Skip to content

Vineyard အကြောင်း ကျမ်းစာအခန်းငယ်များ

56 အခန်းငယ် · 9 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အာရော်မြို့မှစ၍ မိန္နိတ်မြို့တိုင်အောင်၎င်း၊ အာဗေလခေရမိမ်မြို့တိုင်အောင်၎င်း၊ မြို့နှစ်ဆယ်တို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သူတို့ကို တိုက်သတ်လေ၏။ ထိုသို့ အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးသားတို့ ရှေ့မှာ ရှုံးရကြ၏။

  2. ခေလုပ်သားဧဇရိသည် လယ်ယာလုပ်သော သူတို့ကို အုပ်ရ၏။

  3. ရာမမြို့သားရှိမိသည် စပျစ်ဥယျာဉ်တော်ကို ၎င်း၊ ရှိဖမိမြို့သား ဇဗဒိသည်စပျစ်သီးနှင့် စပျစ်ရည် တိုက်တို့ကို၎င်း အုပ်ရ၏။

  4. ဂေဒရိလူ ဗာလဟာနန်သည် ချိုင့်တို့၌ရှိသော သံလွင်ပင်နှင့် သဖန်းပင်တို့ကို၎င်း၊ ယောရှသည် ဆီတိုက် တို့ကို၎င်း အုပ်ရ၏။

  5. ပျင်းရိသောသူ၏ လယ်ယာအနားနှင့်၊ ဉာဏ်မရှိ သောသူ၏ စပျစ်ဥယျာဉ်အနားမှာ ငါရှောက်သွားစဉ်၊

  6. ဆူးပင်များပြား၍၊ မြေတပြင်လုံး၌ ဆူးလေပင် အနှံ့အပြား လွှမ်းမိုးလျက်၊ ကျောက်ရိုးပြိုလျက်ရှိသည်ကို၊

  7. ကြီးကျယ်သောအလုပ်ကို စီရင်၍အိမ်တို့ကို ဆောက်၏။ စပျစ်ဥယျဉ်တို့ကိုလည်း စိုက်၏။

  8. သစ်ပင်မျိုးနှင့် ပြည့်စုံသောတောကို ရေလောင်း စရာဘို့ ရေကန်တို့ကိုလည်း လုပ်၏။

  9. ဗာလဟာမုန်ပြည်၌ ရှောလမုန်မင်း၏ စပျစ် ဥယျာဉ်တဆူရှိ၏။ ဥယျာဉ်စောင့်တို့၌ ငှါးသဖြင့် သူတို့ သည် အသီးကို စားရသည်အတွက် ငွေတထောင်စီ ဆက်ရကြ၏။

  10. ငါပိုင်သောစပျစ်ဥယျာဉ်သည် ငါ့ရှေ့မှာရှိ၍၏။ အိုရှောလမုန်၊ ငွေတထောင်ကို ကိုယ်တော်အားဆက်၍ အသီးသီးစောင့်သော သူတို့သည် နှစ်ရာကိုယူရကြ၏။

  11. ဇိအုန်သတို့သမီးသည်လည်း၊ စပျစ်ဥယျာဉ်ထဲ ၌ တဲကဲ့သို့၎င်း၊ သခွါးတောင်ယာ၌ လင့်စင်ကဲ့သို့၎င်း၊ ရန်သူဝိုင်းသောမြို့ကဲ့သို့၎င်း ကျန်ရစ်လေ၏။

  12. ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တော်ကို အကြောင်းပြု၍၊ မေတ္တာသီချင်းကို ရှေ့တော်၌ဆိုပေအံ့။ မြေကောင်းသော တောင်ပေါ်မှာ ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တော်တဆူရှိ၏။

  13. မြေကိုတူး၍ ကျောက်ခဲတို့ကို ရှင်းလင်းစေပြီးမှ၊ အကောင်းဆုံးသော စပျစ်နွယ်ပင်တို့ကို စိုက်ပျိုးတော် မူ၏။ ဥယျာဉ်ထဲမှာ မှီခိုရာတဲလင့်ကိုလည်း ဆောက်၍၊ စပျစ်သီးနယ် ရာကျင်းကိုလည်း တူးတော်မူ၏။ ထိုအခါ စပျစ်သီးကို သီးမည်ဟုမြော်လင့်သည်ရှိသော်၊ ဗောရှသီး ကို သီးပါသည်တကား။

