အကြောင်းအရာသို့ ကျော်သွားရန်

Seekers အကြောင်း ကျမ်းစာအခန်းငယ်များ

165 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍၊ ဝှက်ထား သောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့၊ ဉာဏ်ကို စူးစမ်း လျှင်၎င်း၊

  2. ထာဝရဘုရားကို ကြောက်သောသဘော၌ ကျင်လည်၍၊ ဘုရားသခင်ကိုသိသော ဉာဏ်နှင့်ပြည့်စုံ လိမ့်မည်။

  3. ငါ့ကိုချစ်သော သူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား ၍ ရှာသောသူတို့သည် တွေ့တတ်ကြ၏။

  4. ငါ့စကားကိုကြား၍ ငါ့တံခါးနားမှာ နေ့တိုင်း စောင့်လျက်၊ တံခါးတိုင်နားမှာ မြော်လင့်လျက်နေသော သူသည်မင်္ဂလာရှိ၏။

  5. အဓမ္မလူသည် တရားစီရင်ခြင်းကို နားမလည် တတ်။ ထာဝရဘုရားကို ရှာသောသူမူကား၊ ခပ်သိမ်း သော စီရင်ခြင်းကို နားလည်တတ်၏။

  6. ငါ့ဝိညာဉ်ချစ်သောသူကို ညဉ့်အခါအိပ်ရာပေါ် မှာ ငါရှာ၏။ ရှာသော်လည်းမတွေ့။

  7. ငါထမည်။ မြို့လမ်းတို့တွင် လည်မည်။ ငါ့ ဝိညာဉ်ချစ်သောသူကို လမ်းမတို့တွင်ရှာမည်ဟုဆိုလျက် ရှာသော်လည်း မတွေ့။

  8. မြို့ကိုလည်သော ကင်းစောင့်တို့သည် ငါ့ကို တွေ့ကြသော်၊ ငါ့ဝိညာဉ်ချစ်သော သူကိုမြင်ကြသလော ဟု ငါမေး၏။

  9. သူတို့မှ အနည်းငယ်လွန်ပြန်လျှင်၊ ငါဝိညာဉ် ချစ်သော သူကိုတွေ့၏။ ငါသည် သူ့ကိုမလွှတ်။ အမြဲကိုင် ၍ ငါ့ကိုဘွားမြင်သော မိခင်၏အိမ်၌ အိပ်ရာအခန်းထဲသို့ ဆောင်ခဲ့ ၏။

  10. တိုးတိုးပြော၍ မန္တန်သရဇ္ဈာယ်တတ်သော နတ် ဝင်နှင့် စုန်းတို့၌ ဆည်းကပ်ကြလော့ဟု သင်တို့အား ဆိုလျှင်မူကား၊ လူတို့သည် မိမိတို့ဘုရားသခင်၌ မဆည်း ကပ်အပ်သလော။ အသက်ရှင်သော သူ၏အမှုမှာ အသက်သေသောသူ၌ ဆည်းကပ်အပ်သလော။

  11. အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည် တရားတော် လမ်း၌ သွားလျက်၊ ကိုယ်တော်ကို မြော်လင့်၍၊ ကိုယ်တော် ၏အမည်၊ ဘွဲ့နာမတော်ကို စိတ်နှလုံး၌ တသလျက်ရှိပါ ၏။

  12. ညဉ့်အခါ အကျွန်ုပ်သည် စိတ်နှလုံးနှင့် ကိုယ် တော်ကို တောင့်တပါ၏။ နံနက်အခါ အကျွန်ုပ်သည် အတွင်းဝိညာဉ်အားဖြင့် ကိုယ်တော်ကိုရှာပါ၏။ မြေပေါ် မှာ အမှုကို စစ်ကြော စီရင်တော်မူသောအခါ၊ လောကီ သားတို့သည် တရားကိုသင်ကြ၏။

  13. အကြောင်းမူကား၊ ရေငတ်သော သူအပေါ်မှာ ရေကို ငါသွန်းလောင်း၍၊ သွေ့ခြောက်သော မြေကို ရေလွှမ်းမိုးစေမည်။ သင်၏ အမျိုးအပေါ်မှာ ငါ့ဝိညာဉ်ကို၎င်း၊ သင်၏အနွှယ်အပေါ်မှာ ငါ့ကောင်းကြီးမင်္ဂလာကို ၎င်း ငါသွန်းလောင်းမည်။

  14. သူတို့သည်လည်း ရေမြောင်းအနားမှာ မိုဃ်းမခ ပင်ကဲ့သို့၊ မြက်ပင်ထဲတွင် ပေါက်ကြလိမ့်မည်။

