Prisons အကြောင်း ကျမ်းစာအခန်းငယ်များ: Prisoner's own house, where he was kept bound to a soldier
Prisoner's own house, where he was kept bound to a soldier အကြောင်း အခန်းငယ်များ
ရောမမြို့သို့ရောက်ကြသောအခါ တပ်မှူးသည် အကျဉ်းခံသောသူတို့ကို ကိုယ်ရံတော်မှူး၌ အပ်လေသော်၊ ပေါလုသည်မိမိကို စောင့်သောစစ်သူရဲတယောက်နှင့် အတူမိမိအလိုအလျောက်နေရသော အခွင့်ကိုရ၏။
ထိုနောက်မှပေါလုသည် နှစ်နှစ်ပတ်လုံး မိမိငှါးသော အိမ်၌နေသဖြင့်၊ မိမိထံသို့လာသော သူအပေါင်း တို့ကို ဧည့်ခံ၍၊
ထာဝရဘုရား၏ ကရုဏာတော်သည် ဩနေသိဖော်၏အိမ်၌သက်ရောက်ပါစေသော။ သူသည်ငါ့ကို အဖန်ဖန်သက်သာစေပြီ။ ငါ၌သံကြိုးချည်နှောင်လျက်ရှိသော်လည်း၊ သူသည် ရှက်ကြောက်ခြင်းမရှိဘဲ၊
ရောမမြို့သို့ရောက်သောအခါ သာ၍ကြိုးစားလျက်ငါ့ကိုရှာ၍တွေ့၏။
သူသည်ထိုနေ့ရက်၌ သခင်ဘုရား၏လက်မှ ကရုဏာတော်ကို ခံရမည်အကြောင်း၊ ထာဝရဘုရားသည် ပေးသနားတော်မူပါစေသော။ သူသည်ဧဖက်မြို့၌လည်း ငါ့ကို အဘယ်မျှလောက် ပြုစုသည်ကို သင်သည် အမှန်သိ၏။