အကြောင်းအရာသို့ ကျော်သွားရန်

Psalms အကြောင်း ကျမ်းစာအခန်းငယ်များ

896 အခန်းငယ် · 16 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကို ချီယူတော်မူမည်။

  2. အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အား ပြသသွန်သင်တော်မူပါ။ အကျွန်ုပ်၏ ရန်သူတို့ကြောင့် ဖြောင့်သောလမ်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။

  3. မမှန်သောသက်သေကို ခံသောသူတို့နှင့် ညှဉ်း ဆဲခြင်းငှါ၊ ပြင်းစွာ အသက်ရှူသော သူတို့သည် အကျွန်ုပ် တဘက်၌ ထကြသည်ဖြစ်၍၊ ရန်သူတို့အလိုသို့ အကျွန်ုပ် ကို အပ်နှံတော်မမူပါနှင့်။

  4. အကယ်စင်စစ် အသက်ရှင်သောသူတို့၏ နေရာတွင်၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ငါတွေ့မြင် ပြီဟု ယုံမှတ်စွဲလမ်းခြင်းရှိ၏။

  5. ထာဝရဘုရားကို မြော်လင့်လော့။ အားယူ၍ ရဲရင့်သော စိတ်နှလုံးရှိလော့။ ထာဝရဘုရားကို မြော်လင့် လျက်နေလော့။

  6. အကျွန်ုပ်၏ ကျောက်ဖြစ်တော်မူသော ထာဝရ ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ မထူးဘဲ နေတော်မမူပါနှင့်။ မထူးဘဲနေတော်မူလျှင်၊ အကျွန်ုပ် သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူ ကဲ့သို့ဖြစ်ရ ပါမည်။

  7. အကျွန်ုပ်သည် သန့်ရှင်းသောဗျာဒိတ်ဌာနတော်သို့ လက်ကိုချီ၍၊ ကိုယ်တော်ကို အော်ဟစ်သောအခါ၊ အကျွန်ုပ်တောင်းလျှောက်သော အသံကို နားထောင် တော်မူပါ။

  8. အိမ်နီးချင်း၏ အကျိုးကိုဖျက်ဆီးလိုသော စိတ်နှလုံးရှိသည်နှင့်၊ လောကဝတ်စကားကို ပြောတတ် သောသူတည်းဟူသော ဆိုးယုတ်သောအမှု၊ မတရား သောအမှုကို ပြုတတ်သောသူတို့နှင့်အတူ အကျွန်ုပ်ကို သွေးဆောင်တော်မမူပါနှင့်။

  9. သူတို့ကျင့်သော အကျင့်ဓလေ့ဆိုးယုတ်သည် နှင့်အညီ၊ အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။ သူတို့ ပြုမူသည် အတိုင်းဆပ်ပေး၍၊ အပြစ်နှင့် အလျောက်စီရင် တော်မူပါ။

  10. သူတို့သည် ထာဝရဘုရား၏အမှုတော်ကို၎င်း၊ လက်တော်နှင့်ပြုပြင်တော်မူရာကို၎င်း မမှတ်ကြသော ကြောင့်၊ တည်ဆောက်တော်မမူ၊ ဖြိုဖျက်တော်မူမည်။

  11. ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသ တည်း။

  12. ငါတောင်းလျှောက်သောအသံကို နားထောင် တော်မူပြီ။ ထာဝရဘုရားသည် ငါ၏ခွန်အားဗလ၊ ငါ၏ အကွယ်အကာဖြစ်တော်မူ၏။ ငါ့နှလုံးသည် ထိုဘုရားကို ကိုးစား၍၊ ငါ့ကို စောင့်မတော်မူသောကြောင့်၊ ငါ့နှလုံး သည်ရွှင်လန်းလျက်ရှိ၏။ သီချင်းဆိုလျက်ဂုဏ်တော်ကို ငါချီးမွမ်း မည်။

  13. ထာဝရဘုရားသည် မိမိလူစု၏ ခွန်အားဗလ ဖြစ်တော်မူ၏။ အထံတော်၌ ဘိသိတ်ခံသောသူ၏ ကယ်တင်ခြင်းအကြောင်းကို ခိုင်ခံ့မြဲမြံစေတော်မူ၏။

  14. ကိုယ်တော်၏လူစုကို ကယ်တင်၍၊ အမွေတော် ကို ကောင်းကြီးမင်္ဂလာပေးတော်မူပါ။ သူတို့ကိုအုပ်ထိန်း ၍၊ ထာဝရချီးမြှောက်ခြင်းရှိစေတော်မူပါ။

  15. အိုဘုရားသခင်သားတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။

  16. ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံလျက်၊ သန့်ရှင်းသောတန်ဆာကို ဆင်၍၊ ထာဝရဘုရားကို ကိုးကွယ်ကြလော့။

  17. ထာဝရဘုရား၏ အသံတော်သည် သမုဒ္ဒရာ ပေါ်မှာ ရှိတော်မူ၏။ ဘုန်းကြီးတော်မူသော ဘုရား သခင်သည် မိုဃ်းချုန်းတော်မူ၏။ ထာဝရဘုရားသည် များစွာသောရေပေါ်မှာ ရှိတော်မူ၏။

  18. ထာဝရဘုရား၏ အသံတော်သည် တန်ခိုး နှင့်ပြည့်စုံတော်မူ၏။ ထာဝရဘုရား၏ အသံတော်သည် ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏။

  19. ထာဝရဘုရား၏ အသံတော်သည် အာရဇ်ပင် တို့ကို ချိုးတော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် လေဗနုန်အာရဇ်တော်ကို ချိုးတော်မူ၏။

  20. တောကို နွားသငယ်ကဲ့သို့၎င်း၊ လေဗနုန်တော နှင့် စိရုန်တောကို ကြံ့သငယ်ကဲ့သို့၎င်း ခုန်စေတော်မူ၏။

  21. ထာဝရဘုရား၏ အသံတော်သည် မီးလျှံကို ခွဲတော်မူ၏။

  22. ထာဝရဘုရား၏ အသံတော်သည် တောကို ချောက်ချားတော်မူ၏။ ထာဝရဘုရားသည် ကာဒေရှ တောကို ချောက်ချားတော်မူ၏။

  23. ထာဝရဘုရား၏ အသံတော်သည် သမင်ဒရယ် မတို့ကို မွေးဘွားစေတော်မူ၏။ တောတန်ဆာတို့ကိုလည်း ပယ်ရှင်းတော်မူ၏။ ဗိမာန်တော်၌ ခပ်သိမ်းသောသူတို့ သည် ဘုန်းတော်ကို ဘော်ပြကြစေ။

  24. ထာဝရဘုရားသည် မိုဃ်းသက်မုန်တိုင်းပေါ်မှာ ထိုင်တော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် အစဉ်အမြဲ ရှင်ဘုရင်အရာနှင့် ထိုင်တော်မူ၏။

  25. ထာဝရဘုရားသည် မိမိလူစုကို ခိုင်ခံ့စေတော် မူမည်။ ထာဝရဘုရားသည် မိမိလူစုအား ငြိမ်သက်ခြင်း ကောင်းကြီးမင်္ဂလာကို ပေးတော်မူမည်။