Skip to content

Widow အကြောင်း ကျမ်းစာအခန်းငယ်များ

62 အခန်းငယ် · 5 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုကြောင့်မယားမရှိသော သူတို့နှင့် မုတ်ဆိုးမတို့ကို ငါဆိုသည်ကား၊ ထိုသူတို့သည် ငါကဲ့သို့နေလျှင် ကောင်း၏။

  2. သို့သော်လည်း၊ ကာမဂုဏ်ကို မချုပ်တည်းနိုင်လျှင် ထိမ်းမြားစုံဘက်ခြင်းကို ပြုကြစေ။ ကိလေသာ စိတ်ပူပန်ခြင်းရှိသည်ထက် ထိမ်းမြား စုံဘက်ခြင်း ပြုသော် သာ၍ကောင်း၏။

  3. မိန်းမသည် မိမိခင်ပွန်းမသေမှီ ကာလပတ်လုံး တရားအားဖြင့် ချည်နှောင်လျက်ရှိ၏။ ခင်ပွန်းသေလျှင် မူကား၊ မိမိအလိုအတိုင်း သခင်ဘုရား၌သာ အခြားသော သူ၏ မယားဖြစ်ခြင်းငှါ အခွင့်ရှိ၏။

  4. မုတ်ဆိုးမအမှန်ဖြစ်သော မိန်းမတို့ကို မစလုပ်ကျွေးလော့။

  5. သားမြေးရှိသော မုတ်ဆိုးမဖြစ်လျှင်၊ ထိုသားမြေးတို့သည် ရှေးဦးစွာ ဘုရားဝတ်ကို ရည်မှတ်လျက်၊ မိမိအိမ်ကို ပြုစု၍ မိဘဘိုးဘွား၌ ကျေးဇူးဆပ်ခြင်းငှါ သင်ကြစေ။ ထိုအမှုသည် ဘုရားသခင်နှစ်သက်တော်မူ သောအမှုဖြစ်၏။

  6. မုတ်ဆိုးမအမှန်ဖြစ်၍ တယောက်တည်းကျန်ရစ်သောမိန်းမသည်၊ ဘုရားသခင်ကို ကိုးစား၍ ဆုတောင်း ပဌာနပြုခြင်း၌ နေ့ညဉ့်မပြတ် တည်နေတတ်၏။

  7. ကာမဂုဏ်စည်းစိမ်၌ပျော်မွေ့သော မုတ်ဆိုးမမူကား၊ အသက်ရှိလျက်ပင် အသေဖြစ်၏။

  8. မုတ်ဆိုးမသည် အသက်ခြောက်ဆယ်မပြည့်လျှင်၊ စာရင်းအင်း မဝင်စေနှင့်။ လင်တယောက်တည်း ရှိဘူးသောသူ၊

  9. ကောင်းသောအကျင့်ကိုကျင့်၍ အသရေရှိသောသူ၊ သူငယ်တို့ကို ကျွေးမွေးခြင်း၊ ဧည့်သည်ဝတ်ပြုခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲသောသူတို့ကို လုပ်ကျွေးခြင်း၊ ကောင်းသောအမှုရှိသမျှတို့၌ ကြိုးစား အားထုတ်ခြင်းကို ပြုဘူးသောသူဖြစ်လျှင်၊ စာရင်းအင်း ဝင်စေ။

  10. အသက်အရွယ်နုပျိုသော မုတ်ဆိုးမတို့ကို ပယ်လော့။ အကြောင်းမူကား၊ ထိုသူတို့သည် ခရစ်တော်၏ ဆုံးမခြင်းကို သည်းမခံ။ အိမ်သင့်ခြင်း ငါအလိုရှိလျှင်၊

  11. အရင်သစ္စာကို ဖျက်သောကြောင့် အပြစ်သင့်ခြင်းသို့ ရောက်ကြလိမ့်မည်။

  12. ယုံကြည်သော ယောက်ျားမိန်းမ၌ မုတ်ဆိုးမရှိလျှင်၊ ကိုယ်တိုင်လုပ်ကျွေးစေ။ သို့ပြုလျှင်၊ အမှန်ဖြစ် သော မုတ်ဆိုးမတို့ကို အသင်းတော်သည် အနှောင့်အရှက်မရှိစေဘဲ လုပ်ကျွေးနိုင်လိမ့်မည်။