အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မိမိသားတို့ကို ဟိန္နုံသားချိုင့်၌ မီးဖြင့်ပူဇော်၏။ ကာလဗေဒင်ကို ကြည့်တတ်၏။ ပြုစားသောအတတ်၊ နတ်ဝိဇ္ဇာအတတ်ကို သုံးဆောင်၍၊ စုန်းနှင့်နတ်ဝင် တို့ကိုလည်း အခွင့်ပေး၏။ ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ ရှေ့တော်၌များစွာသော ဒုစရိုက်ကို ပြု၏။

  2. ဤဗိမာန်၌၎င်း၊ ဣသရေလခရိုင်များတို့တွင် ငါရွေးကောက်သော ယေရုရှလင်မြို့၌၎င်း၊ ငါ့နာမကို အစဉ်အမြဲ ငါတည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ်နှင့်သားတော် ရှောလမုန်အား မိန့်တော်မူရာ၌၊ ရည်ဆောင်သောဗိမာန်တော်ထဲမှာ၊ မိမိပြုစုသော ရုပ်တု နှင့် တူအောင်လုပ်သော ရုပ်တုတခုကိုတင်ထား၏။

  3. ငါမှာထားသမျှအတိုင်း၊ မောရှအားဖြင့် စီရင် ထုံးဖွဲ့သမျှသော တရာအတိုင်း၊ ဣသရေလအမျိုးသားတို့ သည် ကျင့်ခြင်းငှါ စောင့်ရှောက်လျှင်၊ သူတို့ ဘိုးဘေးတို့ အား ငါပေးသောပြည်မှ၊ သူတို့ကို နောက်တဖန် ငါမရွေ့ မပြောင်းစေဟု မိန့်တော်မူသော်လည်း၊

  4. မနာရှေသည် ယုဒပြည်သူ ယေရုရှလင်မြို့သား တို့ကို လမ်းလွဲစေ၏။ ဣသရေလအမျိုးသားတို့ရှေ့မှ၊ ထာဝရဘုရားဖျက်ဆီးတော်မူသော လူမျိုးတို့ပြုသည် ထက်၊ သာ၍ဆိုးသောအမှုကိုပြုစေ၏။

  5. ထာဝရဘုရားသည် မနာရှေနှင့်သူ၏ လူတို့အား မိန့်တော်မူသော် လည်း၊ သူတို့သည် နားမထောင်ဘဲ နေသောကြောင့်၊

  6. အာရှုရိရှင်ဘုရင်၏ ဗိုလ်မင်းများကို စစ်ချီ စေတော်မူသဖြင့်၊ သူတို့သည် မနာရှေကို ဆူးတော်၌ ဘမ်းမိ၍၊ သံကြိုးနှင့်ချည်နှောင်ပြီးမှ၊ ဗာဗုလုန်မြို့သို့ ဆောင်သွားကြ၏။

  7. ထိုသို့မနာရှေသည် ဆင်းရဲဒုက္ခကို ခံရသော အခါ၊ မိမိဘုရားသခင် ထာဝရဘုရားကို တောင်းပန်၍၊ ဘိုးဘေးတို့၏ ဘုရားသခင့်ရှေ့မှာ ကိုယ်ကို အလွန် နှိမ့်ချလျက်၊

  8. ဆုတောင်းပဌနာ ပြုသောစကားကို ဘုရား သခင် နားထောင်နာယူ၍၊ မနာရှေအုပ်စိုးရင်းပြည်၊ ယေရုရှလင်မြို့သို့ တဖန်ပို့ဆောင်တော်မူ၏။ ထိုအခါ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို မနာရှေ သိရ၏။

  9. တပါးအမျိုးတို့၏ ဘုရားများနှင့် အရင်လုပ် သောရုပ်တုကို၊ ဗိမာန်တော်ထဲက ထုတ်၍၊ ဗိမာန်တော် တောင်ပေါ်၊ ယေရုရှလင်မြို့ထဲမှာ အရင်တည်သော ယဇ်ပလ္လင်တို့ကိုလည်း မြို့ပြင်သို့ ထုတ်ပစ်လေ၏။

  10. ထာဝရဘုရား၏ ယဇ်ပလ္လင်ကိုပြုပြင်၍၊ မိဿ ဟာယယဇ်နှင့် ကျေးဇူးတော်ဝန်ခံရာ ယဇ်တို့ကိုပူဇော်၏။ ယုဒပြည်သားတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုမည်အကြောင်း မှာထား၏။

  11. သို့ရာတွင် ပြည်သားတို့သည် မြင့်သောအရပ် ပေါ်မှာ ယဇ်ပူဇော်လျက်ပင်၊ မိမိတို့ဘုရားသခင် ထာဝရ ဘုရားကိုသာ ကိုးကွယ်ကြ၏။

  12. မနာရှေပြုမူသောအမှုအရာ ကြွင်းလေသမျှတို့ နှင့် မိမိဘုရားသခင်ကို ဆုတောင်းခြင်းအရာ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အခွင့်နှင့်သူ့အား ပရောဖက်တို့ ဟောပြောသောစကားသည်၊ ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။

