အကြောင်းအရာသို့ ကျော်သွားရန်

The High Priest အကြောင်း ကျမ်းစာအခန်းငယ်များ

142 အခန်းငယ် · 65 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မီးရှို့သောသူသည်လည်း မိမိအဝတ်ကို လျော်၍ ကိုယ်ကို ရေချိုးရမည်။ ထိုနောက်မှ တပ်ထဲသို့ ဝင်ရမည်။

  2. သင်တို့သည် အစဉ်စောင့်ရသော ပညတ်တော်ဟူမူကား၊ အမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင် တည်းနေ သော တပါးအမျိုးသားဖြစ်စေ၊ သတ္တမလ ဆယ်ရက်နေ့၌ အလုပ်ကို အလျှင်းမလုပ်၊ ခြိုးခြံစွာ ကျင့်လျက်နေရကြမည်။

  3. အကြောင်းမူကား၊ သင်တို့သည် ထာဝရဘုရားရှေ့တော်၌ အပြစ်ရှိသမျှတို့နှင့် ကင်းစင်မည်အကြောင်း၊ ထိုနေ့ရက်၌ ယဇ်ပုရောဟိတ်သည် သင်တို့ကို စင်ကြယ်စေခြင်းငှါ၊ အပြစ်ဖြေခြင်းကို ပြုရမည်။

  4. ထိုနေ့ရက်သည် ထာဝရပညတ်တော်အတိုင်း၊ သင်တို့ ငြိမ်ဝပ်ရာ ဥပုသ်နေ့၊ ခြိုးခြံစွာကျင့်ရသော နေ့ ဖြစ်သတည်း။

  5. အဘအရာ၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်စေခြင်းငှါ၊ အရင်ယဇ်ပုရောဟိတ်လက်မှ ဘိသိက်နှင့် တကွ ယဇ်ပုရောဟိတ်အရာကို ခံသောသူသည်၊ ထိုအပြစ်ဖြေခြင်းကို ပြုရမည်။ ထိုယဇ်ပုရောဟိတ် သည် သန့်ရှင်းသော ပိတ်ချောအဝတ်ကို ဝတ်၍၊-

  6. သန့်ရှင်းရာဌာနတော်အဘို့၊ ပရိသတ်စည်းဝေးရာ တဲတော်အဘို့၊ ယဇ်ပလ္လင်အဘို့၊ ယဇ်ပုရောဟိတ် များအဘို့၊ ပရိသတ်အပေါင်းတို့အဘို့ အပြစ်ဖြေခြင်းကို ပြုရမည်။

  7. ဤရွေ့ကား၊ ဣသရေလအမျိုးသားတို့၏ အပြစ်ရှိသမျှတို့ကြောင့် တနှစ်တခါ အပြစ်ဖြေခြင်းကို ပြုမည်အကြောင်း၊ သင်တို့သည် အစဉ်စောင့်ရသော ပညတ်တော်ဖြစ်သတည်းဟု မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း အာရုန်ပြုလေ၏။

  8. တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့အားဆင့်ဆို ရမည်မှာ၊ အမျိုးသားချင်း သေသောအတွက် သင်တို့တွင် အဘယ်သူမျှ ညစ်ညူးခြင်းမရှိရ။

  9. သို့ရာတွင် ပေါက်ဘော်ရင်းတည်းဟူသော မိဘ၊ သားသမီး၊ ညီအစ်ကို၊-

  10. လင်မနေသော ကညာနှမရင်းအတွက် ညစ်ညူးခြင်းကို ခံရသော အခွင့်ရှိ၏။

  11. အမျိုးသားချင်း သူကြီးအတွက်၊ ကိုယ်ကိုကိုယ်ရှုတ်ချ၍ ညစ်ညူးခြင်းမရှိရ။

  12. ယဇ်ပုရောဟိတ်သည် ဆံပင်ကို မရိတ်ရ။ ပါးမုန်းကို မရိတ်ရ။ အသား၌ ခုတ်ရှခြင်းကို မပြုရ။

  13. သူသည် မိမိဘုရားသခင်အဘို့ သန့်ရှင်းရမည်။ မိမိဘုရားသခင်၏ နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ၊ မိမိဘုရားသခင်၏ အစာအာဟာရကို ပူဇော်သော ကြောင့် သန့်ရှင်းခြင်းရှိရမည်။

  14. သူသည် ပြည်တန်ဆာမိန်းမ၊ သီလပျက်သောမိန်းမ၊ လင်နှင့်ကွာသောမိန်းမနှင့် မစုံဘက်ရ။ မိမိဘုရား သခင်အဘို့ သန့်ရှင်း၏။

