အကြောင်းအရာသို့ ကျော်သွားရန်

The Promises of God အကြောင်း ကျမ်းစာအခန်းငယ်များ

90 အခန်းငယ် · 57 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုမှတပါး၊ ယေရှုသည် သာ၍မြတ်သော ဂတိတော်တို့၌တည်သော၊ သာ၍မြတ်သော ပဋိညာဉ် တရား၏ အာမခံဖြစ်သည်နှင့်အညီ၊ သာ၍မြတ်သော ဝတ်ပြုခြင်း အခွင့်အရာကို ရတော်မူ၏။

  2. နောင်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝရ ဘုရားသည် ငါ့ပညတ်တို့ကို သူတို့ စိတ်ဝိညာဉ်ထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။

  3. ထိုအခါငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်းများကို မအောက် မေ့ဘဲနေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  4. မြော်လင့်ခြင်းအကြောင်းကို ဝန်ခံ၍ မတိမ်းယိမ်းမရွေ့လျော့ဘဲ တည်ကြည်ကြကုန်အံ့ အကြောင်း မူကား၊ ဂတိထားတော်မူသော သူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။

  5. ဘုရားသခင်၏အလိုတော်ကိုဆောင်ပြီးမှ၊ ဂတိတော်အတိုင်း အကျိုးကိုရမည်အကြောင်း သည်းခံခြင်း စိတ်ရှိရမည်။

  6. သူတပါးပိုင်သောပြည်၌ ဧည့်သည်နေသကဲ့သို့၊ ဂတိတော်နှင့် စပ်ဆိုင်သော ပြည်၌ယုံကြည်ခြင်း အားဖြင့် ဧည့်သည်ဖြစ်၍နေ၏။ ထိုဂတိတော်ကို အမွေခံရသော အဘော်အဘက်တည်းဟူသော ဣဇာက်၊ ယာကုပ်တို့နှင့်အတူ တဲ၌နေလေ၏။

  7. သူ၏ခင်ပွန်းစာရာသည်လည်း အရွယ်လွန်သောအခါ၊ ပဋိသန္ဓေယူနိုင်သော အခွင့်တန်ခိုးကို ယုံကြည်ခြင်းအားဖြင့် ခံရလေ၏။ အကြောင်းမူကား၊ ဂတိထားတော်မူသောသူသည် သစ္စာရှိသည်ဟု စိတ်စွဲလမ်းခြင်းရှိ၏။

  8. ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် အခြားသောတိုင်းနိုင်ငံကိုအောင်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ဂတိတော်ကိုဝင်စားခြင်း၊ ခြင်္သေ့နှုတ်ကိုပိတ်ခြင်း၊

  9. စုံစမ်းနှောင့်ရှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သော သူတို့အား ဂတိထားတော်မူသောအသက်သရဖူကို ရလိမ့်မည်။

  10. ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ လောကတွင် ဆင်းရဲသောသူတို့သည် ယုံကြည်ခြင်း ရတနာကို ရတတ်စေခြင်းငှါ၎င်း၊ ဘုရားသခင်ကို ချစ်သောသူတို့အား ပေးမည်ဟုဝန်ခံတော်မူသော နိုင်ငံ တော်၏အမွေခံဖြစ်စေခြင်းငှါ၎င်း၊ ထိုသူတို့ကို ရွေးကောက်တော်မူသည် မဟုတ်လော။

  11. ထိုသို့သောအားဖြင့်လည်း အလွန်ကြီးမြတ်၍ အဘိုးထိုက်သော ဂတိများကို ငါတို့၌အပ်ပေးတော်မူပြီ။ အကြောင်းမူကား၊ ထိုဂတိတော်များကို အမှီပြု၍ သင်တို့သည် လောကီတပ်မက်ခြင်းအညစ်အကြေးနှင့် ကင်းလွတ်သဖြင့်၊ ဘုရားပကတိကို ဆက်ဆံရသောသူ ဖြစ်ကြမည်အကြောင်းတည်း။

  12. ရှေ့ဦးစွာ သိမှတ်အပ်သောအရာဟူမူကား၊ နောက်ဆုံးသော ကာလ၌ ပြက်ယယ်ပြုတတ်သော သူတို့သည်၊ မိမိတို့တပ်မက်ခြင်းအတိုင်း ကျင့်နေ၍၊

  13. သခင်ဘုရားကြွလာမည်ဟူသော ဂတိတော် သည် အဘယ်မှာ ရှိသနည်း။ ဘိုးဘေးများ အိပ်ပျော် သည်နောက်၊ ခပ်သိမ်းသော အရာတို့သည် ဖန်ဆင်းစက ဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်ကြလိမ့်မည်။

  14. ယခုရှိသမျှသောအရာတို့သည် ပျက်ရသော် လည်း၊ ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုဃ်းကောင်း ကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ဂတိတော် နှင့်အညီ မြော်လင့်ကြ၏။

  15. ငါတို့အား ပေးတော်မူသောဂတိတော်မူကား၊ ထာဝရအသက်ကို ဝန်ခံတော်မူသောဂတိတော် ပေတည်း။