အကြောင်းအရာသို့ ကျော်သွားရန်

The Punishment of the Wicked အကြောင်း ကျမ်းစာအခန်းငယ်များ: Rejection of the law of God

5 အခန်းငယ် · 57 ရှုထောင့်

"The Punishment of the Wicked" ကို ရှာဖွေရန်

Rejection of the law of God အကြောင်း အခန်းငယ်များ

  1. ငြင်းဆန်သော သဘောသည် နတ်ဆိုးနှင့်ပေါင်းခြင်းကဲ့သို့၎င်း၊ ခိုင်မာသော သဘောသည် ဗေဒင်တန် ဆာကို သုံးခြင်းကဲ့သို့၎င်း အပြစ်ကြီး၏။ သင်သည် ထာဝရဘုရား၏ စကားတော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ရှင်ဘုရင်အရာကို နှုတ်၍ သင့်ကို ပယ်တော်မူပြီဟု ဆို၏။

  2. ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံး ကြ၏။ သင်သည် ပညာကိုပယ်သောကြောင့်၊ ငါ့ယဇ် ပုရောဟိတ် အဖြစ်သို့ မရောက်စေခြင်းငှါ သင့်ကို ငါပယ်မည်။ သင်၏ ဘုရားသခင့်တရားကို သင်မေ့လျော့ သောကြောင့်၊ သင်၏ သားသမီးတို့ကို ငါ့မေ့လျော့မည်။

  3. သူတို့သည် ဘုန်းတိုးပွားသည်အတိုင်း ငါ့ကို ပြစ်မှားကြပြီ။ သို့ဖြစ်၍၊ သူတို့၏ ဘုန်းကို ငါအရှက်ကွဲ စေမည်။

  4. ငါ့လူတို့၏ အပြစ်ဖြေရာ ယဇ်တို့ကို စားလျက် နှင့်ပင်၊ ထိုအပြစ်ကို စိတ်စွဲလမ်းတတ်ကြ၏။

  5. ထိုကြောင့်၊ လူတို့၌ ဖြစ်သကဲ့သို့ ယဇ်ပုရောဟိတ် ၌ ဖြစ်လိမ့်မည်။ သူတို့အကျင့်များကို ငါစစ်ကြော၍၊ အသီး အသီးပြုမူသမျှအတိုင်းအကျိုး အပြစ်ကိုပေးမည်။