Ships အကြောင်း ကျမ်းစာအခန်းငယ်များ: Of Tarshish
Of Tarshish အကြောင်း အခန်းငယ်များ
တုရုမြို့နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ တာရှု သင်္ဘောများတို့၊ ညည်းတွားမြည်တမ်းကြလော့။ မြို့သည် အိမ်မရှိ၊ တည်းခိုစရာ မရှိသည် တိုင်အောင် ရှင်းရှင်း ပျက်စီးလေပြီ။ ခိတ္တိမ်ပြည်မှ သိတင်းကြားရ၏။
အကယ်စင်စစ် သင်၏ဘုရားသခင် ထာဝရ ဘုရား၏ နာမတော်ကြောင့်၎င်း၊ သင်၏ဘုန်းကိုပွင့်စေ သော၊ ဣသရေလအမျိုး၏သန့်ရှင်းသော ဘုရားကြောင့် ၎င်း၊ သင်၏သားတို့နှင့်တကွ သူတို့ရွှေငွေများကို အဝေး မှ ဆောင်ခဲ့ခြင်းငှါ၊ တကျွန်းတနိုင်ငံသားတို့သည် ငါ့ကို စောင့်နေ၍၊ တာရှုသင်္ဘောတို့သည် အဦးပြုကြလိမ့်မည်။