အကြောင်းအရာသို့ ကျော်သွားရန်

Ingratitude အကြောင်း ကျမ်းစာအခန်းငယ်များ

62 အခန်းငယ် · 19 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သင်သည် မတရားသော မေထုန်ကိုပြု၍ စိတ် မပြေသောကြောင့် ငါ၏သားသမီးတို့ကို သတ်၍ရုပ်တုတို့ အား မီးဖြင့်ပူဇော်ရမည်လော။

  2. သင်ပြုသော စက်ဆုပ်ရွံ့ရှာဘွယ်အမှု၊ မတရား သော မေထုန်အမှုအပေါင်းတို့ကိုပြုစဉ်တွင်၊ အရွယ်ငယ် သောအခါ အဝတ်မရှိ၊ အချည်းစည်းရှိကြောင်း၊ ကိုယ် အသွေး၌ လူးလဲလျက်နေကြောင်းကို မအောက်မေ့ပါ တကား။

  3. မာန်မာနစိတ်နှင့် ထောင်လွှားစော်ကားခြင်း ရှိသောအခါ၊ ဘုန်းတန်ခိုးကွယ်ပျောက်၍ နန်းတော်မှ ကျ၏။

  4. လူသားစုထဲက နှင်ထုတ်ခြင်းကိုခံ၍ တိရစ္ဆာန် သဘောနှင့် ပြည့်စုံ၏။ အမြင့်ဆုံးသော ဘုရားသခင်သည် လောကီနိုင်ငံကို အုပ်စိုး၍၊ အလိုတော်ရှိသောသူတို့အား အပ်တော်မူသည်ကို မသိမှတ်မှီတိုင်အောင်၊ မြည်းရိုင်း တို့နှင့် ပေါင်းဘော်လျက်၊ နွားကဲ့သို့ မြက်ကိုစားလျက်၊ မိုဃ်းစွတ်ခြင်းကို ခံ၍နေရ၏။

  5. ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့ကို ငါပေးသနား သည်ဟူ၍၎င်း၊ ဗာလဘုရားအား ပူဇော်သောရွှေနှင့် ငွေကို သူ၌ ငါများပြားစေသည်ဟူ၍၎င်း သူသည် မအောက်မေ့ပါတကား။

  6. သို့ဖြစ်၍၊ စပါးရိတ်ရာကာလ၌ ငါ့စပါးကို၎င်း၊ စပျစ်ရည်လုပ်ကာ ကာလ၌ ငါ့စပျစ်ရည်ကို၎င်း၊ သူ၏ ကိုယ် ကို ဖုံးလွှမ်းစေရာ ငါ့သိုးမွှေးနှင့် ပိုက်ဆန်ကို၎င်း ငါသိမ်း ယူမည်။

  7. အိုဣသရေလအမျိုးသားတို့၊ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော အမျိုးသားအပေါင်းတို့၊ သင်တို့ကို ရည်မှတ်၍ ငါထာဝရဘုရား မိန့်တော်မူသောစကားကို နားထောင်ကြလော့။

  8. မြေကြီးပေါ်မှာနေသော အမျိုးသားအပေါင်းတို့တွင် သင်တို့ တမျိုးတည်းကိုသာ ငါလက်ခံသောကြောင့်၊ သင်တို့အပြစ်ရှိသမျှတို့ကို ငါစစ်ကြောမည်။

  9. အို ငါ၏လူမျိုး၊ သင့်ကို အဘယ်သို့ ငါပြုဘူး သနည်း။ အဘယ်သို့ ညှဉ်းဆဲဘူးသနည်း။ ငါ့တဘက်၌ သက်သေခံလော့။

  10. သင့်ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့ပြီ။ ကျွန်ခံ နေရာအရပ်မှ ရွေးနှုတ်ပြီ။ သင့်ရှေ့မှာ မောရှေ၊ အာရုန်၊ မိရိအံတို့ကို ငါစေလွှတ်လေပြီ။

  11. ယေရှုကလည်း၊ တကျိပ်သောသူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ကြသည်မဟုတ်လော။ ကိုးယောက် သောသူတို့သည် အဘယ်မှာရှိကြသနည်း။

  12. ဤတပါးအမျိုးသားကိုထား၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ ပြန်လာသောသူ တယောက် မျှ မရှိသလောဟု မေးတော်မူပြီးမှ၊