အကြောင်းအရာသို့ ကျော်သွားရန်

Rebellion Against God အကြောင်း ကျမ်းစာအခန်းငယ်များ

148 အခန်းငယ် · 63 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သာသနာပလူတို့တွင် သင်တို့ကို အရပ်ရပ် ငါကွဲပြားစေ၍၊ ထားမိုးလျက် လိုက်မည်။ သင်တို့ပြည် သည်လည်း လူဆိတ်ညံလျက်၊ မြို့သည်လည်း ပျက်စီးလျက်ရှိလိမ့်မည်။

  2. ထိုသို့ သင်တို့သည် ရန်သူပြည်၌နေ၍၊ ကိုယ်ပြည်သည် လူဆိတ်ညံလျက်နေသော ကာလပတ်လုံး ငြိမ်ဝပ်စွာနေ၍၊ မိမိဥပုသ်နေ့တို့၌ မွေ့လျော်ရလိမ့်မည်။

  3. လူဆိတ်ညံလျက်နေရသော ကာလပတ်လုံး ငြိမ်ဝပ်လိမ့်မည်။ သင်တို့ရှိနေသောအခါ၊ ဥပုသ်နေ့တို့၌ ပြည်ည် မငြိမ်မဝပ်ရ။

  4. ရန်သူပြည်မှာ ကျန်ကြွင်းသော သင်တို့ စိတ်နှလုံးထဲသို့၊ ထိတ်လန့်သော သဘောကို ငါပေးသွင်းသဖြင့်၊ သစ်ရွက်လှုပ်သံကြောင့် သင်တို့သည် ကြောက်၍၊ ထားဘေးမှ ပြေးသကဲ့သို့ ပြေးကြလိမ့်မည်။ အဘယ် သူမျှ မလိုက်သော်လည်း လဲကြလိမ့်မည်။

  5. အဘယ်သူမျှမလိုက်ဘဲ ထားဘေးမှ ပြေးသောသူကဲ့သို့ တယောက်အပေါ်မှာ တယောက်လဲကြလိမ့် မည်။ ရန်သူရှေ့မှာ ရပ်နိုင်သော တန်ခိုးမရှိရ။

  6. ရန်သူပြည်သည် သင်တို့ကို မျိုးစား၍၊ သာသနာပလူတို့တွင် ဆုံးရှုံးကြလိမ့်မည်။

  7. ကျန်ကြွင်းသော သင်တို့သည်၊ ရန်သူပြည်၌ ကိုယ်အပြစ်၊ ဘိုးဘတို့အပြစ်ကို ခံလျက်၊ ဘိုးဘနှင့်တကွ အားလျော့ကြလိမ့်မည်။

  8. ထာဝရဘုရားကို မပုန်ကန်ကြပါနှင့်။ ထိုပြည်သူ ပြည်သားတို့ကို မကြောက်ကြနှင့်။ သူတို့သည် ငါတို့ စား စရာဘို့ဖြစ်ကြ၏။ သူတို့၌ အမှီတကဲမရှိ။ ထာဝရဘုရား သည် ငါတို့ဘက်၌ ရှိတော်မူ၏။ သို့ဖြစ်၍ သူတို့ကို မကြောက်ကြနှင့်ဟု ပြောဆိုကြလေသော်။

  9. ထိုကြောင့် သင်နှင့်သင်၏အပေါင်းအသင်းရှိ သမျှတို့သည် ထာဝရဘုရားတဘက်၌ စုဝေးကြပြီ တကား။ အာရုန်ကို အပြစ်တင်၍ မြည်တမ်းရမည် အကြောင်း၊ သူသည် အဘယ်သို့သော သူဖြစ်သနည်းဟု ကောရအား ဆိုပြီးမှ၊

  10. သို့မဟုတ် ထာဝရဘုရားသည် အသစ်ဖန်ဆင်း တော်မူသဖြင့်၊ မြေကြီးကွဲပွင့်လျက် ဤလူတို့ကို၎င်း၊ သူတို့ နှင့်ဆိုင်သမျှကို၎င်း မျို၍၊ သူတို့သည် အသက်ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်းသွားလျှင်၊ ထာဝရဘုရား၌ ပြစ်မှား ကြောင်းကို သင်တို့သည် သိနားလည်ကြရလိမ့်မည်ဟု၊

  11. ထာဝရဘုရားရှေ့မှာ ငါတို့အစ်ကိုများသေသော အခါ၊ ငါတို့လည်း မသေပါလေ။

  12. အာရုန်ပါလျက်၊ ပရိသတ်တို့ကို ကျောက်ရှေ့မှာ စုဝေးစေပြီးလျှင်၊ အချင်းသူပုံတို့၊ နားထောင်ကြလော့။ ငါတို့သည် သင်တို့အဘို့ ဤကျောက်ထဲက ရေကို ထွက်စေ ရမည်လောဟု ဆိုလျက်၊

