အကြောင်းအရာသို့ ကျော်သွားရန်

Ingratitude အကြောင်း ကျမ်းစာအခန်းငယ်များ: Of man to God

50 အခန်းငယ် · 19 ရှုထောင့်

Of man to God အကြောင်း အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သင်တို့သည် ထာဝရဘုရား၏ တဲတော်အမှုကို ဆောင်ရွက်၍၊ ပရိသတ်ရှေ့မှာ ရပ်လျက်၊ သူတို့အမှုကို လည်း စောင့်စေမည်အကြံရှိတော်မူသည်နှင့်၊ ဣသရေလ အမျိုး၏ဘုရားသခင်သည်၊ သင်တို့ကို အနီးအပါးသို့ ခေါ်၍ နေရာချခြင်းငှါ၊ ဣသရေလအမျိုး ပရိသတ်နှင့် ခွဲထား၍၊

  2. သင့်ကို၎င်း၊ သင့်ညီအစ်ကို လေဝိသားအပေါင်း တို့ကို၎င်း၊ အနီးအပါး၌ နေရာချတော်မူသော ကျေးဇူး တော်ကို မထီမဲ့မြင်ပြု၍၊ ယဇ်ပုရောဟိတ်အရာကိုလည်း ရှာကြသည်တကား။

  3. သင်မတူးသော ရေတွင်းတို့ကို၎င်း၊ သင် မစိုက် ပျိုးသော စပျစ်ဥယျာဉ်နှင့် သံလွင်ပင်တို့ကို၎င်း၊ သင့်အား ပေးခြင်းငှာ၊ သင်၏ အဘအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ အား ကျိန်ဆိုတော်မူသောပြည်သို့ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ဆောင်သွင်းတော်မူ၍၊ သင်သည် ဝစွာစားလျက် နေရသောအခါ၊

  4. ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင့်ကို ကယ်နှုတ် ဆောင်ယူခဲ့သော ထာဝရဘုရားကို မမေ့လျော့မည် အကြောင်း၊ ကိုယ်ကို ကိုယ်သတိပြုလော့။

  5. သင်သည် ဝစွာစား၍ ကောင်းသောအိမ်ကို ဆောက်လျက်နေရစဉ်၊

  6. သင်၏ သိုးနွား၊ ရွှေငွေအစရှိသော ဥစ္စာမျိုး များပြားစဉ်အခါ၊

  7. သင်သည် မာနထောင်လွှားခြင်းသို့ ရောက်၍၊ အထက်ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူ ခဲ့တော်မူထသော၊

  8. သင်သည် ဥစ္စာကြွယ်ဝသောအခါ၊ ဝမ်းမြောက် ရွှင်လန်းသောစိတ်နှင့် သင်၏ဘုရားသခင် ထာဝရဘုရား ၏ အမှုတော်ကို မဆောင်မရွက်သောကြောင့်၊

  9. ထာဝရဘုရားစေလွှတ်တော်မူသော ရန်သူ၏ အမှုကို သင်သည် မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အဝတ် အချည်းစည်းရှိခြင်းနှင့်တကွ၊ အရာရာ၌ ဆင်းရဲစွာ ဆောင်ရွက်ရလိမ့်မည်။ သင်သည် မပျက်စီးမှီတိုင်အောင် သင့်လည်ပင်း၌ သံထမ်းဘိုးကို တင်ထားတော်မူမည်။

  10. ယောရှုလက်ထက်ကာလ၌ ဖြစ်သော သူအပေါင်းတို့သည်လည်း၊ ဘိုးဘေးတို့ စုဝေးရာသို့ ရောက်ကြ ၏။ ထာဝရဘုရားကို၎င်း၊ ဣသရေလအမျိုးအဘို့ ပြုတော်မူသော အမှုတို့ကို၎င်း မသိသော နောင်ကာလအမျိုးသားတို့သည် ပေါ်လာကြ၏။

  11. ထိုကာလအခါ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၍ ဗာလဘုရားတို့ကို ဝတ်ပြုကြ၏။

  12. အဲဂုတ္တုပြည်မှ သူတို့ကို ဆောင်ခဲ့တော်မူသော ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်၍၊ ပတ်ဝန်းကျင်၌ရှိသော လူမျိုးတို့၏ ဘုရားတပါးတို့နောက်သို့ လိုက်လျက် ဦးညွှတ်သဖြင့် ထာဝရဘုရား အမျက်တော်ကို ထွက်စေကြ၏။

  13. ပတ်ဝန်းကျင်ရန်သူလက်မှ ကယ်နှုတ်တော်မူသော မိမိတို့ဘုရားသခင်ထာဝရဘုရားကို မအောက်မေ့ဘဲ၊

