အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သို့ဖြစ်၍ သင်သည်ဤလူမျိုးအဘို့ ပဌနာမပြု နှင့်။ သူတို့အဘို့ အော်ဟစ်ခြင်း၊ ဆုတောင်းခြင်းကို မပြုနှင့်။ ဘေးရောက်သည်ကာလ၊ သူတို့ အော်ဟစ်သော စကားကို ငါနားမထောင်။

  2. ငါချစ်သောအစ်မသည် များစွာသော သူတို့နှင့် မတရားသဖြင့် ပေါင်းဘော်၍၊ ဆိုးညစ်စဉ်တွင်၊ ငါ့အိမ် နှင့်အဘယ်သို့ဆိုင်သနည်း။ သင်သည် သန့်ရှင်းသော အမဲသားကို မပူဇော်ရ။ ဒုစရိုက်ကို ပြုစဉ်တွင်ပင်၊ ဝမ်းမြောက်ပါသည်တကား၊

  3. စိမ်းလန်းလှပ၍ ကောင်းသော အသီးကို သီးသောသံလွင်ပင်ဟု၊ သင့်ကို ထာဝရဘုရား သမုတ် တော်မူ၏။ ကြီးသော အသံဗလံနှင့် ထိုအပင်ကို မီးရှို့ တော်မူ၍၊ အခက်အလက်တို့သည် ကျွမ်းလောင်ကြ၏။

  4. ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည် ဗာလ ဘုရားရှေ့မှာ နံ့သာပေါင်းကို မီးရှို့၍၊ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ မိမိတို့အဘို့ မကောင်းသောအမှုကို ပြုသောကြောင့်၊ သင့်ကိုစိုက်တော်မူသော ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ သင်၌အမှုရောက် မည် အကြောင်းမိန့်တော်မူပြီ။

  5. ထာဝရဘုရားသည် ငါ့အား ဗျာဒိတ်ပေးတော် မူသောကြောင့် ငါသိရ၏။ သူတို့ပြုသော အမှုများကို ကိုယ်တော်သည် ပြတော်မူပြီ။

  6. နှလုံးကျောက်ကပ်ကို စစ်ကြော၍၊ တရားသဖြင့် စီရင်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား၊ ကိုယ်တော်သည် ထိုသူတို့အား အပြစ်ပေးတော် မူကြောင်းကို အကျွန်ုပ်မြင်လိုပါ၏။ အကျွန်ုပ်အမှုကို ကိုယ်တော်အား ကြားလျှောက်ပါပြီ။

  7. ထာဝရဘုရားမိန့်တော်မူသည်ကား၊ အာနသုတ် မြို့သားတို့က၊ သင်သည် ငါတို့လက်ဖြင့် မသေရမည် အကြောင်း၊ ထာဝရဘုရား၏ နာမတော်အားဖြင့် ပရောဖက်မပြုနှင့်ဟုဆိုလျက်၊ သင်၏အသက်ကို ရှာကြ သောကြောင့်၊

  8. ငါသည်သူတို့ကို စစ်ကြောသဖြင့်၊ လူပျိုတို့သည် ထားဖြင့်သေကြလိမ့်မည်။ သားသမီးတို့သည် ငတ်မွတ်၍ သေကြလိမ့်မည်။

  9. တစုံတယောက်မျှ မကြွင်းရ။ ထိုသို့စစ်ကြောရာ ကာလတည်းဟူသော ဘေးဥပဒ်ကို အာနသုတ်မြို့သား တို့အပေါ်သို့ ငါသက်ရောက်စေမည်ဟု၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။

  10. အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်နှင့် တရားစကားကို ဆွေးနွှေးသောအခါ၊ ကိုယ်တော်သည် တရားတော်မူ၏။ သို့သော်လည်း၊ စစ်ကြောစီရင်တော်မူ ခြင်းအကြောင်းကို မေးလျှောက်ပါမည်။ မတရားသော သူတို့သည် အဘယ်ကြောင့် အကြံမြောက်ရကြပါ သနည်း။ အလွန်သစ္စာပျက်သော သူအပေါင်းတို့သည် အဘယ်ကြောင့် ချမ်းသာရကြပါသနည်း။

  11. ကိုယ်တော်သည် သူတို့ကို စိုက်တော်မူသဖြင့်၊ သူတို့သည် အမြစ်ကျ၍ ကြီးပွါးလျက် အသီးကို သီးကြ ပါ၏။ ကိုယ်တော်သည် သူတို့နှုတ်နှင့် နီး၍ နှလုံးနှင့် ဝေးတော်မူ၏။

  12. အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သိမြင်တော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်နှင့်သဘော တူကြောင်းကို စစ်ကြောတော်မူပြီ။ သိုးတို့ကို ထုတ်သကဲ့သို့၊ ထိုမတရားသော သူတို့ကို အသေသတ်ခြင်းငှါ ဆွဲထုတ် တော်မူပါ။ သတ်ရသောနေ့အဘို့ ပြင်ဆင်တော်မူပါ။