  13. ထာဝရဘုရားကလည်း၊ သင်တို့သည် ငါ့ကို မယုံ ကြည်၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ငါ့ကိုမရိုမသေ ပြုသောကြောင့်၊ ဤပရိသတ်တို့အား ငါပေးသောပြည်သို့ သင်တို့သည် ပို့ဆောင်သောအခွင့်ကို မရကြဟု မောရှေ နှင့် အာရုန်တို့အား မိန့်တော်မူ၏။

  14. သင်တို့သည် မေရိဘစမ်းရေနားမှာ ငါ့စကားကို ဆန့်ကျင်သောကြောင့်၊ ဣသရေလအမျိုးသားတို့အား ငါပေးသော ပြည်သို့အာရုန်သည် မဝင်ရ။ မိမိလူမျိုးစည်း ဝေးရာသို့ သွားရမည်။

  15. သင်သည်၊ သင်၏ ဘုရားသခင် ထာဝရဘုရား ကို အမျက်တော်ထွက်စေခြင်းငှာ၊ တော၌ပြုမိသည်ကို မမေ့နှင့်၊ အောက်မေ့လော့။ သင်သည် အဲဂုတ္တုပြည်ထဲက ထွက်သောနေ့မှစ၍ ဤအရပ်သို့ ရောက်သည် တိုင် အောင် ထာဝရဘုရားကို ပုန်ကန်ပြီ။

  16. ကာဒေရှဗာနာအရပ်၌လည်း၊ ထာဝရဘုရားက၊ သွား၍ ငါပေးသောပြည်ကို သိမ်းယူကြလော့ဟု သင်တို့ကို စေခိုင်းတော်မူသောအခါ၊ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား အမိန့်တော်ကို ငြင်းဆန်ကြ၏။ ကိုယ်တော်ကို မယုံ၊ စကားတော်ကို နားမထောင်ဘဲနေကြ၏။

  17. ငါသိကျွမ်းသော နေ့မှစ၍၊ သင်တို့သည် ထာဝရဘုရားကို ပုန်ကန်လျက်နေကြပြီ။

  18. ယနေ့ ငါဆင့်ဆိုသမျှသော ပညတ်တော်တို့ကို သင်သည် ကျင့်စောင့်ခြင်းငှာ၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို စေ့စေ့နားထောင်လျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် လူမျိုးတကာတို့ ထက် သင့်ကို ချီးမြှောက်တော်မူမည်။

  19. သင်၏ဘုရားသခင် ထာဝရဘုရား၏ စကား တော်ကို နားထောင်လျှင်၊ သင့်အပေါ်မှာ သက်ရောက် လတံ့သော ကောင်းကြီးမင်္ဂလာများ ဟူမူကား။

  20. သင်သည် မြို့၌ မင်္ဂလာရှိလိမ့်မည်၊ တော၌ မင်္ဂလာ ရှိလိမ့်မည်။

  21. သားသမီးအားဖြင့်၎င်း၊ မြေအသီးအနှံအားဖြင့် ၎င်း၊ တိရစ္ဆာန်ဘွားသော သားငယ်အားဖြင့်၎င်း၊ သိုးနွား အစီးအပွားအားဖြင့်၎င်း မင်္ဂလာရှိလိမ့်မည်။

  22. ခြင်တောင်း၌၎င်း၊ မုန့်နယ်သော ခွက်၌၎င်း မင်္ဂလာရှိလိမ့်မည်။

  23. မိမိအိမ်ထဲသို့ ဝင်သောအခါ မင်္ဂလာ ရှိလိမ့် မည်၊ ပြင်သို့ထွက်သောအခါ မင်္ဂလာရှိလိမ့်မည်။

  24. သင့်တဘက်၌ ထသော ရန်သူတို့ကို သင့်မျက် မှောက်၌ ထာဝရဘုရားသည် ဒဏ်ခံစေတော်မူမည်။ သူတို့သည် တလမ်းတည်းဖြင့် သင်ရှိရာသို့ လာသော် လည်း၊ လမ်းခုနှစ်သွယ်ဖြင့် သင့်ရှေ့မှ ပြေးကြလိမ့်မည်။

  25. သင်၏ ဘဏ္ဍာတိုက်၌၎င်း၊ သင်ပြုလေရာရာ၌ ၎င်း၊ ထာဝရဘုရားသည် သင့်အပေါ်မှာ မင်္ဂလာ ရောက် စေခြင်းငှာ မိန့်တော်မူမည်။ သင်၏ ဘုရားသခင် ထာဝရ ဘုရားပေးတော်မူသောပြည်၌ သင့်ကို ကောင်းကြီး မင်္ဂလာပေးတော်မူမည်။