The First Temple အကြောင်း ကျမ်းစာအခန်းငယ်များ: Two cherubims of gilded olive wood made within
Two cherubims of gilded olive wood made within အကြောင်း အခန်းငယ်များ
ဗျာဒိတ်ဌာနတော်ထဲမှာ အမြင့်ဆယ်တောင် ရှိသော ခေရုဗိမ်နှစ်ပါးကို သံလွင်သားနှင့်လုပ်လေ၏။
ခေရုဗိမ်အတောင်တို့သည် တဘက်တချက် အလျားငါးတောင်စီရှိ၍၊ အတောင်ဖျားတခုမှတခု တိုင်အောင် ဆယ်တောင်ရှိ၏။
အမြင့်ဆယ်တောင်ရှိသည်ဖြစ်၍၊ ခေရုဗိမ် နှစ်ပါးသည် အလုံးအရပ်ပမာဏတူ၏။
ထိုခေရုဗိမ်တို့ကို အတွင်းအိမ်တော်ထဲမှာ တင်ထားသဖြင့်၊ ခေရုဗိမ်အတောင်တို့သည် ဖြန့်လျက်၊
အတောင်ဖျားတဘက်တချက်၌ ထရံကိုမှီလျက်၊ အလယ်မှာ အတောင်ဖျားတခုနှင့်တခုထိလျက် ရှိကြ၏။
ခေရုဗိမ်တို့ကိုလည်း ရွှေနှင့်မွမ်းမံလေ၏။
ခေရုဗိမ်အတောင်တို့သည် အတောင်နှစ်ဆယ် ရှည်၏။
အတောင်တဘက်လျှင် အလျားငါးတောင်စီ ရှိ၍၊ ခေရုဗိမ်နှစ်ပါးတို့သည် အတောင်ချင်းထိလျက်၊ အတောင်တဘက်စီ အိမ်တော်ထရံကို မှီလျက် ရှိကြ၏။
ထိုခေရုဗိမ်တို့သည် အတွင်းသို့ မျက်နှာပြုလျက်၊ မတ်တတ်နေ၍ အတောင်တို့ကို ဖြန့်သဖြင့် အတောင် နှစ်ဆယ်ကျယ်၏။