Skip to content

Rings အကြောင်း ကျမ်းစာအခန်းငယ်များ

19 အခန်းငယ် · 13 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ကုလားအုပ်များကို ရေသောက်စေပြီးသော နောက်၊ ယောက်ျားသည်၊ အချိန်ငါးမူးရှိသော ရွှေနှာဆွဲ၊ အကျပ်တဆယ်အချိန်ရှိသော ရွှေလက်ကောက်တရံကို ထုတ်၍၊

  2. ယုဒက အဘယ်အရာကို ပေါင်စေချင်သနည်း ဟု ပြန်၍မေးလေသော်၊ မိန်းမက၊ သင်၏တံဆိပ်၊ စလွယ်၊ လက်စွဲတောင်ဝေးတို့ကို ပေါင်တော့ဟု ဆိုသည်အတိုင်း၊ ထိုဥစ္စာကိုအပ်၍ မိန်းမထံသို့ဝင်သဖြင့်၊ သူသည် ပဋိ သန္ဓေစွဲယူလေ၏။

  3. လက်စွပ်တော်ကိုချွတ်၍ ယောသပ်လက်၌ စွပ်စေတော်မူ၏။ ပိတ်ချောအဝတ်ကိုလည်း ဝတ်စေ၍၊ လည်ပင်း၌ ရွှေစလွယ်ကိုဆွဲပြီးလျှင်၊

  4. ထိုကြောင့် ထာဝရဘုရားရှေ့တော်၌ အသက် အဘိုးကို ဖြေဘို့ ရာ လူအသီးအသီးရသော ရွှေတန်ဆာ၊ လည်ဆွဲ၊ လက်ကောက်၊ လက်စွပ်၊ နားတောင်း၊ နှာခေါင်း ဆွဲဘူးတို့ကို ထာဝရဘုရားအား ပူဇော်လျက် ဆောင်ခဲ့ ပါပြီဟု လျှောက်ဆိုလျှင်၊

  5. မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်၊ ထိုရွှေတည်းဟူသော လုပ်ပြီးသောတန်ဆာ ရှိသမျှတို့ကို ခံယူကြ၏။

  6. လဲသောနောက် အသက်မရှင်နိုင်သည်ကို ကျွန်တော်သိလျှင် သူ့ထံသို့သွား၍သတ်ပါ၏။ ခေါင်းတော် ၌ဆောင်းသောဦးရစ်နှင့်လက်ရုံးတော်၌ဝတ်သောလက်ကောက်ကို ချွတ်ယူပြီးလျှင်၊ ကျွန်တော်သခင့်ထံတော်သို့ ဆောင်ခဲ့ပါသည်ဟု လျှောက်လေ၏။

  7. ရှင်ဘုရင်ကလည်း၊ ထိုငွေကို သင့်အားငါပေး၏။

  8. ထိုအခါ ပဌမလတဆယ်သုံးရက်နေ့တွင်၊ စာရေးတော်ကြီးတို့ကို ခေါ်၍ ကိုယ်စားတော်မင်း၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ အရပ်ရပ်စီရင်သော သူကြီးတို့ကို ဟာမန်မှာထားသမျှအတိုင်း၊ လူအမျိုးမျိုး ပြောသော စကားအသီးအသီးအားဖြင့် ရှင်ဘုရင် အာရွှေရု၏ အမိန့်တော်ကို စာရေး၍၊ ရှင်ဘုရင်၏ လက်စွပ်တော်နှင့် တံဆိပ်ခတ်လေ၏။

  9. ရှင်ဘုရင်သည်လည်း၊ ဟာမန်လက်မှ နှုတ်သော လက်စွပ်တော်ကို တဖန်ချွတ်၍ မော်ဒကဲအား ပေးတော် မူ၏။ ဧသတာလည်း၊ ဟာမန်အိမ်ကို မော်ဒကဲ၌ အပ် လေ၏။

