အကြောင်းအရာသို့ ကျော်သွားရန်

Soldiers အကြောင်း ကျမ်းစာအခန်းငယ်များ

65 အခန်းငယ် · 13 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သွန်သင်သည်နှင့်အညီ စစ်သူရဲတို့သည် ငွေကိုယူ၍ပြုကြ၏။ ထိုစကားကို ယခုတိုင်အောင် ယုဒလူတို့ သည် အနှံ့အပြားပြောဆိုကြ၏။

  2. ထိုအခါစစ်သူရဲတို့သည် ကိုယ်တော်ကို ပြဲတောရိရုံးတည်းဟူသော အိမ်တော်ဦးအတွင်းသို့ ဆောင် သွား၍၊ စစ်သူရဲတတပ်လုံးကို စုရုံးစေပြီးမှ၊ ကိုယ်တော်အား နီမောင်းသောအဝတ်ကိုဝတ်စေ၍၊

  3. ဆူးပင်နှင့်ရက်သော ဦးရစ်ကိုတင်ပြီးလျှင်၊

  4. ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟု ကောင်းကြီးစကားကို ပြောကြ၏။

  5. ခေါင်းတော်ကို ကျူးလုံးနှင့် ရိုက်ခြင်း၊ တံထွေးနှင့်ထွေးခြင်း၊ ရှေ့တော်မှာ ဒူးထောက်၍ ပြပ်ဝပ်ခြင်း ကိုလည်း ပြုကြ၏။

  6. ထိုသို့ ကိုယ်တော်ကို ပြက်ယယ်ပြုသည်နောက်၊ နီမောင်းသောအဝတ်ကိုချွတ်၍ အဝတ်တော်ကို ဝတ် ပြန်စေပြီးလျှင်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှါ ထုတ်သွားကြ၏။

  7. အာလေဇန္ဒြုနှင့် ရုဖု၏ အဘရှိမုန်အမည်ရှိသော ကုရေနေပြည်သားတယောက်သည်၊ တောရွာမှ လာ၍ လမ်း၌သွားသည်ကို သူတို့သည်တွေ့လျှင်၊ အနိုင်ပြု၍ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။

  8. ဦးခေါင်းခွံအရပ်ဟု ဆိုလိုသော ဂေါသဂေါသ အရပ်သို့ ကိုယ်တော်ကို ဆောင်သွားပြီးမှ၊

  9. မုရန်နှင့်ရောသော စပျစ်ရည်ကို၊ ကိုယ်တော်အား သောက်စိမ့်သောငှါ ပေးလျှင် မခံဘဲ နေတော်မူ၏။

  10. လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင်၊ အဝတ်တော်ကို စားရေးတံချ၍ အသီးအသီးတို့အား ဝေဖန် ကြ၏။

  11. စစ်သူရဲတို့ကလည်း အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြလျှင်၊ သင်တို့ သည် အဘယ်သူကိုမျှ အနိုင်အထက်မပြုကြနှင့်။ အဘယ်သူကိုမျှ မလျှပ်ကြနှင့်။ ကိုယ်ရသောအခနှင့် ရောင့်ရဲကြလော့ဟု ပြန်ပြော၏။

  12. ထိုသူသည် ယဇ်ပုရောဟိတ်အကြီးများ၊ ဗိမာန်တော်မှူးများတို့ထံသို့ သွားပြီးလျှင်၊ ယေရှုကို အဘယ် သို့ အပ်ရမည်နည်းဟူ၍ တိုင်ပင်လေ၏။

  13. ဟေရုဒ်မင်းသည် စစ်သူရဲတို့နှင့်တကွ ကိုယ်တော်ကို မခန့်မညားဘဲ ပြက်ယယ်ပြု၍ တင့်တယ်သော အဝတ်ကို ဝတ်စေပြီးမှ ပိလတ်မင်းထံသို့ ပို့ပြန်စေ၏။