  13. ငါသည်ကိုယ်အိမ်ကိုစွန့်၍၊ ကိုယ်အမွေကို ပစ်ထားပြီ။ ငါအလွန်ချစ်သောအစ်မကို သူ၏ ရန်သူ လက်သို့အပ်နှံပြီ။

  14. ငါ့အမွေသည် တော၌ တွေ့သောခြင်္သေ့ကဲ့သို့ ငါ့အားဖြစ်၍၊ ငါ့ကို ဟောက်သောကြောင့် ငါမုန်းလေ၏။

  15. ငါ့အမွေသည် ဇဘောသားရဲကဲ့သို့ ငါ့အား ဖြစ်၏။ ပတ်လည်၌ရှိသော သားရဲတို့သည် တိုက်ကြ၏။ လာကြ။ တောသားရဲအပေါင်းတို့၊ စည်းဝေးကြ။ ကိုက်စား ခြင်းငှါ လာကြစေ။

  16. များစွာသော သိုးထိန်းတို့သည် ငါ့စပျစ်ဥယျာဉ် ကို ဖျက်ဆီးကြပြီ။ ငါရထိုက်သောအဘို့ကို ကျော်နင်း ကြပြီ။ ငါရထိုက်သောနှစ်သက်ရာအဘို့ကို လူဆိတ်ညံရာ တောဖြစ်စေကြပြီ။

  17. သုတ်သင်ပယ်ရှင်းသောကြောင့်၊ လူဆိတ်ညံ လျက်ရှိ၍၊ ငါ့အား ညဉ်းတွားလေ၏။ တပြည်လုံးပျက်စီး သော်လည်း၊ အဘယ်သူမျှပမာဏ မပြုတတ်။

  18. တော၌ မြင့်သော အရပ်အလုံးစုံတို့အပေါ်မှာ လုယက်သော သူတို့သည် တက်ကြပြီ။ အကယ်စင်စစ် ပြည်စွန်းတဘက်မှ တဘက်တိုင်အောင် ထာဝရဘုရား၏ ထားတော်သည် ဖျက်ဆီးသဖြင့်၊ အဘယ်သူမျှ ချမ်းသာ မရ။

  19. သူတို့သည် ဂျုံစပါးမျိုးစေ့ကို ကြဲ၍ ဆူးပင်ကိုသာ ရိတ်ရကြ၏။ ပင်ပန်းစွာ ကြိုးစားသော်လည်း ကျေးဇူး မရှိကြ။ ထာဝရဘုရား၏ အမျက်တော်အရှိန်ကြောင့်၊ မိမိတို့ ခံရသောအကျိုးကို ထောက်၍ ရှက်ကြလိမ့်မည်။

  20. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါပေး သနား၍၊ ငါ၏လူ ဣသရေလအမျိုးပိုင်ထိုက်သော အမွေ ကို ထိခိုက်သော၊ ငါ၏အိမ်နီးချင်းဆိုးအပေါင်းတို့ကို၊ သူတို့ ပြည်ထဲက ငါနှုတ်မည်။ သူတို့အထဲကလည်း ယုဒအမျိုးကို ငါနှုတ်မည်။

  21. နှုတ်ပြီးမှတဖန် ငါသနား၍၊ အသီးအသီးတို့ကို မိမိတို့ပိုင်ထိုက်သော မြေ၊ မိမိတို့နေရင်းပြည်သို့ ငါပြန် ပို့မည်။

  22. ဗာလဘုရားကိုတိုင်တည်၍ ကျိန်ဆိုစေခြင်းငှါ၊ သူတို့သည် ငါ၏လူမျိုးကို သွန်သင်ဘူးသည်နည်းတူ၊ ထာဝရဘုရား အသက်ရှင်တော်မူသည်ဟု၊ ငါ၏နာမကို တိုင်တည်၍ ကျိန်ဆိုခြင်းငှါ၊ ငါ့လူမျိုး၏ ဘာသာဓလေ့ကို ကြိုးစား၍ သင်လျှင်၊ ငါ၏လူမျိုးအထဲ၌ သူတို့ကို ငါတည် စေမည်။

  23. သို့မဟုတ်၊ နားမထောင်ဘဲနေလျှင်၊ နား မထောင်သော လူမျိုးကို ငါသည် ရှင်းရှင်းနှုတ်ပယ် ဖျက် ဆီးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

  24. တဖန် ထာဝရဘုရားက၊ သင်သည် ချည်ခါးပန်း ကို သွား၍ယူပြီးလျှင် ခါး၌စည်းလော့။ ရေနှင့်မလျှော်ရ ဟု ငါ့အားမိန့်တော်မူသော စကားတော်အတိုင်း၊

  25. ငါသည် ခါးပန်းကိုယူ၍ ခါး၌စည်းလေ၏။