  13. သူဆုတောင်းခြင်း၊ ဘုရားသခင်နားထောင်တော်မူခြင်း၊ အမှုမရောက်မှီ ပြစ်မှားလွန်ကျူးခြင်း၊ မြင့်သောအရပ် တို့ကို တည်ခြင်း၊ အာရှရပင်နှင့် ရုပ်တုဆင်းတုတို့ကို တည်ထောင်ခြင်းအရာတို့သည်၊ ဟောဇဲ၏ ကျမ်းစကားတွင် ရေးထားလျက်ရှိ၏။

  14. ထိုမင်းသည် ခမည်းတော်မနာရှေပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ ခမည်းတော် လုပ်သော ရုပ်တုဆင်းတုရှိသမျှတို့အား ယဇ်ပူဇော်၍ ဝတ်ပြု၏။

  15. ခမည်းတော်သည် ထာဝရဘုရားရှေ့တော်၌ ကိုယ်ကိုနှိမ့်ချသကဲ့ သို့ မနှိမ့်ချဘဲအထူးသဖြင့် ပြစ်မှား၏။

  16. ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရား သောအမှုကိုပြု၍၊ လက်ျားဘက်လက်ဝဲဘက်သို့ မလွှဲ၊ အဘဒါဝိဒ်လိုက်သောလမ်းသို့ လိုက်လေ၏။

  17. အသက်တော်ငယ်စဉ်၊ နန်းစံရှစ်နှစ်တွင်၊ အဘ ဒါဝိဒ်၏ ဘုရားသခင်ကို ဆည်းကပ်စပြု၏။ တဆယ်နှစ် နှစ်တွင် ယုဒပြည်၊ ယေရုရှလင်မြို့၌ရှိသောကုန်း၊ အာရှရ ပင်၊ ထုသောရုပ်တု၊ သွန်းသောရုပ်တုတို့ကို သုတ်သင် ပယ်ရှင်းစပြု၏။

  18. နန်းစံဆယ်ရှစ်နှစ်တွင်၊ နိုင်ငံတော်နှင့် ဗိမာန် တော်ကို စင်ကြယ်စေပြီးမှ၊ မိမိဘုရားသခင် ထာဝရ ဘုရား၏ အိမ်တော်ကို ပြုပြင်လိုသောငှါ၊ အာဇလိ၏ သားရှာဖန်၊ မြို့ဝန်မာသေယ၊ ယောခတ်သားအတွင်းဝန် ယောအာတို့ကို စေလွှတ်တော်မူ၏။

  19. ထိုသူတို့သည် ယဇ်ပုရောဟိတ်မင်း ဟိလခိထံသို့ သွား၍၊ ဗိမာန်တော်သို့ လူများဆောင်ခဲ့သောငွေ၊ မနာရှေအမျိုးသား၊ ဧဖရိမ်အမျိုးသား၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားရှိသမျှ၊ ယုဒအမျိုးသား၊ ဗင်္ယာမိန် အမျိုးသား၊ ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့လက်မှ တံခါးစောင့် လေဝိသားတို့ခံသော ငွေကိုယူ၍၊

  20. ဗိမာန်တော်ကိုကြည့်ရှုပြုစုသော သူတို့၌ အပ်သဖြင့်၊ သူတို့သည် ဗိမာန်တော်ကို ပြုပြင်ခြင်းငှါ လုပ်ဆောင်သောသူ၊

  21. ဗိမာန်တော်သို့ ဆောင်ခဲ့သောငွေကို ထုတ်သောအခါ၊ ယဇ်ပုရောဟိတ်ဟိလခိသည် မောရှေ ရေးထားသော ထာဝရဘုရား၏ ပညတ္တိကျမ်းစာစောင် ကို တွေ့၍၊

  22. တွေ့ကြောင်းကို စာရေးတော်ရှာဖန်အား ပြောလျက် ထိုကျမ်းစာကို အပ်ပေး၏။

  23. ဗိမာန်တော်၌ တွေ့သောငွေကို မှုတ်၍၊ အုပ်ချုပ် သောသူနှင့် လုပ်ဆောင်သောသူတို့၌ အပ်ပါပြီဟူ၍၎င်း၊

  24. ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့အတွက် ဣသရေလပြည်နှင့်ယုဒပြည်၌ ကျန်ကြွင်းသေးသော သူတို့အတွက် ထာဝရဘုရား၌ မေးလျှောက်ကြပါ။ ဘိုးဘေးတို့သည် ထာဝရဘုရား၏ အမိန့်တော်ကို နား မထောင်၊ ဤကျမ်းစာ၌ရေးထားသမျှ အတိုင်းမကျင့်ဘဲ နေသောကြောင့်၊ ထာဝရဘုရားသည် ငါတို့၌ပြင်းစွာ အမျက်ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။

  25. မိန်းမကလည်း၊ ငါ့ထံသို့စေလွှတ်သောသူထံသို့ သင်တို့ပြန်၍ ဆင့်ဆိုရသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ဟူမူကား၊