Ships အကြောင်း ကျမ်းစာအခန်းငယ်များ: Generally impelled by sails
Generally impelled by sails အကြောင်း အခန်းငယ်များ
အာဒြမုတ္တိ သင်္ဘောကိုစီး၍ အာရှိပြည်နားသို့ ရှောက်သွားမည်အကြံနှင့် လွှင့်ကြ၏။ အာရိတ္တခု အမည်ရှိသော မာကေဒါနိပြည်သက် သာလောနိတ် မြို့သားသည် ငါတို့နှင့်ပါ၏။
နက်ဖြန်နေ့တွင် ဇိဒုန်မြို့၌ဆိုက်ကြပြီးလျှင်၊ ပေါလုသည် မိမိအဆွေခင်ပွန်းတို့ထံသို့သွား၍ သူတို့၏ လုပ်ကျွေးပြုစခြင်းကို ခံရမည်အကြောင်း၊ ယုလိသည် ကျေးဇူးပြု၍ အခွင့်ပေးလေ၏။
ထိုမြို့မှထွက်၍ လေမသင့်သောကြောင့်၊ ကုပရုကျွန်းမြောက်ဘက်နားသို့ရှောက်သွားသဖြင့် ကိလိကိပြည်၊
ပဖုလိပြည်နှင့် စပ်သောပင်လယ်ကိုကူး၍၊ လုကိုပြည်၊ မုရမြို့သို့ ရောက်ကြ၏။
ထိုမြို့၌ ဣတလိပြည်သို့ ကူးသော အာလေဇန္ဒြိ သင်္ဘောကို တပ်မှူးသည်တွေ့၍၊ ထိုသင်္ဘောထဲသို့ ငါတို့ကို သွင်းထားလေ၏။
နှေးနှေးသာသွား၍ နေ့ရက်ကာလကြာသောအခါ၊ ပင်ပန်းစွာ ကြိုးစား၍ ကနိဒ်မြို့နှင့်တည့်တည့်ရောက်ပြီးမှ၊ လေမသင့်သောကြောင့် ကရေတေကျွန်း အရှေ့ဘက်၊ သာလမုန်မြို့ အနားသို့ ပင်ပန်းစွာ ရှောက် သွား၍၊