Skip to content

Herod

23 အခန်းငယ် · 5 မိသားစုဝင်

Herod ကို ဖော်ပြသော အခန်းငယ်များ

  1. ထိုအခါ စော်ဘွားဟေရုဒ်သည် ယေရှု၏သိတင်းတော်ကိုကြားလျှင်၊

  2. အထက်က ဟေရုဒ်သည်မိမိညီဖိလိပ္ပု၏ခင်ပွန်း ဟေရောဒိအကြောင်းကြောင့်၊ ယောဟန်ကိုဘမ်းဆီး ချည်နှောင်၍ ထောင်ထဲမှာလှောင်ထား၏။

  3. ထိုနောက်မှ ဟေရုဒ်ကိုဘွားသောနေ့ရက်၌ နှစ်စဉ်ပွဲခံစဉ်တွင်၊ ဟေရောဒိ၏သမီးသည် ပွဲသဘင်၌ က သဖြင့် ဟေရုဒ်သည် နူးညွတ်သောစိတ်ရှိလျှင်၊

  4. ထိုအခါ သိတင်းတော်ကျော်စောသည်ဖြစ်၍၊ ဟေရုဒ်မင်းကြီးသည် ကြားလျှင်၊ ဗတ္တိဇံဆရာယောဟန် သည် သေခြင်းမှ ထမြောက်လေပြီ။ ထိုကြောင့် တန်ခိုးများကို ပြနိုင်သည်ဟု ဆို၏။

  5. ဟေရုဒ်သည် ကြားလျှင်၊ ဤသူကား ငါ၏အမိန့်နှင့် လည်ပင်းကိုဖြတ်သော ယောဟန်ဖြစ်၏။ သေခြင်းမှ ထမြောက်လေပြီဟု ဆိုလေ၏။

  6. အထက်က ဟေရုဒ်သည် မိမိညီ ဖိလိပ္ပု၏ ခင်ပွန်းဟေရောဒိကို သိမ်းယူသဖြင့်၊ ထိုမိန်းမအကြောင်း ကြောင့် စေလွှတ်၍ ယောဟန်ကို ဘမ်းဆီးပြီးလျှင် ထောင်ထဲမှာချုပ်နှောင်လေ၏။

  7. အကြောင်းမူကား၊ ယောဟန်က အရှင်မင်းကြီးသည် ညီတော်၏ခင်ပွန်းကို မသိမ်းအပ်ဟု ဟေရုဒ်အား ဆိုလေပြီ။

  8. သို့သော်လည်း ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသောသူဖြစ်ကြောင်းကို ဟေရုဒ်သည် သိ၍ သူ့ကို ကြောက်ရွံ့ရိုသေ၏။ သူ့ကိုလည်း စောင့်မ၏။ အမူအရာများတို့၌ သူ၏စကားကို နားထောင်၍ ဝမ်းမြောက် သောစိတ်နှင့်လည်း နားထောင်တတ်သည် ဖြစ်သောကြောင့် ထိုမိန်းမသည် အခွင့်မရနိုင်။

  9. ထိုနောက်မှ အဆင်သင့်သောအခါ ဟေရုဒ်ကို ဘွားသောနေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ မှူးမတ်၊ စစ်သူ ကြီး၊ ဂါလိလဲပြည်၌ အကြီးအကဲဖြစ်သောသူတို့ကို ကျွေးတော်မူစဉ်တွင်၊

  10. ဟေရောဒိ၏သမီးသည် ဝင်၍ ကသဖြင့်၊ ဟေရုဒ်မှစ၍ အပေါင်းအဘော်တို့အား နူးညွတ်သော စိတ် ကိုဖြစ်စေ၏။ ထိုအခါ မင်းကြီးက၊ သင်သည် အလိုရှိသမျှကို တောင်းလော့၊ ငါပေးမည်ဟု ထိုမိန်းမငယ်အား ဆိုလေ၏။

  11. ကိုယ်တော်ကလည်း၊ ဖာရိရှဲတို့၏တဆေးကို၎င်း၊ ဟေရုဒ်၏တဆေးကို၎င်း၊ သတိနှင့် ကြဉ်ရှောင်ကြဟု ပညတ်တော်မူ၏။

