Skip to content

Intercession အကြောင်း ကျမ်းစာအခန်းငယ်များ

72 အခန်းငယ် · 2 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သူတို့ကလည်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်အားဖြင့် အကျွန်ုပ်တို့ကို မှာထားတော်မူသမျှအတိုင်း၊ အကျွန်ုပ်တို့သည် ပြုပါမည်ဟု၊ ထာဝရ ဘုရားသည်အကျွန်ုပ်တို့၌ မှန်ကန်၍ သစ္စာစောင့် သော သက်သေဖြစ်တော်မူစေသတည်း။

  2. အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်သောအခါ ချမ်းသာရပါမည်အကြောင်း၊ အကျွန်ုပ်တို့သည်။ ကိုယ်တော်ကိုစေလွှတ်ရာ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၏ အမိန့်တော်သည်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ နားထောင်ပါမည်ဟု ယေရမိအား ပြောဆိုကြ၏။

  3. ထိုနောက်မှ ကပေရနောင်မြို့သို့ ကြွဝင်တော်မူလျှင်၊ တပ်မှူးတယောက်သည် အထံတော်သို့လာ၍၊

  4. သခင်၊ ကျွန်တော်၏ ငယ်သားတယောက်သည် လက်ခြေသေသည်အနာနှင့် ပြင်းစွာခံရ၍ အိမ်တွင် တုံးလုံးနေပါသည်ဟု တောင်းပန်လေ၏။

  5. ယေရှုကလည်း ငါလာ၍ ချမ်းသာပေးမည်ဟု မိန့်တော်မူလျှင်၊

  6. တပ်မှူးက၊ သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော်မခံ ထိုက်ပါ။ အမိန့်တော် တခွန်းရှိလျှင် ကျွန်တော်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။

  7. ဥပမာကား၊ ကျွန်တော်သည် မင်းအောက်၌ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍ တဦးကိုသွားချေဟုဆိုလျှင် သွားပါ၏။ တဦးကို လာခဲ့ဟုဆိုလျှင်လာပါ၏။ ကျွန်ကိုလည်း ဤအမှုကို လုပ်တော့ ဟုဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်လေ၏။

  8. ထိုစကားကို ယေရှုသည်ကြားလျှင် အံ့ဩခြင်းရှိ၍၊ ငါအမှန်ဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည် ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဘူးသေး။

  9. ငါဆိုပြန်သည်ကား၊ လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်တကွ လျောင်းရကြလတံ့၊

  10. နိုင်ငံတော်သားတို့သည်လည်း ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ချ ခြင်းကို ခံရကြလတံ့ဟု နောက်တော်သို့ လိုက်သောသူတို့အား မိန့်တော်မူပြီးမှ၊

  11. တပ်မှူးအားသင်သွားလော့။ ယုံကြည်သည်နှင့်အညီ သင်၌ဖြစ်စေဟု မိန့်တော်မူ၏။ ထိုခဏခြင်းတွင် သူ၏ငယ်သားသည် အနာရောဂါကင်း၍ သက်သာခြင်းသို့ ရောက်လေ၏။

  12. ပတ်ဝန်းကျင်အရပ်၌ ရှိသမျှသို့ ပြေးသွား၍ မည်သည့်အရပ်၌ ရှိတော်မူသည်ဟုကြားလျှင်၊ ထိုအရပ် သို့ လူနာများကို အိပ်ရာနှင့် ဆောင်ခဲ့ကြ၏။

  13. မြို့ရွာဇနပုဒ်သို့ ရောက်တော်မူရာ၌ မကျန်းမမာသောသူတို့ကို လမ်းနားမှာထား၍ အဝတ်တော်၏ ပန်းပွါးကိုမျှတို့ရပါမည်အကြောင်း အခွင့်တောင်းကြ၏။ တို့သမျှသော သူတို့သည်လည်းချမ်းသာရကြ၏။

  14. ငါတို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာ ကျင့်ခြင်းအမျိုးမျိုးကိုပြု၍၊

  15. ငြိမ်ဝပ်ဆိတ်ညံစွာနေရမည်အကြောင်း၊ ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသော သူအပေါင်းတို့နှင့် လူ အမျိုးမျိုးတို့အဘို့ ဆုတောင်းပဌာနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ရှေ့ဦးစွာ ပြုစေခြင်းငှါ ငါတိုက်တွင်း သွေးဆောင်၏။

  16. နာသောသူရှိလျှင်၊ သင်းအုပ်ကိုခေါ်၍ သူတို့ သည် သခင်ဘုရား၏ နာမတော်ကို အမှီပြုလျက်၊ လူနာကိုဆီနှင့်လူး၍ သူ့အပေါ်မှာ ဆုတောင်းကြစေ။

  17. ထိုသို့ပြုလျှင်၊ ယုံကြည်ခြင်း၏ပဌနာသည် လူနာကို ကယ်ဆယ်၍၊ သခင်ဘုရားသည် သူ့ကိုထ မြောက်စေတော်မူမည်။ သူသည်အပြစ် ပြုမိသော်လည်း ထိုအပြစ်ကို လွှတ်တော်မူမည်။

  18. အချင်းချင်းတယောက်နှင့်တယောက်၊ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ကြလော့။ ချမ်းသာရမည် အကြောင်း၊ အချင်းချင်းတို့အဘို့ ဆုတောင်းကြလော့။ သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီး သောပဌနာ သည် အလွန်တန်ခိုးပါ၏။

  19. ဧလိယသည် ငါတို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူဖြစ်သော်လည်း၊ မိုဃ်းမရွာမည် အကြောင်း အထူးသဖြင့် ဆုတောင်းသောအခါ၊ သုံးနှစ်နှင့် ခြောက်လပတ်လုံးမြေပေါ်သို့ မိုဃ်းမရွာဘဲနေ၏။

  20. တဖန်ဆုတောင်းသောအခါ၊ မိုဃ်းကောင်းကင်သည် မိုဃ်းရွာစေ၏။ မြေကြီးသည်လည်း မိမိအသီး ကိုသီးလေ၏။

  21. ညီအစ်ကိုတို့၊ သင်တို့တွင် တစုံတယောက်သောသူသည် သမ္မာတရားလမ်းမှလွဲသွား၍ သူတပါးသည် ထိုသူကို ပြန်စေလျှင်မူကား၊

  22. အပြစ်ရှိသောသူကို မှားယွင်းသောလမ်းမှ ပြန်စေသောသူသည်၊ ဝိညာဉ်ကို သေခြင်းမှ ကယ်တင်၍ များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ် သည်ဟု ထိုသူသည် သိမှတ်စေ။ ရှင်ယာကုပ်ဩဝါဒစာပြိး၏။