  10. သို့ရာတွင် ရှင်ဘုရင်လက်စွပ်နှင့် တံဆိပ်ခတ် သော ရှင်ဘုရင် မိန့်တော်စာကို အဘယ်သူမျှ မပယ်ရ သည်ဖြစ်၍၊ စိတ်ရှိသည်အတိုင်း ယုဒလူတို့အဘို့ အမိန့် တော်စာကို တဖန်ရေး၍၊ လက်စွပ်တော်နှင့် တံဆိပ်ခတ် ရမည်ဟု မိဖုရားဧသတာနှင့် ယုဒလူမော်ဒကဲတို့အား မိန့်တော်မူ၏။

  11. ရှင်ဘုရင် အာရွှေရု၏ အမိန့်တော်စာကိုရေး၍ ရှင်ဘုရင်လက် စွပ်တော်နှင့် တံဆိပ်ခတ်ပြီးမှ၊ မြင်း၊ လား၊ ကုလားအုပ်၊ မြည်းစီးသော စာပို့လုလင်တို့ဖြင့် ပေးလိုက် လေ၏။

  12. ထိုအခါ သူ၏ညီအစ်ကိုနှမများ၊ အရင်သိကျွမ်း သောသူများ၊ အပေါင်းတို့သည် သူ့ထံသို့လာ၍ သူ၏ အိမ်၌ သူနှင့်အတူစားသောက်ကြ၏။ အပေါ်မှာ ထာဝရဘုရားရောက်စေတော်မူသော ဒုက္ခဆင်းရဲရှိသမျှကို အောက်မေ့၍ သူနှင့်အတူ ညည်းတွားခြင်းနှင့် နှစ်သိမ့် စေခြင်းကို ပြုကြ၏။ ထိုသူအပေါင်းတို့သည်လည်း၊ ငွေ တပြားစီနှင့် ရွှေနားတောင်းတဘက်စီပေးကြ၏။

  13. လက်တော်တို့သည် မျက်ရွဲစီသောလက်စွပ်ကဲ့သို့၎င်း၊ ကိုယ်တော်သည် နီလာကျောက်ဖြင့် စီချယ်သော ဆင်စွယ်ဖြူကဲ့သို့၎င်းဖြစ်၏။

  14. တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်သတို့သမီးတို့သည် စိတ်မြင့်၍၊ မိမိလည်ပင်းကို ပြလျက်၊ မျက်စိလော်လည်လျက်၊ ခြေချင်းတန်ဆာမြည် လျက်၊ စိတ်စိတ်လှမ်းသွားတတ်သောကြောင့်၊

  15. လက်ဖွဲ့၊ လက်စွပ်၊ နှာဆွဲ၊

  16. နားထောင်း၊ နှာဆွဲ၊ လှသော ပေါင်းကိုလည်း ဆင်စေ၏။

  17. ဗာလဘုရားတို့အားနံ့သားပေါင်းကို မီးရှို့၍ နှခေါင်းဆွဲနှင့် လည်ဆွဲတန်ဆာကို ဆင်လျက် ရည်စား များ နောက်သို့လိုက်သဖြင့် ငါ့ကို မေ့လျော့၍ ဗာလဘုရား တို့ လက်ထက်၌ ပြုမိသောအပြစ်နှင့်အလျောက် စီရင် မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

  18. အဘက၊ မြတ်သောဝတ်လုံကို ယူခဲ့၍ သူ့ကို ခြုံကြ၊ သူ၏လက်၌ လက်စွပ်တန်ဆာကို ဆင်ကြ။

  19. ရွှေလက်စွပ်နှင့်တင့်တယ်သော အဝတ်ကို ဝတ်ဆင်သောသူ၊ ညစ်သောအဝတ်ကိုဝတ်၍ ဆင်းရဲသော သူနှစ်ဦးသည် သင်တို့၏ တရားစရပ်ထဲသို့ ဝင်သောအခါ၊