The First Temple အကြောင်း ကျမ်းစာအခန်းငယ်များ: Charged Solomon to build
Charged Solomon to build အကြောင်း အခန်းငယ်များ
သားတော်ရှောလုမုန်ကိုလည်း ခေါ်၍ ဣသ ရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအဘို့ အိမ်တော်ကို တည်ဆောက်ရမည်အကြောင်းမှာ ထားလေ သည်မှာ၊
ငါ့သား၊ ငါ၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော်ကို တည်ဆောက်မည်ဟု ငါအကြံရှိပြီ။
သို့ဖြစ်၍ငါ့သား၊ ထာဝရဘုရားသည် သင့်ဘက် ၌ နေ၍ အကြံထမြောက်စေတော်မူသဖြင့်၊ အမိန့်တော် ရှိသည်အတိုင်းသင်သည် သင်၏ဘုရားသခင် ထာဝရ ဘုရား၏ အိမ်တော်ကို တည်ဆောက်ရလိမ့်မည်။