Skip to content

The River Nile အကြောင်း ကျမ်းစာအခန်းငယ်များ

25 အခန်းငယ် · 19 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ထိုနောက် နှစ်နှစ်လွန်သောအခါ၊ ဖါရောမင်း သည် အိပ်မက်ကို မြင်မက်သည်ကား၊ မိမိသည် မြစ်နား ၌ ရပ်နေ၏။

  2. ထိုနွားတို့နောက်မှ အဆင်းမလှ၊ ပိန်သော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍ အရင်နွားတို့ အနား၌ ကမ်းပေါ်မှာ ရပ်နေကြ၏။

  3. ဖာရောဘုရင်ကလည်း၊ ဣသရေလအမျိုးသားတို့တွင်၊ ဘွားမြင်သောသူငယ် ယောက်ျားအပေါင်းတို့ကို မြစ်ထဲသို့ချပစ်စေ။ မိန်းမကိုမူကား အသက်ရှင်စေဟု မိမိလူအပေါင်းတို့ကို မှာထားတော်မူ၏။

  4. နောက်တဖန် ဖွက်၍မထားနိုင်သောအခါ၊ ဂမာကိုင်းပင်ဖြင့် ရက်သောပုခက်ကိုယူ၍ ရေညှိနှင့်သစ်စေး ဖြင့် လူးပြီးလျှင်၊ ပုခက်ထဲတွင် သူငယ်ကိုထည့်၍ မြစ်ကမ်းနားကိုင်းတော၌ ထားလေ၏။

  5. ဖာရောဘုရင်၏သမီးတော်သည် ရေချိုးခြင်းငှါ ဆင်းလာ၍၊ ကျွန်မတို့နှင့် မြစ်ကမ်းနား၌ လှည့်လည်စဉ်၊ ကိုင်းတော၌ ပုခက်ကိုမြင်၍ ဆောင်ယူစေခြင်းငှါ ကျွန်မ တယောက်ကို စေလွှတ်လေ၏။

  6. နံနက်အချိန်၌ ဖါရောဘုရင်ထံသို့ သွားလော့။ သူသည် ရေဆိပ်သို့ သွားလိမ့်မည်။ သူမရောက်မှီ သင် သည် မြစ်ကမ်းနားမှာ ရပ်နေလော့။ မြွေဖြစ်သော လှံတံကိုလည်း လက်တွင်ကိုင်လော့။

  7. မောရှေနှင့် အာရုန်သည် ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ပြု၍၊ အာရုန်သည် ဖါရောဘုရင် ရှေ့၊ သူ၏ကျွန်များရှေ့မှာ လှံတံကိုချီ၍ မြစ်ရေကို ရိုက်သဖြင့်၊ မြစ်ရေရှိသမျှသည် အသွေးဖြစ်လေ၏။

  8. မြစ်၌ရှိသော ငါးတို့သည်လည်း သေကြ၍၊ မြစ်ရေနံသောကြောင့်၊ အဲဂုတ္တုလူတို့သည် မြစ်ရေကို မသောက်နိုင်ကြ။ အဲဂုတ္တုပြည်တရှောက်လုံး၌ အသွေးနှံ့ပြားလျက် ရှိလေ၏။

  9. ထိုအခါ အဲဂုတ္တုလူတို့သည် မြစ်ရေကို မသောက်နိုင်သောကြောင့်၊ သောက်ရေကိုရခြင်းငှါ မြစ်နားမှာ တွင်းတူးကြ၏။

  10. မြစ်သည်လည်းများစွာသော ဘားတို့ကိုဘွား၍၊ သူတို့သည် သင်၏အိမ်၌၎င်း၊ အိပ်ခန်း၌၎င်း၊ အိပ်ရာ ပေါ်၌၎င်း၊ သင်၏ကျွန်တို့ အိမ်၌၎င်း၊ သင်၏လူတို့အပေါ်၌၎င်း၊ သင်၏မီးဖို၌၎င်း၊ မုန့်နယ်သော ခွက်၌၎င်း တက်ကြလိမ့်မည်။

  11. အဲဂုတ္တုပြည်အရှေ့၊ ရှိဟောရမြစ်မှစ၍ မြောက် မျက်နှာ၌ ဧကြုန်မြို့နယ်တိုင်အောင်၊ ခါနနိလူနေသော ပြည်၊ ဖိလိတ္တိမင်းငါးပါးတည်းဟူသော ဂါဇသိလူ၊ အာဇော တိလူ၊ ဧရှကလောနိလူ၊ ဂိတ္တိလူ၊ ဧကြောနိလူနှင့်တကွ၊ အာဝိလူနေသောပြည်၊

  12. ထာဝရဘုရားသည်လည်း၊ အဲဂုတ္တုပင်လယ်၏ လျှာကိုဖျောက်ဖျက်တော်မူမည်။ ပြင်းစွာသောလေတော် နှင့် တကွလက်တော်ကိုမြစ် ပေါ်မှာလှုပ်၍၊ ချောင်းခုနစ် သွယ်ဖြစ်စေခြင်းငှါ ရိုက်ခတ်တော်မူသဖြင့်၊ လူတို့သည် ခြေနင်းစီးလျက် ကျော်သွားကြလိမ့်မည်။

