Prisons အကြောင်း ကျမ်းစာအခန်းငယ်များ: Enemies taken captive
Enemies taken captive အကြောင်း အခန်းငယ်များ
ဖိလိတ္တိလူတို့သည် ဘမ်းဆီး၍ သူ့မျက်စိကို ဖောက်ပြီးမှ ဂါဇမြို့သို့ ယူသွားပြီးလျှင် ကြေးဝါကြိုးနှင့် ချည်နှောင်၍ ထောင်အိမ်၌ ကြိတ်ဆုံနှင့် ကြိတ်စေကြ၏။
နောက်တဖန်နှစ်တိုင်းဆက်ရသော အခွန်ကို မဆက်။ သွာအမည်ရှိသော အဲဂုတ္တုရှင်ဘုရင်ထံသို့ သံတမန်ကိုစေလွှတ်၍၊ ပုန်ကန်မည့်အကြံရှိသည်ကို အာရှုရိရှင်ဘုရင်သိသဖြင့်၊ ဟောရှေကိုဘမ်းဆီး၍ ထောင်ထဲမှာ ချုပ်ထားပြီးလျှင်၊
ဇေဒကိမျက်စိကိုလည်း ဖေါက်ပြီးမှ၊ သူ့ကို ကြေးဝါကြိုးနှင့်ချည်နှောင်၍ ဗာဗုလုန်မြို့သို့ ယူသွား သဖြင့်၊ သေသည်တိုင်အောင် ထောင်ထဲမှာ လှောင်ထား လေ၏။