Trees အကြောင်း ကျမ်းစာအခန်းငယ်များ: Almond
Almond အကြောင်း အခန်းငယ်များ
အဘဣသရေလကလည်း၊ သို့ဖြစ်လျှင် ဤသို့ပြုကြ လော့။ ထိုသူအား ဆက်စရာဘို့ သင်တို့အိတ်ဝတို့တွင် ခါနာန်ပြည်၏ အသီးမျိုးအကောင်းဆုံးတည်းဟူသော ဗလစံစေး အနည်းငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကို ယူကြလော့။
ထိုကာလ၌ မြင့်သောအရာတို့ကို ကြောက်ကြ လိမ့်မည်။ လမ်း၌ဘေးတွေ့မည်ဟု ထင်ကြလိမ့်မည်။ ဗာတံပင်ပွင့်လိမ့်မည်။ ကျိုင်းကောင်သည် မိမိ၌မိမိ လေးလိမ့်မည်။ အလိုဆန္ဒလျော့လိမ့်မည်။ အကြောင်းမူ ကား၊ လူသည်ထာဝရနေရာသို့ သွားဆဲရှိ၍၊ ငိုခြင်းသည် တို့သည် လမ်းတို့၌ လှည့်လည်ကြ၏။
တဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍၊ ယေရမိ၊ သင်သည်အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင် ငါက၊ အကျွန်ုပ်သည် ဗာတံတိုင်းကို မြင်ပါ၏ဟု လျှောက်သော်၊