အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုအခါပေါလုနှင့်ဗာနဗတို့က၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုသင်တို့အား ရှေ့ဦးစွာ ဟော ပြောရ၏။ သို့သော်လည်း သင်တို့သည်ပယ်၍ ထာဝရ အသက်ကိုမိမိတို့ မခံထိုက်သည်ဟု မိမိတို့စီ ရင်ကြ သောကြောင့်၊ ထာဝရဘုရားသည် မှာတော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ၍ တပါးအမျိုးသားတို့ ဆီသို့ လှည့်ကြ၏။

  2. အချင်းလူတို့၊ အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ငါတို့သည် သင်တို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူဖြစ်ပါ၏။ သင်တို့သည် ဤအချည်းနှီးသောအရာတို့ကို ပယ်ကြ၍၊ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍၊ အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်သို့ ပြောင်းလဲရကြမည်အကြောင်း၊ ငါတို့သည် ဧဝံဂေလိတရားကိုဟောပြောကြ၏။

  3. ထိုသို့ပြန်ကြစဉ်၊ တပည့်တော်များ၏ စိတ်နှလုံးကို မြဲမြံခိုင်ခံ့စေသဖြင့်၊ ယုံကြည်ခြင်း၌ တည်ကြည်မည်အကြောင်း နှိုးဆော်ချီးပင့်၍၊ ငါတို့သည် များပြားသောဆင်းရဲဒုက္ခကိုခံ၍ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရကြမည်ဟု ဟောပြောပြညွှန်ကြ၏။

  4. ထိုမြို့မှ သင်္ဘောစီး၍လွှင့်သဖြင့်၊ မိမိတို့ ဆောင်ရွက်ခဲ့ပြီးသော အမှုအလိုငှါ ဘုရားသခင်၏ ကျေးဇူးတော်သို့ အပ်နှံ၍ စေလွှတ်သော အန္တိအုတ်မြို့သို့ ရောက်လာကြ၏။

  5. ထိုမြို့သို့ရောက်ပြီးလျှင် သင်းဝင်သူတို့ကို စုဝေးစေ၍၊ မိမိတို့အားဖြင့် ဘုရားသခင်သည် ပြုတော်မူသမျှ တို့ကို၎င်း၊ ယုံကြည်ခြင်း တံခါးကို တပါးအမျိုးသားတို့အား ဖွင့်တော်မူကြောင်းကို၎င်း ပြန်ကြား ကြ၏။

  6. ယေရုရှလင်မြို့သို့ရောက်လျှင်၊ တမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူများတို့တွင် လက်ခံခြင်း ကျေးဇူးကိုခံ၍၊ မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူ သမျှတို့ကို ပြန်ကြားကြ၏။

  7. များစွာသောဆွေးနွေးငြင်းခုံခြင်းရှိသောအခါ ပေတရုသည် ထလျက်၊ ညီအစ်ကိုတို့၊ ဘုရားသခင်သည် ရှေ့ဦးစွာငါတို့တွင် ရွေးကောက် တော်မူ၍၊ ငါဟောပြောသောအားဖြင့် တပါးအမျိုးသားတို့သည် ဧဝံဂေလိ တရားကိုကြားနာ၍ ယုံကြည်ရမည်အကြောင်း စီရင် တော်မူသည်ကို သင်တို့သိကြ၏။

  8. စိတ်နှလုံးကို သိတော်မူသော ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ငါတို့အားပေးသည်နည်း တူသူတို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံတော်မူ၏။

  9. သို့ဖြစ်လျှင်၊ ငါတို့နှင့်ငါတို့ဘိုးဘေးများ မထမ်းနိုင်သော ထမ်းပိုးကို တပည့်တော်တို့၏ လည်ပင်းပေါ်၌ တင်စေခြင်းငှါ အဘယ်ကြောင့် ဘုရားသခင်ကို စုံစမ်းကြသနည်း။

  10. ထိုအခါဗာနဗနှင့် ပေါလုတို့သည် မိမိတို့အားဖြင့် တပါးအမျိုးသားတို့တွင် ဘုရားသခင်ပြုတော်မူ သမျှသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ကြားပြောသည်ကို စုဝေးသောသူအပေါင်းတို့သည် တိတ်ဆိတ်စွာ နေ၍နားထောင်ကြ၏။

  11. ဘုရားသခင်သည် မိမိနာမအဘို့၊ တပါးအမျိုးသားတို့ အထဲက အချို့သောသူတို့ကိုနှုတ်ယူခြင်းငှါ၊ ရှေ့ဦးစွာ တပါးအမျိုးသားတို့ကို အကြည့် အရှုကြွလာ တော်မူသည် အကြောင်းအရာကို ရှိမုန်သည် ဟောပြော ခဲ့ပြီ။

  12. ကျမ်းစာလာသည်ကား၊ ငါ၏နာမဖြင့် သမုတ်သော တပါးအမျိုးသားအပေါင်းတည်းဟူသော ကျန်ကြွင်းရစ်သော သူတို့သည် ထာဝရ ဘုရားကိုရှာစေခြင်းငှါ နောက်မှငါပြန်လာမည်။