  12. ကဲသာဘုရင် တိဗေရိနန်းစံတဆယ်ငါးနှစ်တွင်၊ ယုဒပြည်၌ ပုန္တိပိလတ်သည်မြို့ဝန်အရာ၊ ဂါလိလဲပြည်၌ ဟေရုဒ်သည် စော်ဘွားအရာ၊ ဣတုရဲပြည်နှင့် တရာခေါနိပြည်၌ ဟေရုဒ်ညီဖိလိပ္ပုသည် စော်ဘွားအရာ၊ အဘိလင်ပြည်၌ လုသာနိသည် စောဘွားအရာ၊

  13. ထိုနောက် စော်ဘွားဟေရုဒ်သည် မိမိညီ၏ ခင်ပွန်းဟေရောဒိအကြောင်းမှစ၍၊ မိမိပြုသောဒုစရိုက် အပြစ်ရှိသမျှတို့ကို ယောဟန်သည် ဘော်ပြဆုံးမသောကြောင့်၊

  14. ယေရှုပြုတော်မူသမျှတို့ကို စော်ဘွားဟေရုဒ်သည်ကြားလျှင် တွေးတောသောစိတ်ရှိ၏။ အကြောင်းမူ ကား၊ လူအချို့က၊ ယောဟန်သည် သေခြင်းမှထမြောက်လေပြီဟု ဆိုကြ၏။

  15. ဟေရုဒ်မင်းကလည်း၊ ယောဟန်၏လည်ပင်းကို ငါဖြတ်လေပြီ။ ဤမျှလောက်သောသိတင်းကို ငါကြား ရသော ဤသူကား အဘယ်သူနည်းဟုဆိုလျက်ယေရှုကို မြင်ခြင်းငှါ အလိုရှိ၏။

  16. ထိုအခါ ဖာရိရှဲအချို့တို့သည် အထံတော်သို့လာ၍၊ ဤအရပ်မှ ထွက်သွားပါ။ ဟေရုဒ်မင်းသည် ကိုယ် တော်ကိုသတ်မည် အကြံရှိပါသည်ဟု လျှောက်ကြလျှင်၊ ကိုယ်တော်က၊ သင်တို့သွားကြလော့။

  17. ဟေရုဒ်မင်းပိုင်သော သူဖြစ်သည်ကို သိသောအခါ ထိုမင်းထံသို့ ပို့စေ၏။ ထိုအခါ ဟေရုဒ်မင်းသည် ယေရုရှလင်မြို့၌ ရှိသတည်း။

  18. ထိုမင်းသည် ယေရှုကိုမြင်လျှင် အလွန်ဝမ်းမြောက်ခြင်းရှိ၏။ အကြောင်းမူကား၊ အထက်က သိတင်း တော်များကိုကြား၍၊ ကိုယ်တော်ကိုမြင်ခြင်းငှါ ကြာမြင့်စွာ အလိုရှိသည်ဖြစ်၍၊ ပြတော်မူသော နိမိတ်လက္ခဏာ တစုံတခုကို မြင်ရမည်ဟု မြော်လင့်လျက်နေ၏။

  19. ဟေရုဒ်မင်းသည် စစ်သူရဲတို့နှင့်တကွ ကိုယ်တော်ကို မခန့်မညားဘဲ ပြက်ယယ်ပြု၍ တင့်တယ်သော အဝတ်ကို ဝတ်စေပြီးမှ ပိလတ်မင်းထံသို့ ပို့ပြန်စေ၏။

  20. ထိုနေ့၌ ပိလတ်မင်းနှင့် ဟေရုဒ်မင်းတို့သည် အချင်းချင်းအဆွေဖွဲ့ကြ၏။ အထက်က ရန်ဘက်ဖြစ်ကြ သတည်း။

  21. ဟေရုဒ်မင်းသည်လည်းမတွေ့။ ထိုမင်းထံသို့ ငါပို့စေပြီ။ ဤသူသည် အသေသတ်ခြင်းကို ခံထိုက်သော အမှုတစုံတခုကိုမျှ မပြု။

  22. ဟေရုဒ်မင်း၊ ပုန္တိပိလတ်မင်းမှစ၍ ဣသရေလ အမျိုးသား၊ တပါး အမျိုးသားတို့သည်၊

  23. အန္တိအုတ်မြို့တွင်ရှိသော အသင်းတော်၌ ဗာနဗမှစ၍ နိဂါဟု ခေါ်ဝေါ်သော ရှုမောင်၊ ကုရေနေ ပြည်သားလုကိ၊ စော်ဘွားဟေရုဒ်၏ သူငယ်ချင်း အရင်း ဖြစ်သော မာနင်နှင့်ရှောလုတည်းဟူသော ပရောဖက် ပြုသူ၊ ဆရာပြုသူရှိကြ၏။