အကြောင်းအရာသို့ ကျော်သွားရန်

Soldiers အကြောင်း ကျမ်းစာအခန်းငယ်များ: Crucified Jesus

19 အခန်းငယ် · 13 ရှုထောင့်

Crucified Jesus အကြောင်း အခန်းငယ်များ

  1. ထိုအခါ မြို့ဝန်မင်း၏ စစ်သူရဲတို့သည် ယေရှုကို အိမ်တော်ဦးသို့ဆောင်သွား၍ စစ်သူရဲတတပ်လုံးကို အထံတော်၌ စုရုံးစေပြီးမှ၊

  2. ထိုသို့ ကိုယ်တော်ကို ပြက်ယယ်ပြုသည်နောက်၊ မင်းဝတ်လုံကို ချွတ်၍ အဝတ်တော်ကို ဝတ်ပြန်စေပြီး လျှင် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှါ ထုတ်သွားကြ၏။

  3. သွားကြစဉ်တွင် ရှိမုန်အမည်ရှိသော ကုရေနေ ပြည်သားတယောက်ကိုတွေ့လျှင်၊ အနိုင်ပြု၍ လက်ဝါး ကပ်တိုင်တော်ကို ထမ်းစေကြ၏။

  4. ဦးခေါင်းခွံအရပ်ဟု ဆိုလိုသော ဂေါလဂေါသ အမည်တွင်သောအရပ်သို့ ရောက်ကြသော်၊

  5. ဆေးခါးနှင့် ရောသောပုံးရည်ကို ကိုယ်တော်အား သောက်စိမ့်သောငှါပေးလျှင်၊ မြည်းစမ်းတော်မူ၍ မသောက်ချင်ဘဲ နေလေ၏။

  6. ကိုယ်တော်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင် အဝတ်တော်တို့ကို စာရေးတံချ၍ ဝေဖန်ကြ၏။

  7. ထိုအရပ်၌လည်း ထိုင်လျက် စောင့်နေကြ၏။

  8. အပြစ်ဘော်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား၊ ဤသူသည် ယုဒရှင်ဘုရင် ယေရှုပေတည်းဟု ရေး ၍ ခေါင်းတော်ပေါ်မှာ တပ်သတည်း။

  9. ထိုအခါစစ်သူရဲတို့သည် ကိုယ်တော်ကို ပြဲတောရိရုံးတည်းဟူသော အိမ်တော်ဦးအတွင်းသို့ ဆောင် သွား၍၊ စစ်သူရဲတတပ်လုံးကို စုရုံးစေပြီးမှ၊ ကိုယ်တော်အား နီမောင်းသောအဝတ်ကိုဝတ်စေ၍၊

  10. ဆူးပင်နှင့်ရက်သော ဦးရစ်ကိုတင်ပြီးလျှင်၊

  11. ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟု ကောင်းကြီးစကားကို ပြောကြ၏။

  12. ခေါင်းတော်ကို ကျူးလုံးနှင့် ရိုက်ခြင်း၊ တံထွေးနှင့်ထွေးခြင်း၊ ရှေ့တော်မှာ ဒူးထောက်၍ ပြပ်ဝပ်ခြင်း ကိုလည်း ပြုကြ၏။

  13. ထိုသို့ ကိုယ်တော်ကို ပြက်ယယ်ပြုသည်နောက်၊ နီမောင်းသောအဝတ်ကိုချွတ်၍ အဝတ်တော်ကို ဝတ် ပြန်စေပြီးလျှင်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှါ ထုတ်သွားကြ၏။

  14. အာလေဇန္ဒြုနှင့် ရုဖု၏ အဘရှိမုန်အမည်ရှိသော ကုရေနေပြည်သားတယောက်သည်၊ တောရွာမှ လာ၍ လမ်း၌သွားသည်ကို သူတို့သည်တွေ့လျှင်၊ အနိုင်ပြု၍ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။

  15. ဦးခေါင်းခွံအရပ်ဟု ဆိုလိုသော ဂေါသဂေါသ အရပ်သို့ ကိုယ်တော်ကို ဆောင်သွားပြီးမှ၊

  16. မုရန်နှင့်ရောသော စပျစ်ရည်ကို၊ ကိုယ်တော်အား သောက်စိမ့်သောငှါ ပေးလျှင် မခံဘဲ နေတော်မူ၏။

  17. လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင်၊ အဝတ်တော်ကို စားရေးတံချ၍ အသီးအသီးတို့အား ဝေဖန် ကြ၏။

  18. စစ်သူရဲတို့သည် ယေရှုကိုလက်ဝါးကပ်တိုင်၌ ရိုက်ထားပြီးမှ၊ အဝတ်တော်တို့ကို လေးပိုင်းပိုင်း၍ တယောက်တပိုင်းစီ ယူကြလေ၏။ အတွင်းအင်္ကျီတော်ကား၊ မချုပ်ဘဲလျက် အထက်စွန်းမှသည် အောက်စွန်း တိုင်အောင် ရက်သောအင်္ကျီဖြစ်သောကြောင့်၊

  19. ထိုသူတို့က၊ အင်္ကျီကိုမဆုတ်ကြနှင့်။ အဘယ်သူယူရမည်ကို စာရေးတံချကြကုန်အံ့ဟု အချင်းချင်း ဆိုကြ၏။ ကျမ်းစာလာသည်ကား၊ သူတို့သည် အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏ဟူသော အချက်စကားကိုပြည့်စုံစေ၍၊ စစ်သူရဲတို့သည် ထိုသို့ပြုကြ၏။