  15. သင်၏ ဘုရားသခင်ပွဲတော်ကို ဆက်သောကြောင့်၊ သူ့ကို သန့်ရှင်းစေ၍၊ သူသည် သင့်အဘို့ သန့်ရှင်းရမည်။ သင်တို့ကို သန့်ရှင်းစေသော ငါထာဝရဘုရား သန့်ရှင်း၏။

  16. ယဇ်ပုရောဟိတ်သမီးသည်၊ ပြည်တန်ဆာလုပ်၍ ကိုယ့်ကိုကိုယ်ရှုတ်ချလျှင်၊ မိမိအဘကို ရှုတ်ချရာ ရောက်၏။ ထိုသူကို မီးရှို့ရမည်။

  17. မိမိအမျိုးသားချင်းတို့တွင်၊ အဝတ်တန်ဆာဆင်လျက်၊ အရာ၌ ခန့်ထား၍ မိမိခေါင်းပေါ်မှာ ဆီလောင်းခြင်း ဘိသိက်ကိုခံသော ယဇ်ပုရောဟိတ်မင်းသည်၊ မိမိခေါင်း၌ တန်ဆာကို မချွတ်ရ။ မိမိအဝတ်ကို မဆုတ်ရ။

  18. အသေကောင်ကို မချဉ်းရ။ မိဘအတွက် ညစ်ညူးခြင်းကို မခံရ။

  19. သန့်ရှင်းရာဌာနတော်ထဲက မထွက်ရ။ မိမိဘုရားသခင်၏ သန့်ရှင်းရာဌာနတော်ကို မရှုတ်မချရ။ အကြောင်းမူကား၊ မိမိဘုရားသခင်၏ ဘိသိက်ဆီနှင့်ဆိုင်သော သင်းကျစ်ကို ဆောင်းရသောသူ ဖြစ်၏။ ငါသည် ထာဝရဘုရား ဖြစ်၏။

  20. ဒုတိယလတဆယ်လေးရက်နေ့ညဦးယံ၌ ပွဲခံ၍၊ သိုးသငယ်အသားကို တဆေးမပါသော မုန့်၊ ခါးသော ဟင်းသီးဟင်းရွက်နှင့် စားရမည်။

  21. ထိုအသားကို နံနက်တိုင်အောင် မကြွင်းစေရ။ အရိုးကိုလည်း မချိုးရ။ ပသခါပွဲနှင့် ဆိုင်သောအထုံးအဖွဲ့ ရှိသမျှတို့ကို လိုက်၍ ပွဲခံရသော အခွင့်ရှိ၏။

  22. ညစ်ညူးခြင်းမရှိ၊ အခြားတပါးသို့ ခရီးမသွား သော သူသည် ပသခါပွဲကို မခံပဲနေလျှင် ထိုသူကို သူ၏ အမျိုးမှပယ်ရှင်းရမည်။ ချိန်းချက်သော အချိန်၌ ထိုသူ သည် ထာဝရဘုရားအဘို့ ပူဇော်သက္ကာကို မဆောင်ခဲ့ သောကြောင့် မိမိအပြစ်ကို ခံရမည်။

  23. သင်တို့ထံမှာ တည်းခိုသော တပါးအမျိုးသား သည် ထာဝရဘုရားအဘို့ ပသခါပွဲကို ခံခြင်းငှါ အလိုရှိ လျှင်၊ စီရင်ထုံးဖွဲ့၍ ခံရသော ထုံးစံအတိုင်း ပွဲခံရမည်။ သင်တို့တွင် တည်းခိုသော တပါးအမျိုးသား၊ ဖြစ်သောသူ၊ အမျိုးသားချင်းဖြစ်သောသူတို့သည် ထုံးစံတပါးတည်း သော ရှိရကြမည်ဟုမိန့်တော်မူ၏။

  24. တဲတော်ကို ထူထောင်သောနေ့၌၊ မိုဃ်းတိမ်သည် တဲတောင်ပေါ်မှာ တည်၍၊ သက်သေခံချက် တဲတော်ကို ဖုံးအုပ်လေ၏။ ညဦးမှစ၍ နံနက်တိုင်အောင် တဲတော်ပေါ်မှာ မီးကဲ့သို့ ထင်လေ၏။

  25. ထိုသို့အစဉ်ဖြစ်၍ နေ့အချိန်၌မိုဃ်းတိမ်ဖုံးအုပ်လျက်၊ ညအချိန်၌မီးကဲ့သို့ ထင်လျက်ရှိ၏။