အကြောင်းအရာသို့ ကျော်သွားရန်

Offerings အကြောင်း ကျမ်းစာအခန်းငယ်များ

433 အခန်းငယ် · 61 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တပါး အမျိုးသားဖြစ်စေ၊ သစ္စာဂတိ ရှိ၍ ပြုသော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာတည်းဟူသော မီးရှို့ရာယဇ်ကို ထာဝရ ဘုရားအား ပူဇော်လိုလျှင်၊-

  2. စိတ်တော်နှင့်တွေ့ခြင်းငှါ၊ အပြစ်မပါသောသိုး၊ ဆိတ်၊ နွားအထီးကို ပူဇော်ရမည်။

  3. အပြစ်ပါသော အကောင်ကို မပူဇော်ရ။ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့။

  4. သစ္စာဂတိရှိ၍ ပြုသော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာ သိုး၊ ဆိတ်၊ နွားကို ထာဝရဘုရားအား ယဇ်ပူဇော်လိုလျှင်၊ စိတ်တော်နှင့် တွေ့ခြင်းငှါ စုံလင်ရမည်။ အပြစ်တစုံတခုမျှ မရှိရ။

  5. မျက်စိကန်းသောအပြစ်၊ အရိုးကျိုးသောအပြစ်၊ အင်္ဂါချို့တဲ့သောအပြစ်၊ မြင်းဖုရှိသောအပြစ်၊ ဝဲနာ၊ ယားနာစွဲသောအပြစ်၊ တစုံတခုရှိလျှင်၊ ထာဝရဘုရားအား မပူဇော်ရ။ ယဇ်ပလ္လင်ပေါ်မှာ ထာဝရ ဘုရားအား မီးဖြင့် ပူဇော်သက္ကာမပြုရ။

  6. သို့ရာတွင် အင်္ဂါပိုခြင်း၊ ချို့တဲ့ခြင်း အပြစ်ရှိသော သိုး၊ ဆိတ်၊ နွားကို အလိုလို ပူဇော်သက္ကာဘို့ ပူဇော်ရမည်။ သစ္စာဂတိနှင့်ဆိုင်၍ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့။

  7. ကြိတ်နယ် စုတ်ပြတ်ရာ အနာရှိသော အထီးကို ထာဝရဘုရားအား မပူဇော်ရ။ သင်တို့ပြည်၌ ထိုသို့သောအကောင်ကို ပူဇော်သက္ကာမပြုရ။

  8. ထိုသို့သောအကောင်ကို တပါးအမျိုးသား ဆက်သော်လည်း ပျက်သောအပြစ်ပါသောကြောင့်၊ သင်တို့၏ ဘုရားသခင့်ပွဲတော်ဘို့ မပူဇော်ရ။ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့ဟု မိန့်တော်မူ၏။

  9. သိုး၊ ဆိတ်၊ နွားတို့သည် မွေးဘွားသောအခါ ခုနစ်ရက်အတွင်းတွင် သားငယ်ကို အမိနှင့် မကွာစေရ။ အဋ္ဌမနေ့မှစ၍ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာဘို့တော်သင့်၏။

  10. ကျေးဇူးတော်ဝန်ခံရာယဇ်ကို ထာဝရဘုရားအား ပူဇော်လိုလျှင်၊ စိတ်တော်နှင့်တွေ့ခြင်းငှါ ပူဇော်လော့။

  11. ထိုယဇ်နှင့်ဆိုင်သော ဘောဇဉ်ပူဇော်သက္ကာကား၊ ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးဖြင့်ပြုသော ပူဇော်သက္ကာတည်းဟူသော ဆီနှင့်ရောသော မုန့်ညက်နှစ်ဩမဲ ဖြစ်ရမည်။ သွန်းလောင်းရာ ပူဇော်သက္ကာကား၊ စပျစ်ရည်သုံးလောဃ ဖြစ်ရမည်။

  12. ထိုမုန့်နှင့်တကွ အခါမလည် အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်၊ နွားသငယ် အထီးတကောင်၊ ဆိတ်နှစ်ကောင်ကို ဆက်၍၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာနှင့်တကွ၊ ထာဝရဘုရားအား မွှေးကြိုင်ရာသို့ မီးဖြင့်ပြုသောပူဇော်သက္ကာ တည်းဟူသောမီးရှိုရာယဇ်ကို ထာဝရ ဘုရားအား ပူဇော်ရမည်။

  13. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို၎င်း၊ မိဿဟာယယဇ်ဘို့ အခါမလည်သော သိုးသငယ်နှစ်ကောင်ကို၎င်း ပူဇော်၍၊-

