အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဣသရေလလူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ သင်တို့ သိကြသည့်အတိုင်း နာဇရက်မြို့သား ယေရှုသည် ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို သင်တို့တွင်ပြုရသောအခွင့်နှင့် ဘုရားသခင်ပေးတော်မူသောသက်သေကို ရသောသူဖြစ်၍၊

  2. ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်အားဖြင့်၎င်း၊ အနာဂတံသ ဉာဏ်တော်အားဖြင့်၎င်း၊ အပ်နှံခြင်းကိုခံသော ထိုယေရှုကို သင်တို့သည် ဘမ်းဆီး၍ မတရားသော သူတို့လက်ဖြင့် လက်ဝါးကပ်တိုင်၌ ရိုက်၍ ကွပ်မျက်ကြပြီ။

  3. ထိုသူကို သေခြင်းဝေဒနာသည် အစဉ်ချည်နှောင်ချုပ်ကိုင်၍မဖြစ်နိုင်သည်နှင့်၊ ထိုဝေဒနာကို ဘုရားသခင်သည် ချွတ်ပယ်၍ထမြောက်စေတော်မူပြီ။

  4. အကြောင်းမူကား၊ ကိုယ်တော်သည်အကျွန်ုပ်၏ဝိညာဉ်ကို မရဏနိုင်ငံ၌ပစ်ထားတော်မမူ။ ကိုယ်တော် ၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကိုရှိစေတော် မမူဘဲလျက်၊ အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူ လိမ့်မည်။

  5. မျက်နှာတော်ကို ဖူးမြင်ရသောအားဖြင့် ဝမ်းမြောက်သောစိတ်နှင့် အကျွန်ုပ်ကိုပြည့်စုံစေတော်မူ လိမ့် မည်ဟုဒါဝိဒ်ဆိုသတည်း။

  6. ထိုသူသည် မိမိအမျိုးအနွယ်ထဲက လူဇာတိအားဖြင့် ခရစ်တော်ကို ဘုရားသခင်ထမြောက်စေ၍ မိမိ ပလ္လင်ပေါ်မှာတင်တော်မူမည်အကြောင်း ဓိဋ္ဌာန် ကျိန်ဆိုတော်မူသည်ကို ပရောဖက် ဉာဏ်အားဖြင့်သိ၍၊

  7. ထိုယေရှုကို ဘုရားသခင် ထမြောက်စေတော်မူသည်ကို ငါတို့ရှိသမျှသည် သက်သေခံဖြစ်ကြ၏။

  8. ထိုသို့ဘုရားသခင်သည် လက်ျာလက်တော်နှင့် ချီးမြှောက်တော်မူသဖြင့်၊ ထိုသခင်သည် ဂတိတော်နှင့် ယှဉ်သောသန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံ၌ ခံပြီဖြစ်၍ သင်တို့သိမြင်ကြားရသောအရာကို ညွန်း လောင်းတော်မူ၏။

  9. ဒါဝိဒ်သည် ကောင်းကင်သို့မတက်သေး၊

  10. သို့ရာတွင် ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ထိုင်နေလော့ဟု ငါ့သခင်အားမိန့်တော်မူသည်ဟု ဒါဝိဒ် စကားရှိ၏။

  11. ထို့ကြောင့် သင်တို့သည်လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သောယေရှုကိုဘုရားသခင်သည် ခရစ်တော်၌ ၎င်း၊ အစိုးရသောအရှင်အရာ၌၎င်း ခန့်ထားတော်မူသည်အကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့ အတပ်အမှန် သိမှတ်ကြလော့ဟု ပေတရုဟောလေ၏။

  12. အကြောင်းမူကား၊ ဂတိတော်သည် သင်တို့နှင့်၎င်း၊ သင်တို့၏သားသမီးတို့နှင့်၎င်း၊ ဝေးသော သူတို့တွင် ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်တော်မူသမျှသောသူတို့နှင့်၎င်း ဆိုင်သည်ဟု ဟော၏။

  13. ဘုရားသခင်ကိုလည်းချီးမွမ်း၍ လူအပေါင်းတို့ရှေ့မှာ မျက်နှာပွင့်လန်းခြင်း အခွင့်ကိုရကြ၏။ ကယ်တင်ခြင်းသို့ ရောက်သောသူတို့ကိုလည်းနေ့စဉ်မပြတ် သခင်ဘုရားသည် သင်းဝင်စေတော်မူ၏။

