Trees အကြောင်း ကျမ်းစာအခန်းငယ်များ: For making idols
For making idols အကြောင်း အခန်းငယ်များ
အဘိုးထိုက်သော အလှူကို မလှူနိုင်သောသူ သည်၊ မဆွေးမြေ့တတ်သော သစ်သားကို ရွေးကောက်ပြီး မှ၊ မြဲမြံသော ရုပ်တုကို လုပ်စေခြင်းငှါ၊ လိမ္မာသော လက် သမားကို ရှာတတ်၏။
ကိုယ်အဘို့အလိုငှါ အာရဇ်ပင်တို့ကို ခုတ်၍ ကုပရုပင်၊ သပိတ်ပင်တို့ကို ရွေးယူသဖြင့်၊ တောပင်အမျိုး မျိုးတို့ကို ဆည်းဖူးတတ်၏။ အာရဇ်ပင်ကိုစိုက်၍ မိုဃ်း ရေလည်း မွေးတတ်၏။
ကျန်သောအပိုင်းကိုလည်း ယူ၍ ရုပ်တုတည်း ဟူသော ဘုရားကို လုပ်တတ်၏။ ထိုရုပ်တုရှေ့မှာ ပြပ်ဝပ် ၍ ကိုးကွယ်တတ်၏။ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားဖြစ်တော်မူ၏။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ ဟူ၍ ဆုတောင်းတတ်၏။