Skip to content

Years အကြောင်း ကျမ်းစာအခန်းငယ်များ

27 အခန်းငယ် · 19 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တဖန်ဘုရားသခင်က၊ နေ့နှင့်ညဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင်မျက်နှာကြက်၌ အလင်းအိမ် တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက် အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ။

  2. အာဒံသည် အသက်တရာ့သုံးဆယ်ရှိသော်၊ မိမိ ပုံသဏ္ဍာန်နှင့်အညီ သဏ္ဍာန်တည်းသားကိုမြင်ရ၍ ရှေသ အမည်ဖြင့် မှည့်လေ၏။

  3. နောဧအသက်ခြောက်ရာစေ့သောနှစ်၊ ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့တွင်၊ ကြီးစွာသော နက်နဲရာ ရေပေါက်ရေတွင်းတို့၏ အဆီးအတားရှိသမျှကို ပယ်ရှင်း၍၊ မိုဃ်းကောင်းကင်ပြွန်ပများကို ဖွင့်သဖြင့်၊

  4. ရေသည်လည်း မြေကြီးပေါ်မှာ ရက်ပေါင်း တရာ့ငါးဆယ်ပတ်လုံး အားကြီးစွာ တည်လေ၏။

  5. ရေသည်လည်း မြေပေါ်မှာ အစဉ်အတိုင်း စီးသွား၍၊ အရက်တရာ့ငါးဆယ်စေ့သောအခါယုတ်လျော့ လေ၏။

  6. အနှစ်ခြောက်ရာတခု ပဌမလဆန်းတရက်နေ့တွင်၊ မြေကြီးပေါ်မှာ ရေခန်းခြောက်သည်ရှိသော်၊ နောဧသည် သင်္ဘောမိုးကို ပယ်ဖျက်၍ ကြည့်ရှုသောအခါ၊ မြေမျက်နှာသွေ့ခြောက်စရှိသည်ကို မြင်၏။

  7. မြေကြိးမကုန်မှီတိုင်အောင် မျိုးစေ့ကြဲရသော ကာလ၊ အသီးအနှံကို သိမ်းရသောကာလ၊ ချမ်းသော ကာလ၊ ပူသောကာလ၊ နွေကာလ၊ ဆောင်းကာလ မပြတ်ရဟု အမိန့်တော်ရှိ၏။

  8. ထိုနောက်အာဗြဟံသည် အသက်ကြီးရင့်၍၊ အိုမင်းခြင်း၊ နေ့ရက် ကာလပြည့်စုံခြင်းနှင့်တကွ၊ အသက်ပေါင်း တရာခုနစ်ဆယ်ငါးနှစ်ရှိသော်၊

  9. အသက်ချုပ်၍ အနိစ္စဖြစ်သဖြင့်၊ မိမိလူမျိုး စည်းဝေးရာသို့ရောက်လေ၏။

  10. ဤလသည် သင်တို့၌ လဦးတည်းဟူသော နှစ်စဉ်တွင် ပဌမလဖြစ်ရမည်။

  11. သတ္တမနှစ်သည်၊ ထာဝရဘုရားအဘို့ ဥပုသ်နှစ်၊ တပြည်လုံး ငြိမ်ဝပ်စွာနေ၍ ဥပုသ်စောင့်ရသော နှစ်ဖြစ်၏။ လယ်မလုပ်ရ၊ စပျစ်ဥယျာဉ်ကို မသုတ်သင်ရ၊

  12. ငါးဆယ်မြောက်သောနှစ်သည် ယုဘိလနှစ်ဖြစ်သောကြောင့် လယ်မလုပ်ရ။ အလိုလိုပေါက်သော အပင်ကိုမျှ မရိတ်ရ။ မသုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှ မဆွတ်ရ။

  13. ရှင်ဘုရင်အမှုတော်ကို စောင့်သောဣသရေလ အမျိုးသားတို့သည် အဆွေအမျိုးသူကြီး၊ လူတထောင် အုပ်၊ တရာအုပ်၊ အရာရှိတို့နှင့်တကွ၊ တနှစ်တွင်တဆယ် နှစ်လအစဉ်အတိုင်း တပ်ဖွဲ့၍၊ တလစီတလစီအလှည့် လှည့်စောင့်ရသော တပ်သားအမှုထမ်းနှစ်သောင်း လေးထောင်စီရှိကြ၏။

