Skip to content

Murmuring အကြောင်း ကျမ်းစာအခန်းငယ်များ

170 အခန်းငယ် · 31 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှေးကာလသည် ယခုကာလထက် အလယ် ကြောင့် သာ၍ကောင်းသနည်းဟုမမေးနှင့်။ ထိုသို့မေး လျှင်၊ ပညာတရားအတိုင်းမေးသည်မဟုတ်။

  2. ထိုအမျိုးသားတို့သည် ငါစီရင်သောအမှုကိုမြင် လျှင်၊ ငါ့နာမကို မိမိတို့တွင် ရိုသေကြလိမ့်မည်။ ယာကုပ်အ မျိုး၏ သန့်ရှင်းသောဘုရားကို ရိုသေ၍၊ ဣသရေလအမျိုး ၏ ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်။

  3. စိတ်သဘောဖောက်ပြန်သောသူတို့သည် ပညာ သတိကို ရကြ၍၊ ဆန့်ကျင်ဘက်ပြုသော သူ တို့သည်လည်း၊ ဆုံးမဩဝါဒစကားကို နာယူကြလိမ့်မည်။

  4. အို မိခင်၊ ငါ၌ အမင်္ဂလာရှိ၏။ မိခင်သည် တပြည်လုံးရန်တွေ့ သောသူ၊ ငြင်းဆန်သောသူဖြစ်သော ငါ့ကို ဘွားမြင်ပါပြီ။ ငါသည် သူတပါး ကိုအတိုးနှင့်မချေး။ သူတပါးသည်လည်း ငါ့ကိုအတိုးနှင့်မချေး။ သို့သော် လည်း၊ လူခပ်သိမ်းတို့သည် ငါ့ကိုကျိန်ဆဲ တတ်ကြ၏။

  5. ငါဘွားသော နေ့ရက်သည် အမင်္ဂလာရှိပါစေ သော။ ငါ့ကို ငါ့အမိဘွားသော နေ့ရက်သည် ကောင်းကြီး မင်္ဂလာကို မခံပါစေနှင့်။

  6. ငါ့အဘထံသို့သွား၍၊ ကိုယ်တော်သည် သား ယောက်ျားကို ရပါပြီဟု သိတင်းပြောလျက်၊ ငါ့အဘကို အလွန်ဝမ်းမြောက်စေသော သူသည် အမင်္ဂလာရှိပါ စေသော။

  7. ထာဝရဘုရားသည် နောင်တမရ၊ ဖျက်ဆီးတော် မူသော မြို့တို့ကဲ့သို့၊ ထိုသူသည်ဖြစ်ပါစေသော။ နံနက် အချိန်၌ ကြွေးကြော်သံကို၎င်း၊ မွန်းတည့်အချိန်၌ အော် ဟစ်သံကို၎င်း ကြားပါစေသော။

  8. အကြောင်းမူကား၊ သူသည် ငါ့ကိုဘွားစကပင် မသတ်ဘဲ၊ ငါ့အမိ၏ ဝမ်းသည်ငါ၏ သင်္ချိုင်းဖြစ်၍၊ ငါ့ကိုအစဉ် ကိုယ်ဝန်ဆောင်မည် အကြောင်းမပြုဘဲ နေပါ သည်တကား။

  9. ငါသည် ပူပန်ခြင်း၊ ဝမ်းနည်းခြင်းကို ခံရမည် အကြောင်းနှင့် ရှက်ကြောက်ခြင်းအားဖြင့် ကိုယ်အသက် ကို လွန်စေရမည်အကြောင်း၊ အဘယ်ကြောင့် ငါ့ကို ဘွားမြင်ရပါသနည်း။

  10. အသက်ရှင်သောလူသတ္တဝါသည် အဘယ် ကြောင့် မြည်တမ်းရမည်နည်း။ မိမိဒုစရိုက်အပြစ်ကြောင့် မြည်တမ်းရမည်လော။

  11. ယောနသည် အလွန်စိတ်ညစ်၍ အမျက်ထွက် သဖြင့်၊ အို ထာဝရဘုရား၊ အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ်သည် ကိုယ်ပြည်၌ရှိစဉ်၊ ဤသို့ပြောပါပြီမဟုတ် လော။ ထိုကြောင့်၊ ကိုယ်တော်ထံမှ တာရှုမြို့သို့ ကြိုးစား၍ ပြေးပါ၏။