  14. ဤရွေ့ကား၊ ထာဝရဘုရား၏ ဥပုသ်နေ့၊ ထာဝရဘုရားအား ဆက်ကပ်ရသော အလှူဒါန၊ သစ္စာဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာမှတပါး၊ နေ့ရက်အသီးအသီးတို့ ၌ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ ယဇ်ပူဇော် ခြင်း၊ သွန်းလောင်းရာ ပူဇော်သက္ကာကို ပြုစေခြင်းငှါ စီရင်ရသော ဓမ္မစည်းဝေးခြင်း၊ ထာဝရဘုရား ၏ ပွဲတော်များ ဖြစ်သတည်း။

  15. ထာဝရဘုရားအား မပူဇော်အပ်၊ မစင်ကြယ်သော တိရစ္ဆာန်ဖြစ်လျှင်၊ ယဇ်ပုရောဟိတ်အား ပြ၍၊

  16. မစင်ကြယ်သော တိရစ္ဆာန်ဖြစ်လျှင်၊ အဘိုးပြတ်သည်အတိုင်း ရွေး၍၊ ငါးစုတစုကို ထပ်၍ ပေးရမည်။ မရွေးလိုလျှင်၊ အဘိုးပြတ်သည်အတိုင်း ရောင်းရမည်။

  17. စပါးဖြစ်စေ၊ သစ်သီးဖြစ်စေ၊ မြေကဖြစ်သမျှသော အသီးအနှံ ဆယ်စုတစုသည် ထာဝရဘုရား၏ ဘဏ္ဍာတော် ဖြစ်၏။ ထာဝရဘုရားအဘို့ သန့်ရှင်းရမည်။

  18. ထိုမိန်းမပြုရသော ပူဇော်သက္ကာဘို့မှယောမုန့်၊ တဩမဲပါလျက် သူ့ကိုယဇ်ပုရောဟိတ်ထံသို့ ခေါ်သွားရမည်။ မုန့်ညက်ပေါ်မှာ ဆီကိုမလောင်းရ။ လောဗန်ကိုမတင်ရ။ မယားကိုမယုံခြင်း ပူဇော်သက္ကာအပြစ်ကို ဖေါ်တင်ရာ ပူဇော်သက္ကာဖြစ်၏။

  19. မီးရှို့ရာယဇ်ဘို့ အခါမလည် အပြစ်မပါသော သိုး သငယ်အထီးတကောင် အပြစ်ဖြေရာယဇ်ဘို့အခါမလည် အပြစ်မပါသော သိုးသငယ်အမတကောင် မိဿဟာယ ယဇ်ဘို့ အပြစ်မပါသောဆိတ်တကောင်၊

  20. တဆေးမဲ့ မုန့်တတောင်းနှင့်တကွ၊ မိဿဟာယ ယဇ်ဆိတ်ကို၎င်း ဘောဇဉ်ပူဇော်သက္ကာ သွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ထာဝရဘုရားအားပူဇော်ရမည်။

  21. စာရင်းဝင်သောသူတို့ကို အုပ်၍ ဣသရေလ အမျိုးအနွယ်အသီးသီးတို့၌ မင်းဖြစ်သောသူ၊ အဆွေ အမျိုးသူကြီးမင်းတို့သည်၊

  22. မင်းတပါးနွားထီးတ ကောင်စီ၊ မင်းနှစ်ပါးအမိုး ပါသော ရထားတခုစီ၊ ရထားခြောက်ခု၊ နွားဆယ် နှစ်ကောင်တို့ကို တဲတော်ရှေ့သို့ ဆောင်ခဲ့၍ ထာဝရ ဘုရားအား ပူဇော်သက္ကာပြုကြ၏။

  23. ထာဝရဘုရားကလည်း သင်သည် ပရိသတ် စည်းဝေးရာ တဲတော်အမှုဆောင်ရွက်စရာတို့ ခံယူ၍ အမှု ကို ဆောင်ရွက်ရသည့်အတိုင်း လောဝိသား အသီးသီးတို့ အား ပေးလော့ဟု မိန့်တော်မူ၏။

  24. ထာဝရဘုရားကလည်း သင်သည် ပရိသတ် စည်းဝေးရာ တဲတော်အမှုဆောင်ရွက်စရာတို့ ခံယူ၍ အမှု ကို ဆောင်ရွက်ရသည့်အတိုင်း လောဝိသား အသီးသီးတို့ အား ပေးလော့ဟု မိန့်တော်မူ၏။

  25. မောရှေသည်ရထားနှင့် နွားတို့ကိုခံယူ၍ လေဝိသားတို့အား ပေးသဖြင့်