The Punishment of the Wicked အကြောင်း ကျမ်းစာအခန်းငယ်များ: Often sudden and unexpected
Often sudden and unexpected အကြောင်း အခန်းငယ်များ
ထိုသို့သောသူသည် အမှတ်တမဲ့ပျစ်စီးခြင်းသို့ ရောက်ပါစေသော။ မိမိဝှက်ထားသောကျော့ကွင်းသည် မိမိကိုကျော့မိပါစေသော။ မိမိတွင်းထဲသို့ မိမိကျပါ စေသော။
သူတို့၌ ဘုရားသခင် ပစ်တော်မူသော မြှားမှန်၍၊ သူတို့သည် အမှတ်တမဲ့ နာကြလိမ့်မည်။
အထပ်ထပ်ဆုံးမခြင်းကို ခံသော်လည်း၊ မိမိ လည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ၊ ရုတ်တရက် ပျက်စီးလိမ့်မည်။
ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ညဉ့်ပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာ အချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသော ဥစ္စာကို အဘယ်သူပိုင်မည်နည်းဟု သူဌေး အား မိန့်တော်မူ၏။
ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သော မိန်းမ၌ သားဘွားခြင်းဝေဒနာ ရောက်သကဲ့သို့၊ သူတို့အပေါ်၌ လျင်မြန်စွာသော ပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့် မရှိရကြ။