Trees အကြောင်း ကျမ်းစာအခန်းငယ်များ: Originally created by God
Originally created by God အကြောင်း အခန်းငယ်များ
တဖန် ဘုရားသခင်က၊ မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မြေပေါ် မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေဟု အမိန့်တော်ရှိသည် အတိုင်း ဖြစ်လေ၏။
မြေသည်မြက်ပင်ကို၎င်း စပါးသီးမျိုးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မိမိ၌ မျိုးစေ့ပါလျက် သစ်သီးမျိုး ကို ဖြစ်စေသော သစ်ပင်ကို၎င်း ပေါက်စေ၏။
ထိုမြေထဲက အဆင်းလှ၍၊ စားဘွယ်ကောင်းသော အပင်အမျိုးမျိုးကို ထာဝရအရှင်ဘုရားသခင် ပေါက်စေတော်မူ၏။ ထိုဥယျာဉ်အလယ်၌ အသက်ပင်လည်းရှိ၏။ ကောင်းမကောင်းကို သိကျွမ်းရာအပင် လည်းရှိ၏။