အကြောင်းအရာသို့ ကျော်သွားရန်

Syria အကြောင်း ကျမ်းစာအခန်းငယ်များ

235 အခန်းငယ် · 61 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဒမာသက်မြို့ တံခါးကန့်လန့်ကျင်တို့ကိုချိုးမည်။ အာဝင်ချိုင့်သားတို့ကို၎င်း၊ ဗေသေဒင်မြို့၌ မင်းပြုသော သူတို့ကို၎င်း ပယ်ဖြတ်မည်။ ရှုရ်ပြည်သားတို့သည် ကိရမြို့သို့ သိမ်းသွားခြင်းကိုခံရကြမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  2. ထာဝရဘုရား၏ဗျာဒိတ် နှုတ်ကပတ်တော်သည် ဟာဒရက်ပြည်နှင့် ဒမာသက်မြို့၌ သင့်ရောက်ပေ၏။ ထာဝရဘုရားသည် လူမျိုးကို၎င်း၊ ဣသရေလအမျိုး အနွှယ်အပေါင်းတို့ကို၎င်း ကြည့်ရှုလျက် ရှိတော်မူ၏။

  3. သိတင်းတော်သည်လည်း ရှုရိပြည်၌ အနှံ့အပြားကျော်စောသည်ဖြစ်၍ နတ်ဝင်သောသူ ဝက်ရူးစွဲသော သူ၊ လက်ခြေသေသောသူမှစသော အထူးထူးအပြားပြားသော အနာရောဂါစွဲ၍ မကျန်းမမာသောသူ ရှိသမျှတို့ကို အထံတော်သို့ဆောင်ခဲ့ကြ၍၊ သူတို့၏ အနာရောဂါကို ငြိမ်းစေတော်မူ၏။

  4. ကုရေနိသည် ရှုရိပြည်၌မြို့ဝန်ဖြစ်စဉ်တွင်၊ ဤပဌမစာရင်းယူခြင်း ဖြစ်သတည်း။

  5. သတေဖန်က၊ ညီအစ်ကို အဘတို့ နားထောင် ကြပါလော့။ ငါတို့ အဘအာဗြဟံသည်၊ ခါရန်မြို့၌မနေမှီ၊ မေသောပေါတာမိအရပ်၌ ရှိစဉ်အခါ၊ ဘုန်းကြီးတော် မူသော ဘုရားသခင်သည် ထင်ရှားတော်မူ၍၊

  6. သူတို့လက်ဖြင့် ပေးလိုက်သော စာဟူမူကား၊ တမန်တော်၊ သင်းအုပ်၊ ညီအစ်ကိုများတို့သည်၊ အန္တိအုတ်မြို့မှစ၍ ရှုရိပြည်၊ ကိလိကိ ပြည်တို့၌ရှိနေ၍ တပါးအမျိုးသားဖြစ်သော ညီအစ်တို့ကို မေတ္တာနှင့်ကြား လိုက်ပါ၏။

  7. အသင်းတော်များကို မြဲမြံခိုင်ခံ့စေလျက်၊ ရှုရိပြည်၊ ကိလိကိပြည် တို့ကို ရှောက်သွားလေ၏။

  8. ထိုနောက်မှပေါလုသည် တာရှည်စွာနေပြီးမှ ညီအစ်ကိုတို့ကို အခွင့်တောင်း၍ ထိုမြို့မှထွက်သွား၏။ အထက်ကသစ္စာဂတိပြုသည်နှင့် အညီ ကင်ခြေမြို့၌ ခေါင်းရိတ်ခြင်းကိုခံပြီးလျှင်၊ ပြစ်ကိလနှင့် အာကုလကို ခေါ်၍ ရှုရိပြည်သို့သင်္ဘောနှင့် လွှင့်လေ၏။

  9. ကုပရုကျွန်းကိုမြင်လျှင် လက်ျာဘက်၌ ရှောက်သွားသဖြင့်၊ ရှုရိ ပြည်သို့ကူး၍ တုရူမြို့၌ ဆိုက်လေ၏။ ထိုမြို့မှာ သင်္ဘော၌ပါသော ဝန်ကိုချရ၏။

  10. ထိုနောက်ရှုရိပြည်၊ ကိလိကိပြည်သို့ ငါသွား၍၊