  14. ယခုမှာ အိုယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့၊ ငါနှင့်ငါ့စပျစ်ဥယျာဉ်အမှုကို စီရင်ကြပါလော့။

  15. ငါ့စပျစ်ဥယျာဉ်၌ ငါ့ကျေးဇူးပြုနိုင်လျက်၊ မပြု သေးသော အရာတစုံတခုရှိသလော။ စပျစ်သီးကို သီးမည်ဟု မြော်လင့်သည်ရှိသော်။ ဗောရှသီးကို အဘယ် ကြောင့် သီးသနည်း။

  16. ယခုနားထောင်ကြ။ ငါ့စပျစ်ဥယျာဉ်၌ ငါပြု ရမည်အမှုကို သင်တို့အား ငါဘော်ပြမည်။ စောင်းရန်းကို ငါပယ်ရှင်းသဖြင့်။ သူတပါးတို့သည် စားကြလိမ့်မည်။ အုတ်ရိုကိုဖျိုသဖြင့်၊ သူတပါးတို့သည် ကျော်နင်းကြ လိမ့်မည်။

  17. ဥယျာဉ်ကို ငါရှင်းရှင်းဖျက်ဆီးမည်။ အဘယ်သူ မျှ မပြင်ဆင်ရ။ အဘယ်သူမျှ မတူးဆွရ။ ဆူးပင် အမျိုးမျိုးပေါက်ကြလိမ့်မည်။ ထိုဥယျာဉ်အပေါ်မှာလည်း မိုဃ်းမရွာစေခြင်းငှါ ငါပညတ်မည်။

  18. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ စပျစ်ဥယျာဉ်ကား၊ ဣသရေလအမျိုးတည်း။ နှစ်သက် တော်မူသော ပျိုးပင်ကား၊ ယုဒလူတည်း၊ တရားစီရင်ခြင်း ကို မြော်လင့်တော်မူခြင်းအရာ၌လည်း ငိုကြွေးခြင်းကို၎င်း တွေ့မြင်တော်မူ၏။

  19. ထိုအခါ စပျစ်နွယ်ပင်တထောင်ရှိ၍၊ ငွေ တထောင် အဘိုးထိုက်သော စပျစ်ဥယျာဉ်တိုင်း၊ ဆူးပင် မျိုးသက်သက် ဖြစ်ရလိမ့်မည်။

  20. ထိုကာလ၌ စပျစ်ဥယျာဉ်ကို အကြောင်းပြု၍၊ ဤသို့ သီချင်းဆိုကြလော့။

  21. ငါထာဝရဘုရားသည် ဥယျာဉ်စောင့်ဖြစ်၏။ မ ခြားမလပ်ရေလောင်းမည်။ အဘယ်သူမျှ မဖျက်စေခြင်း ငှါ၊ နေ့ညဉ့်မပြတ် စောင့်ရှောက်မည်။

  22. များစွာသော သိုးထိန်းတို့သည် ငါ့စပျစ်ဥယျာဉ် ကို ဖျက်ဆီးကြပြီ။ ငါရထိုက်သောအဘို့ကို ကျော်နင်း ကြပြီ။ ငါရထိုက်သောနှစ်သက်ရာအဘို့ကို လူဆိတ်ညံရာ တောဖြစ်စေကြပြီ။

  23. ဥပမာကား၊ ကောင်းကင်နိုင်ငံတော်သည် စပျစ်ဥယျာဉ်ကို လုပ်ဆောင်သောသူတို့ကို ငှါးခြင်းငှါ နံနက် စောစောထွက်သွားသော အိမ်ရှင်နှင့်တူ၏။

  24. ထိုသူသည် တနေ့လျှင် ဒေနာရိတပြားစီပေးမည်ဟူ၍ လုပ်ဆောင်သောသူတို့နှင့် ဝန်ခံပြီးမှ စပျစ် ဥယျာဉ်သို့ စေလွှတ်လေ၏။

  25. နံနက်တချက်တီးအချိန်၌ ထွက်ပြန်လျှင်၊ အခြားသောသူတို့သည် အလုပ်ကိုမလုပ်၊ ဈေး၌ရပ်နေသည် ကို မြင်၍၊