အကြောင်းအရာသို့ ကျော်သွားရန်

Nebuzar-Adan အကြောင်း ကျမ်းစာအခန်းငယ်များ: Commands the Assyrian army which besieged Jerusalem and carried the inhabitants to Babylon

36 အခန်းငယ် · 2 ရှုထောင့်

Commands the Assyrian army which besieged Jerusalem and carried the inhabitants to Babylon အကြောင်း အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာနန်းစံ ဆယ် ကိုးနှစ်၊ ပဉ္စမလ ခုနစ်ရက်နေ့တွင်၊ အမှုတော်ထမ်း ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ယေရုရှလင်မြို့သို့ လာ၍၊

  2. ဗိမာန်တော်၊ နန်းတော်၊ မင်းအိမ်၊ ဆင်းရဲသား အိမ်ရှိသမျှတို့ကို မီးရှို့လေ၏။

  3. ကိုယ်ရံတော်မှူး၌ပါသော ခါလဒဲစစ်သူရဲ အပေါင်းတို့သည် ယေရုရှလင်မြို့ရိုးရှိသမျှတို့ကို ဖြိုဖျက် ကြ၏။

  4. ထိုအခါကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာ ကျန်ကြွင်းသောသူ၊ ဗာဗုလုန်ရှင်ဘုရင်ဘက်သို့ ကူးသွားနှင့်သောသူ၊ ကြွင်းသမျှသောသူတို့ကို သိမ်းသွား လေ၏။

  5. သို့ရာတွင် စပျစ်ဥယျာဉ်ကိုပြုစု၍ လယ်လုပ် စေခြင်းငှါ၊ ဆင်းရဲသားအချို့တို့ကိုထားခဲ့လေ၏။

  6. ဗိမာန်တော်၌ ကြေးဝါတိုင်တို့ကို၎င်း၊ ကြေးဝါ ရေကန်ကို၎င်း၊ ရေချိုးအင်တုံအခြေအမြစ်တို့ကို၎င်း၊ ခါလဒဲလူတို့သည် ချိုးဖဲ့၍၊ ကြေးဝါရှိသမျှကို ဗာဗုလုန်မြို့သို့ ယူသွား ကြ၏။

  7. အိုးကင်း၊ တူးရွင်းပြား၊ မီးညှပ်၊ ဇွန်းမှစ၍ အမှုတော်ထမ်းစရာ ကြေးဝါတန်ဆာရှိသမျှ တို့ကိုလည်း ယူသွားကြ၏။

  8. ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသော လင်ပန်း၊ အိုးအစရှိသော တန်ဆာများကို ရွှေဖြစ်စေ၊ ငွေဖြစ်စေ၊ ကိုယ်ရံတော်မှူးသည် ယူသွားလေ၏။

  9. ဗိမာန်တော်၌ ရှောလမုန်မင်းလုပ်သော တိုင်နှစ် တိုင်၊ ရေကန်တခု၊ အခြေအမြစ်များ၌ပါသော ကြေးဝါ သည် အချိန်အားဖြင့် အတိုင်းမသိ များ၏။

  10. တိုင်အမြင့်ကားတဆယ်ရှစ်တောင်ရှိ၏။ ကြေးဝါ တိုင်ထိပ်လည်း ရှိ၏။ တိုင်ထိပ်အမြင့်ကား သုံးတောင်ရှိ၍၊ ထိပ်ပတ်လည်း ကြေးဝါကွန် ရွက်၊ ကြေးဝါသလဲသီးတို့နှင့် ပြည့်စုံ၏။ အခြားသောတိုင်သည်လည်း ထိုအတူဖြစ်၍ ကွန်ရွက်နှင့် ပြည့်စုံ၏။

  11. ကိုယ်ရံတော်မှူးသည် ယဇ်ပုရောဟိတ်မင်း စရာယ၊ ဒုတိယယဇ်ပုရောဟိတ်ဇေဖနိ၊ ဗိမာန်တော် တံခါးမှူး သုံးယောက်တို့ကို ဘမ်းဆီးလေ၏။

  12. စစ်သူရဲတို့ကိုအုပ်သော ဗိုလ်တယောက်၊ မြို့ထဲ ၌တွေ့မိသော တိုင်ပင်မှူးမတ်ငါးယောက်၊ ပြည်သူ ပြည်သားများကို နှိုးဆော်သော တပ်စာရေးကြီး တယောက်၊ မြို့ထဲ၌တွေ့မိသော ပြည်သားခြောက်ဆယ်တို့ ကိုမြို့ထဲကခေါ်သွား၍၊