  14. ရုတ်တရက်ထ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ၏။ သွားလျက်၊ ခုန်လျက်၊ ဘုရားသခင်ကို ချီးမွမ်းလျက်၊ တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ဝင်လေ၏။

  15. ထိုသို့လှမ်းသွား၍ ဘုရားသခင်အား ချီးမွမ်းသည်ကို လူအပေါင်းတို့သည် မြင်သောအခါ၊

  16. အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့၏ဘုရားသခင်၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် မိမိ သားတော်၏ ဘုန်းကိုထင်ရှားစေတော်မူပြီ။ ထိုသခင်ကို သင်တို့သည် ပိလတ်မင်းလက်သို့အပ်နှံ၍၊ ထိုမင်းသည် လွှတ်မည်အကြံရှိသော်လည်း သင်တို့သည် ထိုသခင်ကိုငြင်းပယ်ကြ၏။

  17. အသက်ရှင်ခြင်းသို့ ပို့ဆောင်တော်မူသောအရှင်ကို ကွပ်မျက်ကြပြီတကား၊ ထိုအရှင်ကို ဘုရားသခင် သည် သေခြင်းမှထမြောက်စေတော်မူသည်ကို ငါတို့သည် သက်သေခံဖြစ်ကြ၏။

  18. ခရစ်တော်သည် အသေခံရမည်ဟု ပရောဖက်အပေါင်းတို့သည် ဟောပြော၍၊ ဘုရားသခင်ဘော်ပြ တော်မူနှင့်သောအမှုကို ထိုသို့အားဖြင့် ပြီးစီးတော်မူပြီ။

  19. ကမ္ဘာဦးမှစ၍ သန့်ရှင်းသောပရောဖက်ဆရာတော်တို့နှုတ်ဖြင့် ဘုရားသခင်ဗျာဒိတ်ထားတော်မူသော ထိုကပ်ကာလ၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်တော်မူသော ကပ်ကာလမရောက်မှီတိုင်အောင် ကောင်း ကင်ဘုံသည် ထိုခရစ်တော်ကို ခံယူသိမ်းဆည်းရမည်။

  20. ငါတို့ဘိုးဘေးများတို့အားလည်း မောရှေက၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့ အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသော ပရောဖက်တပါးကို သင်တို့အဘို့ပေါ်ထွန်းတော်မူမည်။ ထိုပရောဖက် ဟောပြောသောအရာတို့ကို သင်တို့သည် နားထောင်ရကြမည်။

  21. သင်တို့သည် ပရောဖက်အမျိုးအနွယ်ဖြစ်ကြ၏။ ဘုရားသခင်သည် အာဗြဟံကို၊ သင်၏ အမျိုးအနွယ် အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူ၍၊ ငါတို့ ဘိုးဘေးများတို့အား ပေးတော်မူသော ပဋိညာဉ်တရားတော်နှင့် သင်တို့သည်ဆိုင်ကြ၏။

  22. သင်တို့တွင် မိမိဒုစရိုက်တို့ကို ကြဉ်ရှောင်ပယ်ရှားသောသူရှိမျှတို့အား ကောင်းကြီးမင်္ဂလာကို ပေးစေ ခြင်းငှါ ဘုရားသခင်မိမိသားတော် ယေရှုကို ထမြောက်စေတော်မူပြီးလျှင်၊ သင်တို့ရှိရာသို့ ရှေးဦးစွာစေလွှတ် တော်မူသည်ဟု လူများတို့အား ပေတရုဟောပြော၏။

  23. သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက်၍၊ ဘုရားသခင်သည် သေခြင်းမှထမြောက်စေတော်မူသော နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ဤသူသည် သင်တို့မျက်မှောက်၌ ကျန်းမာလျက် ရှိသည်ကို သင်တို့မှစ၍ ဣသရေလလူအပေါင်းတို့ သိမှတ်ကြလော့။

  24. ပေတရုနှင့် ယောဟန်တို့ကလည်း၊ ဘုရားသခင်၏ စကားတော် ကိုနားထောင်သည်ထက် သင်တို့၏ စကားကိုသာ၍နားထောင်သော်၊ ဘုရားသခင့်ရှေ့မှာ ကောင်းမည်မကောင်းမည်ကို ဆင်ခြင်၍ စီရင်ကြ လော့။

  25. ထိုအခါတမန်တော်တို့၌ အပြစ်ဒဏ်ပေးသင့် သော အကြောင်းကို မတွေ့သဖြင့် တဖန် ခြိမ်းချောက် ပြီးလျှင်လွှတ်ကြ၏။