  14. ယုဒလူတို့သည် ကိုယ်တိုင်မှစ၍ သားမြေး၊ ဘာသာဝင်သူ အပေါင်းတို့နှင့်တကွ၊ မော်ဒကဲမှာစာ၌ စီရင်ထုံးဖွဲ့သည်အတိုင်း၊ ထိုနေ့ နှစ်ရက်ကိုနှစ်တိုင်း အစဉ်မပြတ်စောင့်မည်အကြောင်း၊

  15. ထိုသို့ဆိုသော် ငါသည် ကိုယ်မိုက်ကြောင်းကို ဝန်ခံရ၏။ ဤအမှုကား၊ အမြင့်ဆုံးသော ဘုရား၏ လက်ျာလက်တော်နှင့် ပြုပြင်တော်မူခြင်းပေတည်း။

  16. ထာဝရဘုရား ဒဏ်ပေးတော်မူရာနေ့၊ ဇိအုန်မြို့ ၏ အမှုကိုစောင့်၍ အပြစ်ပေးတော်မူရာ နှစ်ရောက်လေ ပြီ။

  17. ထာဝရဘုရား၏မင်္ဂလာနှစ်နှင့်၊ ငါတို့ဘုရား သခင် အပြစ်ပေးတော်မူရာ နေ့ရက်ကာလကို ကြားပြော စေခြင်းငှါ၎င်း၊ စိတ်မသာညည်းတွားသော သူတို့အား နှစ်သိမ့်စေခြင်းငှါ၎င်း၊

  18. အပြစ်ပေးသော နေ့ရက်ကို ငါအောက်မေ့ပြီ။ ငါရွေးနှုတ်သော သူတို့၏ နှစ်သည် ရောက်လာပြီ။

  19. တစုံတယောက်မျှ မကြွင်းရ။ ထိုသို့စစ်ကြောရာ ကာလတည်းဟူသော ဘေးဥပဒ်ကို အာနသုတ်မြို့သား တို့အပေါ်သို့ ငါသက်ရောက်စေမည်ဟု၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။

  20. ထိုကြောင့်၊ သူတို့သွားသောလမ်းသည် မှောင်မိုက်၌ ချောတတ်သော လမ်းကဲ့သို့ဖြစ်၍၊ သူတို့သည် တွန်းတိုးခြင်းကို ခံရ၍ လဲကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ဆုံးမခြင်းကို ခံရသော ကာလ၌ သူတို့အပေါ်မှာ ဘေးဥပဒ်ကို သင့်ရောက် စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  21. တသိတင်းတွင် လူအများတို့နှင့် ပဋိညာဉ် ဖွဲ့ခြင်းရှိ၍ ထိုသိတင်းတဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ ရွံ့ရှာဘွယ် သောအရာ၏ အထွဋ်ပေါ်သို့ ဖျက်ဆီးသော သူသည် ရောက်၍ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်း သည် ပျက်စီးအပ်သော သူတို့ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။

  22. နေ့ရက် အစဉ်ပြုသောဝတ်ကို ပယ်ရှင်း၍၊ ဖျက်ဆီးတတ်သော ရွံ့ရှာဘွယ် အရာသည် ပေါ်လာပြီးမှ၊ အရက်တထောင် နှစ်ရာကိုးဆယ် ကြာလိမ့်မည်။

  23. အရက်တထောင်သုံးရာသုံးဆယ်ငါးရက်တိုင် အောင် ငံ့လင့်၍ မှီသောသူသည် မင်္ဂလာရှိ၏။

  24. ဧလိရှဗက်သည် မြုံသောကြောင့် သူတို့သည်သားမရှိ။ ထိုသူနှစ်ယောက်တို့သည် အသက်အရွယ် ကြီးရင့်ကြ၏။

  25. အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသိတင်းကိုကြားပြောစေခြင်းငှါ ငါ့ကို ဘိသိတ် ပေးတော်မူပြီ။ ကြေမွသောသူတို့၏ အနာကိုပျောက်စေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက်ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်းကို ပြစေခြင်းငှါ၎င်း၊ ညှဉ်းဆဲ ခံရသောသူတို့ကို ကယ်မစေခြင်းငှါ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှါ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီဟု လာသတည်း။