အကြောင်းအရာသို့ ကျော်သွားရန်

The Punishment of the Wicked အကြောင်း ကျမ်းစာအခန်းငယ်များ

157 အခန်းငယ် · 57 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုသူတို့သည် ထာဝရအပြစ်ဒဏ်ခံရာသို့၎င်း၊ ဖြောင့်မတ်သောသူတို့မူကား၊ ထာဝရအသက်ရှင်ရာ သို့၎င်း သွားရကြလတံ့ဟု မိန့်တော်မူ၏။

  2. သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူသည် အပြစ်လွတ်စေခြင်းအခွင့်ကို အဘယ်ကာလ၌မျှ မရ နိုင်ကြ။ ထာဝရအပြစ်ဒဏ်ကို ခံရသောသူဖြစ်ပေ၏ဟု မိန့်တော်မူ၏။

  3. ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲအတွင်းမငြိမ်းနိုင်သော မီးထဲသို့လက်နှစ်ဘက်စုံနှင့် ဝင်ရသည်ထက်၊ လက် ချို့တဲ့၍ အသက်ရှင်ခြင်းသို့ဝင်စားသော် သာ၍ကောင်း၏။

  4. ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့။

  5. အိုခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အိုဇက်ဇဲဒမြို့၊ သင်သည်အမင်္ဂလာရှိ၏။ အကြောင်း မူကား၊ သင်တို့တွင် ပြေသောတန်ခိုးကို တုရုမြို့နှင့် ဇိဒုန်မြို့တို့တွင် ပြဘူးလျှင်၊ ထိုမြို့တို့သည် ရှေးကာလ၌ လျှော်တေအဝတ်ကိုဝတ်၍၊ ပြာထဲမှထိုင်လျက် နောင်တရကြလိမ့်မည်။

  6. တရားဆုံးဖြတ်တော်မူသောအခါ သင်တို့သည် တုရုမြို့နှင့် ဇိဒုန်မြို့ထက်သာ၍ ခံရကြလတံ့။

  7. အိုကပေရနောင်မြို့၊ သင်သည် မိုဃ်းကောင်းကင်တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း၊ မရဏနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကို ခံရလတံ့။

  8. အဘယ်သူကို ကြောက်ရမည်နည်းဟူမူကား၊ ကိုယ်ခန္ဓာကိုသတ်ပြီးမှ ငရဲထဲသို့ ချနိုင်သောသူကို ကြောက်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ထိုသူကို ကြောက်ကြလော့။

  9. ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ညဉ့်ပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာ အချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသော ဥစ္စာကို အဘယ်သူပိုင်မည်နည်းဟု သူဌေး အား မိန့်တော်မူ၏။

  10. အကြင်ကျွန်သည် မိမိသခင်၏ အလိုကိုသိလျက်နှင့် အသင့်မနေ၊ သခင်၏အလိုကို မဆောင်၊ ထိုကျွန် သည် များစွာသော ဒဏ်ကိုခံရ၏။

  11. သခင်၏အလိုကို မသိဘဲလျက်၊ ဒဏ်ခံထိုက်သောအမှုကို ပြုမိသောသူမူကား၊ အနည်းငယ်သော ဒဏ် ကိုသာ ခံရ၏။ အကြင်သူသည် အများကိုဆပ်ရ၏။ အကြင်သူ၌ များစွာသောဥစ္စာကို အပ်နှင်း၏။ ထိုသူကို များစွာတောင်းလိမ့်မည်။

  12. ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသော သူမည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတံ့ဟု မိန့်တော်မူ၏။

  13. မရဏာနိုင်ငံ၌ ပြင်းပြစွာသောဝေဒနာကို ခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကို၎င်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကို၎င်း အဝေးကမြင်လျှင်၊

  14. အိုအဘအာဗြဟံ၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ အကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာခံရသော ကြောင့်၊ လာဇရုသည် မိမိလက်ဖျားကို ရေ၌နှစ်၍ အကျွန်ုပ်လျှာကို အေးစေခြင်းငှါ သူ့ကို အကျွန်ုပ်ရှိရာသို့ စေ လွှတ်တော်မူပါဟု ဟစ်ကြော်လေ၏။

  15. အာဗြဟံကလည်း၊ ငါ့သား၊ သင်သည် အသက်ရှင်စဉ်အခါ ချမ်းသာရသည်ကို၎င်း၊ လာဇရုသည် ဆင်းရဲစွာ နေရသည်ကို၎င်း အောက်မေ့လော့။ ယခုမူကား၊ သူသည်သက်သာခြင်းရှိ၏။ သင်သည် ဒုက္ခဝေဒနာ ကို ခံရ၏။

  16. ထိုမှတပါး၊ ငါတို့နှင့် သင်တို့ စပ်ကြား၌ အလွန်နက်လှသော ချောက်ကြီးတည်လျက်ရှိ၏။ ထိုကြောင့် ဤ အရပ်မှသင်တို့ရှိရာသို့ ကူးချင်သောသူမကူးနိုင်။ ထိုအရပ်မှ ငါတို့ရှိရာသို့ ကူးချင်းသောသူလည်း မကူးနိုင် ဟု ဆို၏။

  17. သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော်တည်နေသည်ဟု ယောဟန်ဟောလေ၏။

  18. ထွက်ရမည့်အချိန်ကာလရောက်လတံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာ ထမြောက်ခြင်းသို့၎င်း၊ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့၎င်း ထွက်ရကြလတံ့။

  19. ထိုသူတို့သည် ဘုရားသခင်ကို မသိမမှတ်လိုသည်ဖြစ်၍၊ မလျောက်ပတ်သော အမှုကို ပြုစေမည် အကြောင်း၊ ဘုရားသခင်သည် သူတို့ကို မောဟလက်သို့ အပ်လိုက်တော်မူသည်နှင့်အညီ၊

  20. ထိုသို့ပြုလျှင် စိတ်ခိုင်မာ၍ နောင်တမရသည်နှင့်အညီ ဒေါသနေ့တည်းဟူသော ဘုရားသခင်၏ တရားတော်ထင်ရှားသောနေ့၌ ကိုယ်ခံစရာဘို့ အမျက်ဒေါသကို ဆည်းပူးသလော။

  21. ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့ အကျင့်နှင့် အလျောက်အကျိုးအပြစ်ကို ဆပ်ပေးတော် မူလတံ့၊

  22. ရှေးဦးစွာ၌ ယုဒလူ၊ နောက်၌ဟေလသလူ၊ ဆိုးညစ်သောအမှုကို ပြုသောသူရှိသမျှတို့သည် ကြီးစွာ သော ဆင်းရဲဒုက္ခဝေဒနာကို ခံရကြလတံ့၊

  23. ငါဟောပြောသော ဧဝံဂေလိတရားအတိုင်း၊ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် လူတို့၏ မထင်ရှား သော အမှုအရာတို့ကို စစ်ကြော စီရင်တော်မူသောနေ့၌ ထိုသို့စီရင်တော်မူလတံ့။

  24. ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်း တရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။

  25. ပညတ်တရားကို မထားမှီတိုင်အောင် ဤလောက၌ အပြစ်ရှိ၏။ အဘယ်ပညတ်တရားကိုမျှ မရှိလျှင်၊ အပြစ်ရှိသည်ဟု မှတ်စရာမရှိ၊