  14. စစ်သူရဲတို့သည်လည်းလာ၍ ပုံးရည်ကို ကပ်ပေးလျက်၊

  15. သင်သည် ယုဒရှင်ဘုရင်မှန်လျှင် ကိုယ်ကို ကယ်တင်လော့ဟူ၍ ပြက်ယယ်ပြုလျက် ဆိုကြ၏။

  16. စစ်သူရဲတို့သည် ယေရှုကိုလက်ဝါးကပ်တိုင်၌ ရိုက်ထားပြီးမှ၊ အဝတ်တော်တို့ကို လေးပိုင်းပိုင်း၍ တယောက်တပိုင်းစီ ယူကြလေ၏။ အတွင်းအင်္ကျီတော်ကား၊ မချုပ်ဘဲလျက် အထက်စွန်းမှသည် အောက်စွန်း တိုင်အောင် ရက်သောအင်္ကျီဖြစ်သောကြောင့်၊

  17. ထိုသူတို့က၊ အင်္ကျီကိုမဆုတ်ကြနှင့်။ အဘယ်သူယူရမည်ကို စာရေးတံချကြကုန်အံ့ဟု အချင်းချင်း ဆိုကြ၏။ ကျမ်းစာလာသည်ကား၊ သူတို့သည် အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏ဟူသော အချက်စကားကိုပြည့်စုံစေ၍၊ စစ်သူရဲတို့သည် ထိုသို့ပြုကြ၏။

  18. ပေတရုကိုလည်း ဘမ်းဆီးပြီးမှ၊ ပသခါပွဲလွန်လျှင် လူများတို့အား ထုတ်ပေးမည်အကြံနှင့် အစောင့် အရှောက်စစ်သူရဲ တကျိပ်ခြောက် ယောက်တို့၌အပ်၍ ထောင်တွင်လှောင်ထားလေ၏။

  19. ပေတရုသည်ထောင်၌ အကျင်းနေရစဉ်၊ သင်း ဝင်သူတို့သည် သူ့ဘို့ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းဝတ်ပြုကြ၏။

  20. ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး၊ ညဉ့်အချိန် တွင် သံကြိုး နှစ်စင်းနှင့် ချည်နှောင်ခြင်းကိုခံရလျက်၊ စစ်သူရဲနှစ်ယောက်တို့အလယ်၌ အိပ်ပျော်၍၊ အစောင့် များ တို့သည် ထောင်တံခါးရှေ့မှာ စောင့်နေကြ၏။

  21. ဟေရုဒ်မင်းသည် ပေတရုကိုရှာ၍ မတွေ့သည် ရှိသော်၊ စောင့်ရှောက်သောသူတို့ကို စစ်ကြောပြီးမှ သတ်မည်အကြောင်းကို စီရင်လေ၏။

  22. ပေါလုကိုသတ်မည်ဟု အားထုတ်ကြသောအခါ၊ ယေရုရှလင်မြို့ တမြို့လုံး မငြိမ်မသက်ရုန်းရင်းခတ်မျှ ဖြစ်သည်ဟု လူတထောင်ကို အုပ်ချုပ်သော စစ်သူကြီး သည် သိတင်းကြားလျှင်၊

  23. စစ်သူရဲများနှင့်တပ်မှူးတို့ကို အလျင်အမြန်ခေါ်၍ ထိုသူတို့ ရှိရာသို့ဆင်းပြေး၏။ ထိုသူတို့သည် စစ်သူကြီးနှင့်စစ်သူရဲတို့ကိုမြင်လျှင်၊ ပေါလုကိုမရိုက်ဘဲနေကြ၏။

  24. ထိုအခါစစ်သူကြီးသည်အနီးသို့ရောက်၍ ပေါလုကိုကိုင်ယူပြီးလျှင်၊ သံကြိုးနှစ်စင်းနှင့် ချည်ချေ ဟုစီရင်၍၊ ဤသူသည်အဘယ်သူနည်း။ အဘယ်အမှုကို ပြုမိသနည်းဟုမေးစစ်လေ၏။

  25. လူအစုအဝေးထဲ၌ အသီးသီးအခြားခြားဟစ်ကြော်၍ အသံများသောကြောင့်၊ စစ်သူကြီးသည် အမှန်ကိုမသိနိုင်သဖြင့်၊ ပေါလုကိုရဲတိုက်ထဲသို့ ဆောင်သွားစေခြင်းငှါ စီရင်ပြန်လေ၏။