  15. ငါသည် တိတ်ဆိတ်စွာ မဟော။ မြေကြီးထဲမှာ မှောင်မိုက်သော အရပ်၌မဟော။ သင်တို့သည် ကျေးဇူး မရှိဘဲ ငါ့ကို ရှာကြလော့ဟု ယာကုပ်အမျိုးအား ငါမပြော။ ငါသည် ဖြောင့်မတ်စွာ ပြော၍ အတည့်အလင်းဟော တတ်သော ထာဝရဘုရားဖြစ်၏။

  16. မြေကြီးစွန်းသား အပေါင်းတို့၊ ငါ့ကို မျှော်ကြည့် ၍၊ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့။ ငါသည် ဘုရား သခင်ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။

  17. ထွက်ကြလော့ဟု ချုပ်ထားသော သူတို့အား၎င်း၊ ပေါ်လာကြလော့ဟု မှောင်မိုက်ထဲမှာ နေသောသူတို့အား၎င်း ပြောစေမည်အကြောင်း၊ လူမျိုးအား ပဋိညာဉ်တရား ကို ပြုစရာဘို့ သင့်ကို ခန့်ထားမည်။ သို့ဖြစ်၍၊ ထိုသူတို့ သည် လမ်းခရီးတို့အနားမှာ စားရ၍၊ မြင့်သော အရပ်ရပ် တို့၌ ကျက်စားရာကို တွေ့ရကြလိမ့်မည်။

  18. သူတို့သည် ရေစာကို မငတ်မမွတ်ရ။ အပူကို လည်း မခံရကြ။ နေရောင်ခြည်မထိရ။ အကြောင်းမူကား၊ သူတို့ကို သနားသော သူသည် သူတို့ကို ပို့ဆောင်၍၊ စမ်း ရေတွင်းအနားသို့ လမ်းပြလိမ့်မည်။

  19. ငါ၏တောင်ရှိသမျှတို့ကို သွားရာလမ်းဖြစ်စေ မည်။ ငါ၏မြေတန်တားများကိုလည်း ငါဖို့မည်။

  20. ကြည့်ရှုလော့။ ဤသူတို့သည် ဝေးသောအရပ်မှ လာကြလိမ့်မည်။ ကြည့်ရှုလော့။ ထိုသူတို့သည် မြောက် မျက်နှာနှင့်အနောက်မျက်နှာမှ၎င်း၊ ထိုသူတို့သည်လည်း၊ သိနိမ်ပြည်မှ၎င်း လာကြလိမ့်မည်ဟု မိန့်တော်မူ၏။

  21. ရှင်ဘုရင်တို့သည် သင်၏ ဘထွေး၊ မိဖုရားတို့ သည် သင့်ကို မွေးစားသော အမိဖြစ်ကြလိမ့်မည်။ သင့် ရှေ့မှာ ဦးညွှတ်ပြပ်ဝပ်၍၊ သင်၏ခြေ၌ မြေမှုန့်ကို လျက် ကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို၎င်း၊ ငါ့ကို မြော်လင့်သောသူတို့သည် ရှက်ကြောက်ခြင်းမရှိ ကြောင်းကို၎င်း သင်သိလိမ့်မည်။

  22. ဖြောင့်မတ်ခြင်းတရားသို့ လိုက်၍ ထာဝရ ဘုရားကို ရှာသောသူတို့၊ ငါ့စကားကို နားထောင်ကြ လော့။ သင်တို့ကို ခုတ်ယူရာ ကျောက်နှင့်၊ တူးယူရာ တွင်းဝကို ကြည့်ရှုကြလော့။

  23. တွေ့နိုင်သည် ကာလတွင် ထာဝရဘုရားကို ရှာကြလော့။ နီးတော်မူသည်ကာလတွင် ဆုတောင်း ပဌနာပြုကြလော့။

  24. ဆိုးသော သူသည် မိမိလမ်းကို၎င်း၊ မတရား သောသူသည် မိမိအကြံတို့ကို၎င်း စွန့်ပစ်၍၊ ထာဝရ ဘုရားထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနား တော်မူလိမ့်မည်။ ငါတို့ ဘုရားသခင့်ထံတော်သို့ ပြောင်းလဲ ပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကို လွှတ်တော်မူ လိမ့်မည်။

  25. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရွေးနှုတ် သောသခင်သည် ဇိအုန်တောင်ပေါ်သို့ ကြွ၍၊ မတရား သော အမှုမှလွှဲသော ယာကုပ်အမျိုးသားတို့ ရှိရာသို့ ရောက်လတံ့။