: Jesus Christ, Immanuel, Emmanuel, Christ
Jesus ကို ဖော်ပြသော အခန်းငယ်များ
ယေရှုသည် လာဇရုသေကြောင်းကိုမှတ်၍ မိန့်တော်မူသော်လည်း၊ ပကတိအိပ်ပျော်ကြောင်းကို မိန့် တော်မူသည်ဟု တပည့်တော်တို့သည် ထင်မှတ်ကြ၏။
ထိုကြောင့်ယေရှုက၊ လာဇရုသေပြီ။ သင်တို့သည် ယုံကြည်မည်အကြောင်း၊
ထိုအရပ်၌ ငါမရှိသည်ကိုထောက်၍ သင်တို့အတွက် ငါဝမ်းမြောက်ခြင်းရှိ၏။ သူ့ဆီသို့ ငါတို့သွားကြ ကုန်အံ့ဟု အတည့်အလင်းမိန့်တော်မူ၏။
ဒိဒုမုအမည်ရှိသော သောမက၊ အကျွန်ုပ်တို့လည်းလိုက်၍ သခင်နှင့်အတူ အသေခံကြကုန်အံ့ဟု တပည့်တော်ချင်းတို့အား ပြောဆို၏။
ယေရှုသည် ရောက်တော်မူသောအခါ၊ လာဇရုကို သင်္ဂြိုဟ်၍ သင်္ချိုင်းတွင်း၌ လေးရက်လွန်လေပြီ။
ယေရှုကြွလာတော်မူကြောင်းကို မာသသည်ကြားလျှင်၊ ကိုယ်တော်ကို ခရီးဦးကြိုပြုခြင်းငှါသွား၏။
မာရိမူကားအိမ်၌ ထိုင်လျက်နေရစ်၏။ မာသက၊ သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါ။
ယခု သေလျက်ရှိသော်လည်း ကိုယ်တော်သည် ဘုရားသခင်ကို ဆုတောင်းတော်မူသမျှအတိုင်း ဘုရား သခင်ပေးတော်မူမည်ကို ကျွန်မသိပါသည်ဟုလျှောက်၏။
ယေရှုကလည်း၊ သင်၏မောင်သည် ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။
မာသကလည်း၊ နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာကာလ၌ သူသည် ထမြောက် လိမ့် မည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။
ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည် သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။
ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့် မည်။ ငါ့စကားကိုယုံသလောဟု မေးတော်မူလျှင်၊ မာသက၊ ဟုတ်ပါ၏သခင်။
ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဤလောကသို့ကြွတော်မူသော ဘုရားသခင်၏သားတော် ဖြစ်သည်မူသည်ကို ကျွန်မယုံပါသည်ဟု လျှောက်၏။
မာရိသည် ထိုစကားကိုကြားလျှင် အလျှင်တဆောထ၍ အထံတော်သို့ သွားလေ၏။
ထိုအခါ ယေရှုသည် ရွာထဲသို့မဝင်သေး။ မာသခရီးဦးကြိုပြုသောအရပ်၌ ရှိတော်မူသတည်း။
မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ရောက်၍ ကိုယ်တော်ကိုမြင်လျှင် ခြေတော်ရင်း၌ ပြပ်ဝပ်လျက်၊ သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏ မောင်မသေပါဟုလျှောက်၏။
မာရိမှစ၍ လိုက်လာသောယုဒလူတို့သည် ငိုကြွေးသည်ကို ယေရှုသည်မြင်တော်မူသောအခါ၊ အလွန် ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍၊
အလောင်းကို အဘယ်မှာထားကြသနည်းဟုမေးတော်မူလျှင်၊ သခင်ကြွ၍ ကြည့်တော်မူပါဟု လျှောက် ကြ၏။
ယေရှုသည်မျက်ရည်ကျတော်မူ၏။
ယုဒလူတို့က၊ ကြည့်ပါ၊ လာဇရုကို အလွန်ချစ်တော်မူပါသည်တကားဟု ဆိုကြ၏။
အချို့တို့က၊ မျက်စိကန်းသောသူကို မြင်စေတော်မူသော ဤသခင်သည်၊ လာဇရုကို မသေစေခြင်းငှါ မတတ်နိုင်လောဟုဆိုကြ၏။
တဖန်ယေရှုသည် အလွန်ညှိုးငယ်သောစိတ်နှင့် သင်္ချိုင်းတွင်းသို့ရောက်တော်မူ၏။ ထိုတွင်းသည် မြေ တွင်းဖြစ်၏။ ကျောက်နှင့်ပိတ်ထား၏။
ကျောက်ကိုရွှေ့ကြလော့ဟု ယေရှုသည်မိန့်တော်မူလျှင်၊ သေလွန်သောသူနှမ မာသက၊ သခင်၊ ယခု ဖြစ်လျှင်နံလိမ့်မည်။ လေးရက်ရှိပါပြီဟုလျှောက်၏။
ယေရှုကလည်း၊ သင်သည်ယုံလျှင် ဘုရားသခင်၏ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည်၊ ငါပြောပြီ မဟုတ်လောဟု မိန့်တော်မူ၏။
ထိုအခါ သေလွန်သောသူ၏သင်္ချိုင်းမှကျောက်ကိုရွှေ့ကြ၏။ ယေရှုသည်လည်း အထက်သို့ကြည့်မျှော် လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်စကားကို နားထောင်တော်မူသောကြောင့် ကျေးဇူးတော်ကြီးလှပါ၏။