  12. ကိုယ်တော်သည် သနားစုံမက်တတ်သော ဘုရား ဖြစ်၍ စိတ်ရှည်သောသဘော၊ ကျေးဇူးပြုချင်သောသ ဘော၊ အပြစ်ဒဏ်ပေးမည့်အမှုကို နောင်တရတတ်သော သဘောရှိတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။

  13. သို့ဖြစ်၍၊ အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို နှုတ်ယူတော်မူပါ။ အကျွန်ုပ်အသက်ရှင်ခြင်းထက် သေ ခြင်းသည် သာ၍ကောင်းပါသည်ဟု တောင်းလျှောက်လေ ၏။

  14. ထာဝရဘုရားကလည်း၊ သင်သည် အမျက်ထွက် ကောင်းသလောဟု မေးတော်မူ၏။

  15. ယောနသည် မြို့၌ အဘယ်သို့ဖြစ်မည်ကို သိမြင် ခြင်းငှါ၊ မြို့ပြင်သို့ထွက်၍ မြို့အရှေ့မျက်နှာ၌ တဲမိုးကို လုပ်ပြီးလျှင်၊ အမိုးအရိပ်တွင် ထိုင်၍နေ၏။

  16. အရှင်ထာဝရဘုရားသည်လည်း ကြက်ဆူပင်ကို ပြင်ဆင်ပြီးလျှင်၊ ယောန၏စိတ်ကို ပြေစေခြင်းငှါ သူ့ ခေါင်းပေါ်မှာ လွှမ်း၍ မိုးစေတော်မူ၏။ ထိုအပင်ကြောင့် ယောနသည် အလွန်အားရဝမ်းမြောက်၏။

  17. နက်ဖြန်မိုဃ်းလင်းသောအခါ ဘုရားသခင် ခန့် ထားတော်မူသော ပိုးကောင်သည် ကြက်ဆူပင်ကို ကိုက်၍ ညှိုးနွမ်းစေ၏။

  18. နေထွက်သောအခါ ဘုရားသခင်သည် အလွန်ပူ သောအရှေ့လေကို ပြင်ဆင်တော်မူ၍၊ ယောန၏ခေါင်းကို နေထိခိုက်သဖြင့် သူသည် မော၍ သေချင်သောစိတ်ရှိ လျက်၊ ငါ့အသက်သေခြင်းသည် ရှင်ခြင်းထက် သာ၍ ကောင်းသည်ဟု မြည်တမ်းလေ၏။

  19. ဘုရားသခင်ကလည်း၊ သင်သည် ကြက်ဆူပင် အတွက် အမျက်ထွက်ကောင်းသလောဟု မေးတော်မူ လျှင်၊ ယောနက၊ အကျွန်ုပ်သည် အသက်သေသည်တိုင် အောင် အမျက်ထွက်ကောင်းပါသည်ဟု လျှောက်ဆို၏။

  20. ထာဝရဘုရားကလည်း၊ သင်သည် ပင်ပန်းစွာ မလုပ်၊ ကြီးပွားစေခြင်းငှါလည်း မပြုစု၊ တညဉ့်ခြင်းတွင် ပေါက်၍ တညဉ့်ခြင်းတွင် သေသော ကြက်ဆူပင်ကို နှမြောသည်တကား။

  21. ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆို၊ ကိုယ်လက်ျာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍ မသိ သော သူတသိန်းနှစ်သောင်းမက၊ လူများသော နိနေဝေ မြို့ကြီးကို ငါနှမြောသင့်သည်မဟုတ်လောဟု မိန့်တော် မူ၏။ ပရောဖက်ယောန၏ဝတ္ထုပြီး၏။

  22. ထာဝရဘုရား၏အမှုကို ဆောင်ရွက်သော် လည်း အကျိုးမရှိ။ စီရင်ထုံးဖွဲ့တော်မူချက်ကိုစောင့်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားရှေ့မှာ ညှိုးငယ် စွာ ကျင့်ကြံပြုမူခြင်းအားဖြင့် အဘယ်ကျေးဇူးရှိသနည်း။

  23. သင်တို့သည် အကြင်တရားအတိုင်း သူတပါးကိုစီရင်ကြ၏ ထိုတရားအတိုင်းစီရင်ခြင်းကို ခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏနှင့် သူတပါးအား ပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။

  24. ထိုသို့ခံပြီးလျှင် အိမ်ရှင်ကို ကဲ့ရဲ့ပြစ်တင်၍၊

  25. အချို့တို့သည် ဒေါသစိတ်ရှိသည်ဖြစ်၍၊ ထိုဆီမွှေးကို အဘယ်ကြောင့်အကျိုးမဲ့ဆုံးစေသနည်း။