Prisons အကြောင်း ကျမ်းစာအခန်းငယ်များ: Often bound with fetters
Often bound with fetters အကြောင်း အခန်းငယ်များ
သင်တို့သည် ဖြောင့်မတ်သောသူမှန်လျှင်၊ သင်တို့ညီအစ်ကိုတို့တွင် တစုံတယောက်ကို ထောင်အိမ်၌ အချုပ်ခံလျက်နေစေပြီးလျှင်၊ ကြွင်းသော သူတို့မူကား သွားကြလော့။ အိမ်သူအိမ်သားတို့၌ အစာခေါင်းပါး သောကြောင့် စပါးကိုယူ၍သွားကြလော့။
သံကြိုးနှင့် ချည်လျက်ဗာဗုလုန် ရှင်ဘုရင်ထံသို့ ဆောင်သွား၍၊ သူ၏အသံသည် ဣသရေလတောင် ပေါ်မှာ နောက်တဖန်မမြည်စေခြင်းငှါ နှောင်အိမ်၌ လှောင်ထားကြ၏။
အထက်က ဟေရုဒ်သည် မိမိညီ ဖိလိပ္ပု၏ ခင်ပွန်းဟေရောဒိကို သိမ်းယူသဖြင့်၊ ထိုမိန်းမအကြောင်း ကြောင့် စေလွှတ်၍ ယောဟန်ကို ဘမ်းဆီးပြီးလျှင် ထောင်ထဲမှာချုပ်နှောင်လေ၏။