အကြောင်းအရာသို့ ကျော်သွားရန်

The Punishment of the Wicked အကြောင်း ကျမ်းစာအခန်းငယ်များ

157 အခန်းငယ် · 57 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုသူတို့သည် ရေမရှိသော ရေတွင်းကဲ့သို့၎င်း၊ လေတိုက်၍ လွင့်သောမိုဃ်းတိမ်ကဲ့သို့၎င်း ဖြစ်ကြ၏။ သူတို့အဘို့ တခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားချက်ရှိ၏။

  2. ထိုနည်းတူ၊ သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ ပတ်ဝန်းကျင်၌ ရှိသော မြို့တို့သည်၊ အထက်က ဆိုခဲ့ပြီး သော လူဆိုးကဲ့သို့ မတရားသော မေထုန်ကိုအလွန်ပြု၍ ကိုယ်ခင်ပွန်းမဟုတ်သော သူတို့နှင့်မှားယွင်းခြင်းအမှု၌ ကျင်လည်သောကြောင့်၊ ထာဝရမီးနှင့်ကျွမ်းလောင်ခြင်း ဒဏ်ကိုခံရ၍ ပုံသက်သေထင်ရှားလျက်ရှိကြ၏။

  3. မိမိရှက်ခြင်းအကြောင်းကို ပွက်စေတတ်သော လှိုင်းတံပိုးရိုင်းကဲ့သို့၎င်း၊ ကြယ်ပျံကဲ့သို့၎င်းဖြစ်ကြ၏။ ထို ကြယ်ပျံတို့အဘို့တခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားလျက်ရှိ၏။

  4. ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။ အောင်မြင်သော သူကို ဒုတိယသေခြင်းသည် မညှဉ်းဆဲရ။

  5. ထိုသူသည်ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော အမျက်တော်စပျစ်ရည်စစ်ကို သောက်ရ လိမ့်မည်။ သန့်ရှင်းသောကောင်းကင်တမန်တို့ရှေ့၊ သိုးသငယ်ရှေ့တွင်၊ ကန့်နှင့်ရောသောမီးထဲမှာ ပြင်းစွာ သော ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။

  6. ထိုညှဉ်းဆဲခြင်း၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်လျက်ရှိ၏။ သားရဲနှင့် သူ၏ရုပ်တုကို ကိုးကွယ် ၍၊ သူ၏နာမတံဆိပ်လက်မှတ်ကို ခံသောသူတို့သည် နေ့ညဉ့်မပြတ် သက်သာ မရကြဟု၊ လိုက်၍ကြီးသော အသံနှင့် ပြောဆို၏။

  7. ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံ့ရှာ ဘွယ်သောသူ၊ လူအသက်ကို သတ်သော သူ၊ မတရားသော မေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ် သောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သစ္စာပျက်သောသူ အပေါင်းတို့မူကား၊ ဒုတိယသေခြင်းတည်းဟူသော ကန့် နှင့်လောင်သော မီးအိုင်ထဲ၌ မိမိတို့အဘို့ကို ရကြလိမ့်မည် ဟူ၍၎င်း ငါ့အား မိန့်တော်မူ၏။