Skip to content

Ramah

17 verses · 2 known names

အခြားအမည်: Ramath

31.8900, 35.2000 Google Maps တွင် ကြည့်ရန်

Ramah ကို ဖော်ပြသော အခန်းငယ်များ

  1. ထိုမှတပါး၊ ဂိဗောင်မြို့၊ ရာမမြို့၊ ဗေရုတ်မြို့၊

  2. ထိုမှတပါး တောင်မျက်နှာ၌ ဗာလတ်ဗေရရာ မတ်မြို့တိုင်အောင် အထက်ဆိုခဲ့ပြီးသော မြို့ပတ်ဝန်း ကျင် ရွာရှိသမျှပါသတည်း။ ဤရွေ့ကား ရှိမောင်အမျိုး သားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။

  3. သူသည် ဧဖရိမ်တောင်ပေါ်၊ ရာမမြို့နှင့် ဗေသလမြို့စပ်ကြား၊ ဒေဗောရစွန်ပလွံပင်အောက်မှာနေ၍၊ ဣသရေလအမျိုးသားတို့သည် ထိုပရောဖက်မ၏ စီရင်ခြင်းကို ခံအံ့သောငှါ ရောက်လာတတ်ကြ၏။

  4. ဂိဗာမြို့၊ ရာမမြို့ အစရှိသော တစုံတခုသောအရပ်၌ ညဉ့်ကိုလွန်စေခြင်းငှါ သွားကြကုန်အံ့ဟု ငယ်သားအားဆိုလျက်၊-

  5. ဣသရေလရှင်ဘုရင် ဗာရှာသည် ယုဒပြည်သို့ စစ်ချီ၍၊ ယုဒရှင်ဘုရင်အာသထံသို့ အဘယ်သူမျှ မထွက် မဝင်စေခြင်းငှါ ရာမမြို့ကို တည်၏။

  6. ထိုသိတင်းကို ဗာရှာသည် ကြားသောအခါ၊ ရာမမြို့ကို လက်စမသတ်ဘဲ တိရဇမြို့၌ နေရ၏။

  7. ထိုအခါ အာသမင်းကြီးသည် ယုဒပြည် တရှောက်လုံးတွင် အမိန့်တော်ကို ကြော်ငြာစေသဖြင့်၊ ပြည်သားတယောက်မျှ မလွတ်၊ ရှိသမျှတို့သည် ရာမမြို့၌ ဗာရှာမင်းသွင်းသော ကျောက်နှင့် သစ်သားကိုယူသွား ကြ၍၊ အာသမင်းကြီးသည် ဗင်္ယာမိန်ခရိုင်၌ ဂေဘမြို့နှင့် မိဇပါမြို့ကို တည်၏။

  8. အာသမင်းနန်းစံသုံးဆယ်ခြောက်နှစ်တွင်၊ ဣသ ရေလရှင်ဘုရင်ဗာရှာသည် ယုဒပြည်သို့ စစ်ချီ၍၊ ယုဒ ရှင်ဘုရင် အာသထံသို့ အဘယ်သူမျှ မထွက်မဝင်စေခြင်း ငှါ၊ ရာမမြို့ကိုတည်၏။

  9. ထိုသိတင်းကို ဗာရှာသည်ကြားသောအခါ၊ ရာမမြို့ကို လက်စမသတ်ဘဲ အလုပ်ကိုဖြတ်၍နေ၏။

  10. ထိုအခါအာသမင်းကြီးသည် ယုဒလူအပေါင်းကို ခေါ်သဖြင့်၊ ရာမမြို့၌ ဗာရှာမင်းသွင်းသောကျောက်နှင့် သစ်သားကိုယူသွား၍၊ ဂေဘမြို့နှင့်မိဇပါမြို့ကိုတည်၏။

  11. ရာမမြို့၊ ဂါဘမြို့သားခြောက်ရာနှစ်ဆယ်တယောက်၊

  12. ရာမမြို့၊ ဂါဗမြို့သား ခြောက်ရာနှစ်ဆယ် တယောက်၊

  13. ဟာဇော်၊ ရာမ၊ ဂိတ္တိမ်၊

  14. တောင်ကြားကို လွန်ကြပြီ။ ဂေဗမြို့၌ စားခန်းချ ကြပြီ။ ရာမမြို့သည် ကြောက်လန့်လျက်ရှိ၏။ ရှောလု နေရာဂိဗာမြို့သည် ပြေး၏။

  15. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရာမအရပ် ၌ သည်းစွာသော ညည်းတွားငိုကြွေးခြင်းအသံကို ကြားရ ၍၊ ရာခေလသည် မိမိသားတို့မရှိသောကြောင့်၊ ငို၍ စိတ်မပြေနိုင်။

  16. ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရမိကို တဖန် သိမ်းသွား၍ ရာမမြို့၌ လွှတ်သောနောက်၊ ထာဝရဘုရားထံတော်မှ နှုတ်ကပတ်တော်သည် ရောက် လာသည်အရာမှာ၊ ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်း တို့နှင့်အတူ၊ ယေရမိသည်သံကြိုးနှင့် ချည်နှောင်ခြင်းကို ခံရသောအခါ၊

  17. ဂိဗာမြို့၌ နှဲခရာကို၎င်း၊ ရာမမြို့၌ တံပိုးကို၎င်း မှုတ်ကြလော့။ ဗေသဝင်မြို့၌ ကြွေးကြော်ကြလော့။ အိုဗင်္ယာမိန်အမျိုး၊ နောက်သို့ ကြည့်ကြလော့။