  13. လဲလျက်ရှိသော ဒါဝိဒ်၏တဲကို ဆောက်တည်ပြန်မည်။ ပြိုပျက် ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကို မတ်စေပြန်မည်ဟု။

  14. ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရ ဘုရားသခင်၏ ဗျာဒိတ်တော်ရှိ၏ ဟုလာသတည်း။ ဘုရားသခင်သည် ကမ္ဘာဦးမှစ၍ မိမိစီရင်တော်မူ သမျှသော အမှုအရာတို့ကိုသိတော်မူသည်။

  15. ထိုကြောင့်၊ တပါးအမျိုးသားတို့အထဲမှ ဘုရားသခင့်ထံတော် သို့ပြောင်းလဲသော သူတို့ကို မနှောင့်ရှက် ဘဲလျက်၊

  16. ညီအစ်ကိုတို့သည် ပေါလုကိုဘုရားသခင်၏ ကျေးဇူးတော်သို့ အပ်နှံကြသဖြင့်၊ သူသည်သိလကို ရွေးချယ်ပြီးလျှင်ထွက်၍၊

  17. ထိုအခါ နီမောင်သောအထည်အလိပ်ကို ရောင်းသော သွာတိုရဲမြို့သူ လုဒိအမည်ရှိသော မိန်းမတယောက်သည် ဘုရားသခင်ကို ကိုးကွယ်သောသူဖြစ်၍၊ တရားနာစဉ်တွင် ပေါလုဟောပြောသော အရာကို မှီဝဲဆည်းကပ်စေခြင်းငှါ သူ၏စိတ်နှလုံးကို သခင်ဘုရား ဖွင့်တော်မူ၏။

  18. ထိုမိန်းမငယ်သည် ပေါလုနှင့် ငါတို့နောက်သို့ လိုက်၍၊ ဤသူတို့ကား အကျွတ်တရားလမ်းကို ငါတို့အား ဟောပြောပြသသော အမြင့်ဆုံးသော ဘုရားသခင်၏ ကျွန်ဖြစ်ကြ၏ဟု ဟစ်ကြော်လေ၏။

  19. သန်းခေါင်အချိန်၌ ပေါလုနှင့်သိလတို့သည် ပဌနာပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက်သီခြင်း ဆိုလေ၏။ ထောင်ထဲမှာ နှောင်ဖွဲ့ခြင်း ကိုခံရသော သူတို့သည် နားထောင်ကြ၏။

  20. တဖန်ပေါလုနှင့် သိလတို့ကို မိမိအိမ်သို့ ခေါ်ပင့်ပြီးမှ သူတို့ကို လုပ်ကျွေး၍၊ ဘုရားသခင်ကို ယုံကြည်လျက် အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ ဝမ်းမြောက်ခြင်းသို့ရောက်လေ၏။

  21. ပေါလုသည် ဗေရိမြို့၌ ဘုရားသခင်၏ နှုတ်က ပတ်တရားတော်ကိုဟောပြောသည်ကို၊ သက်သာလော နိတ်မြို့သားဖြစ်သော ယုဒလူ တို့သည် ကြားသိရလျှင်၊ ဗေရိမြို့သို့လာပြန်၍ လူများတို့ကို တိုက်တွန်း နှိုးဆော် ကြ၏။

  22. လမ်း၌သွား၍သင်တို့၏ ဘုရားများကို ကြည့်ရှု သည်တွင်၊ ငါတို့ မသိသော ဘုရားသခင်အဘို့ဟူ၍ အက္ခရာတင်သောယဇ်ပလ္လင်တခုကို တွေ့ပါ၏။ သင်တို့ သည် မသိဘဲလျက် ကိုးကွယ်သော ဘုရားသခင်၏ အကြောင်းကို ငါဟောပြော၏။

  23. လောကဓာတ်မှစ၍ လောကဓာတ်၌ ရှိလေသမျှ သောအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင် သည်၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသော အရှင်ဖြစ်၍၊ လူတို့လက်ဖြင့် လုပ်သော ဗိမာန်၌ ကျိန်းဝပ်တော်မူသည်မဟုတ်။

  24. ထိုသို့ငါတို့သည် ဘုရားသခင်၏ အမျိုးအနွယ်ဖြစ်လျက်နှင့် လူတို့အတတ်အကြံအစည်အားဖြင့် ထုလုပ် သောရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက်ရုပ်တုနှင့် ဘုရားသခင်တူတော်မူသည်ဟု မထင်မမှတ်အပ်။

  25. ဘုရားသခင်သည် မိုက်မဲသော အချိန်ကာလတို့ကို အမှုမထား ဘူးသော်လည်း၊ ယခုမှာ ကိုယ်အပြစ်ကို မြင်၍ နောင်တရကြလော့ဟု ခပ်သိမ်းသော အရပ်တို့၌ ရှိသော လူအပေါင်းတို့အား ပညတ်တော်မူ၏။