  13. ထိုအခါပင် လယ်ရေပြတ် လိမ့်မည်။ မြစ်ရေ လည်းလျော့၍ ခန်းခြောက် လိမ့်မည်။

  14. ချောင်းရေများလည်း ပုပ်ကြလိမ့်မည်။ အဲဂုတ္တုမြစ်လက်ကြားတို့လည်း ရေပြတ်၍ ခန်းခြောက်သဖြင့်၊ ကျူပင်နှင့် ကိုင်းပင်တို့သည် ညှိုးနွမ်းကြလိမ့်မည်။

  15. မြစ်လက်ကြားနားနှင့် ချောင်းဝနားမှာ ပေါက် သော မြက်ပင်အစရှိသော၊ မြစ်နားမှာ စိုက်သမျှတို့သည် ညှိုးနွမ်းပျက်စီးပပျောက်ကြလိမ့်မည်။

  16. တံငါတို့သည် ညည်းတွားကြလိမ့်မည်။ မြစ်၌ ငါးမျှားကို ချသမျှသောသူတို့သည် မြည်တမ်း၍ ရေပေါ် မှာ ပိုက်ကွန်ကို ဖြန့်တတ်သော သူတို့သည် စိတ်ပျက် ကြလိမ့်မည်။

  17. များသောရေကို အမှီပြုသော ရှိဟောရ မျိုးစေ့၊ မြစ်၏ အသီးအနှံကို ထိုမြို့သည် အခွန်ရ၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၏ ဈေးဖြစ်လေပြီ။

  18. အိုဣသရေလ အမျိုးသားတို့၊ ထိုကာလ၌လည်း၊ ထာဝရဘုရားသည် မြစ်ကြီးမှစ၍၊ အဲဂုတ္တုမြစ်တိုင်အောင် သစ်သီးများကို သိမ်းယူတော်မူသဖြင့်၊ သင်တို့သည် တ ယောက်နောက် တယောက်၊ ကောက်သိမ်းခြင်း ကျေးဇူး တော်ကို ခံရကြလိမ့်မည်။

  19. ယခုမှာ သင်သည် ရှိဟောရမြစ်ရေကို သောက် အံ့သောငှါ၊ အဲဂုတ္တုလမ်းသို့ အဘယ်ကြောင့် လိုက် သနည်း။ ဥဖရတ်မြစ်ရေကို သောက်အံ့သောငှါ၊ အာရှုရိ လမ်းသို့ အဘယ်ကြောင့် လိုက်သနည်း။

  20. အဲဂုတ္တုပြည်သည် နိလမြစ်ထသကဲ့သို့၎င်း၊ မြစ်ရေစီးသကဲ့သို့၎င်း တက်လာလျက်၊ ငါသည် ထ၍ မြေကြီးကို လွှမ်းမိုးမည်။ မြို့နှင့်တကွမြို့ သားတို့ကို ဖျက်ဆီးမည်ဟု ပြောဆို၏။

  21. အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆို ရမည်မှာ၊ အိုအဲဂုတ္တုရှင်ဘုရင် ဖာရောမင်း၊ ကိုယ်မြစ်များ အလယ်၌နေလျက်၊ ငါ့မြစ်ကို ငါပိုင်၏။ ငါ့အဘို့ ငါ ဖန်ဆင်းပြီဟု ဆိုတတ်သောမိကျောင်းကြီး၊ သင့်တဘက် ၌ ငါနေ၏။

  22. သင့်ပါးရိုးကို သံချိတ်နှင့်ချိတ်၍၊ သင့်မြတ်၌နေ သော ငါတို့ကို သင့်အကြေးတို့၌ ငါကပ်စေမည်။ သင့်မြစ် များ အလယ်ထဲကသင့်ကို ငါနှုတ်၍ မြစ်ရှိသမျှသော ငါးတို့သည် သင့်အကြေးတို့၌ ကပ်ကြလိမ့်မည်။

  23. အဲဂုတ္တုပြည်သည် လူဆိတ်ညံလျက်၊ ပျက်စီး လျက်ရှိသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရလိမ်မည်။ သင်က၊ ငါ့မြစ်ကိုငါ ပိုင်၏။ ငါဖန်ဆင်းပြီ ဟု ဆိုမိသောကြောင့်၊

  24. ထိုအပြစ်ကြောင့် မြေတုန်လှုပ်လိမ့်မည် မဟုတ်လော။ မြေသားအပေါင်းတို့သည် ညည်းတွားကြလိမ့်မည် မဟုတ်လော။ မြစ်ကဲ့သို့ တပြည်လုံး ထပြီးလျှင်၊ တဖန် အဲဂုတ္တုမြစ်၌ မြုပ်သကဲ့သို့ ပါသွား၍ မြုပ်လိမ့်မည်မဟုတ် လော။

  25. ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင် ထာဝရဘုရားသည် မြေကိုထိတော်မူလျှင်၊ မြေသည် အရည်ဖြစ်၍ မြေသားအပေါင်းတို့သည် ညည်းတွားကြလိမ့်မည်။ မြစ်ကဲ့သို့ တပြည်လုံးထပြီးလျှင်၊ တဖန် အဲဂုတ္တုမြစ်၌ မြုပ်သကဲ့သို့ မြုပ်လိမ့်မည်။