  14. ဂိဒေါင်တည်းဟူသော ယေရုဗ္ဗာလသည် ဣသရေလအမျိုး၌ ပြုသမျှသော ကျေးဇူးနှင့်အညီ၊ သူ၏အမျိုး၌ ကျေးဇူးတို့ကို ပြန်၍ မပြုဘဲ နေကြ၏။

  15. ထာဝရဘုရားကလည်း၊ သင့်အား လူများတို့ ပြောဆိုသမျှသော စကားကို နားထောင်လော့။ သူတို့ သည် သင့်ကိုသာမပယ်၊ ငါသည် သူတို့ကို မအုပ်စိုးစေခြင်းငှါ ငါ့ကိုလည်းပယ်ကြပြီ။

  16. သူတို့ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့သောနေ့မှစ၍ ယနေ့တိုင်အောင် ငါ့ကိုစွန့်၍ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုသဖြင့် ကျင့်မိသမျှသော အကျင့်အတိုင်း သင်၌လည်း ပြုကြ၏။

  17. နာသန်ကလည်း၊ ထိုသူသည်ကား အခြားသူမဟုတ်။ ကိုယ်တော်ပင် ဖြစ်ပါ၏။ ဣသရေလအမျိုး၏ ဘုရးသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဘိသိက်ပေး၍ သင့်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားပြီ။ ရှောလုလက်မှလည်း ကယ်လွှတ်ပြီ။

  18. သင့်သခင်၏ အဆွေအမျိုးကို၎င်း၊ သင့်သခင်၏ မယားတို့ကို၎င်း၊ သင်၏ရင်ခွင်၌ ငါအပ်ပေးပြီ။ ဣသ ရေလအမျိုးနှင့် ယုဒအမျိုးကို ငါပေးပြီ။ ထိုအရာများ မလောက်လျှင် အခြားတပါးသောအရာရာတို့ကို ပေးခြင်း ငှါ ငါအလိုရှိ၏။

  19. သင်သည်ထာဝရဘုရား၏ ပညတ်တရားတော်ကို မထီမဲ့မြင်ပြု၍ ရှေ့တော်၌ဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်း။ ဟိတ္တိလူ၊ ဥရိယ၏အသက်ကို ထားဖြင့်သတ်၍ သူ၏မယားကို သိမ်းလေပြီတကား။ ထိုသူကို အမ္မုန်အမျိုးသား ထားနှင့်သတ်လေပြီတကား။

  20. ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဗာရှာကို အကြောင်းပြု၍၊ ဟာနန်၏သားယေဟုသို့ ရောက်လာ သည်ကား၊

  21. သင့်ကို မြေမှုန့်ထဲကငါကြွ၍၊ ငါ၏လူဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ ချီးမြှောက်သော်လည်း၊ သင်သည် ယေရောဗောင်၏လမ်းသို့လိုက်လျက်၊ ဣသရေလအမျိုးသည် ပြစ်မှား၍၊ ငါ့အမျက်ကို နှိုးဆော်စေခြင်းငှါ ပြုသောကြောင့်၊

  22. သင်၏အမျိုးအနွယ်သားစဉ် မြေးဆက်တို့ကို ငါပယ်ရှား၍၊ သင်၏အမျိုးကို နေဗတ်၏သား ယေရော ဗောင်၏ အမျိုးကဲ့သို့ ငါဖြစ်စေမည်။

  23. လိမ္မာသောသူတို့သည် ဉာဏ်ရှာ၍လုပ်သော ယန္တရားစက်တို့ကိုလည်း၊ ယေရှုရှလင်မြို့ရဲတိုက်၊ မြို့ပြအိုး အပေါ်က မြှားနှင့်ကျောက်ကြီးကို ပစ်စရာဘို့ ပြင်ဆင် လေ၏။ ထိုသို့တန်ခိုးကြီးအောင် အထူးသဖြင့် မစခြင်းကို ခံရသည်ဖြစ်၍၊ သိတင်းတော်သည် အနှံ့အပြားကျော်စော ၏။

  24. ဩဇိမင်းသည် တန်ခိုးကြီးသောအခါ၊ ကိုယ် အကျိုးနည်းအောင် ထောင်လွှားသောစိတ်ထသဖြင့်၊ မိမိ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှား၍၊ နံ့သာပေါင်းကို မီးရှို့ရာ ယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့ခြင်းငှါ၊ ထာဝရဘုရား၏ ဗိမာန်တော်ထဲသို့ ဝင်လေ၏။

  25. ကျောက်ထဲကစီးသော ရေကိုထွက်စေ၍၊ မြစ်ရေ ကဲ့သို့ရေများကို စီးစေတော်မူ၏။