  13. ဗာဗုလုန်ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ဆောင်ခဲ့ ပြီးလျှင်၊

  14. ဗာဗုလုန်ရှင်ဘုရင်သည် ဟာမတ်ပြည်ရိဗလမြို့ ၌ ထိုသူတု့ကို ဒဏ်ပေး၍ ကွပ်မျက်လေ၏။ ထိုသို့ ယုဒအမျိုးသည် မိမိပြည်မှ သိမ်းသွားခြင်းကို ခံရ သတည်း။

  15. ထိုအခါ ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲမှာကျန်ကြွင်းသောသူ၊ ခါလဒဲလူဘက်သို့ ကူးသွား နှင့်သောသူ၊ ကျန်ကြွင်းသမျှသော သူတို့ကိုဗာဗုလုန်မြို့သို့ သိမ်းသွားလေ၏။

  16. သို့ရာတွင်၊ ဥစ္စာအလျှင်းမရှိသော ဆင်းရဲသား အချို့တို့ကို ယုဒပြည်၌ထားခဲ့၍၊ စပျစ်ဥယျာဉ်နှင့် လယ်ယာတို့ကို ပေးလေ၏။

  17. ပြန်လာသော ယုဒအမျိုးသားအကျန်အကြွင်း၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ မင်းသမီးအစရှိသော ကိုယ်ရံ တော်မှူးနေဗုဇာရဒန်သည် ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိ၌အပ်သော လူအပေါင်းတို့ကို၎င်း၊ ပရောဖက်ယေရမိ၊ နေရိသားဗာရုတ်ကို၎င်း၊ ကာရာ သားယောဟနန်နှင့် တပ်မှူးအပေါင်းတို့သည်ယူ၍၊

  18. ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံ တဆယ်ကိုးနှစ်၊ ပဉ္စမလဆယ်ရက်နေ့တွင်၊ အမှုတော် ထမ်းကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရုရှလင်မြို့ သို့လာ၍၊

  19. ဗိမာန်တော်၊ နန်းတော်၊ မင်းအိမ်၊ ဆင်းရဲသား အိမ်ရှိသမျှတို့ကို မီးရှို့လေ၏။

  20. ကိုယ်ရံတော်မှူး၌ပါသော ခါလဒဲ စစ်သူရဲ အပေါင်းတို့သည် ယေရုရှလင်မြို့ရိုးရှိသမျှတို့ကို ဖြိုဖျက် ကြ၏။

  21. ထိုအခါ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာ ကျန်ကြွင်းသောဆင်းရဲသား၊ ဗာဗုလုန်ရှင်ဘုရင် ဘက်သို့ကူးသွားနှင့်သောမြို့သား၊ ကြွင်းသမျှသော သူတို့ကို သိမ်းသွားလေ၏။

  22. သို့ရာတွင်၊ စပျစ်ဥယျာဉ်ကိုပြုစု၍ လယ်လုပ် စေခြင်းငှါ၊ဆင်းရဲ သားအချို့တို့ကို ထားခဲ့လေ၏။

  23. ဗိမာန်တော်၌ ကြေးဝါတိုင်တို့ကို၎င်း၊ ကြေးဝါ ရေကန်ကို၎င်း၊ ရေချိုးအင်တုံအခြေအမြစ်တို့ကို၎င်း၊ ခါလဒဲလူတို့သည်ချိုးဖဲ့၍၊ ကြေးဝါရှိသမျှကို ဗာဗုလုန် မြို့သို့ ယူသွားကြ၏။

  24. အိုးကင်း၊ တူးရွင်းပြား၊ မီးညှပ်၊ အိုး၊ ဇွန်းမှစ၍ အမှုတော်ထမ်းစရာ၊ ကြေးဝါတန်ဆာရှိသမျှတို့ကိုလည်း ယူသွားကြ၏။

  25. ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသော အင်တုံ၊ လင်ပန်း၊ အိုး၊ အိုးကင်း၊ မီးခုံ၊ ဇွန်း၊ ဖလားများကို၊ ရွှေဖြစ်စေ၊ ငွေဖြစ်စေ၊ ကိုယ်ရံတော်မှူးသည် ယူသွား လေ၏။