အကြောင်းအရာသို့ ကျော်သွားရန်

Ethiopia အကြောင်း ကျမ်းစာအခန်းငယ်များ

48 အခန်းငယ် · 15 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေရမိသည်ထောင်ဝင်းထဲမှာ အချုပ်ခံရသော အခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်၍၊

  2. သင်သည် ကုရှအမျိုးသား ဧဗဒမေလက်ကို ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော် မူသည်ကား၊ ဤမြို့၏အကျိုးကိုမပြုစု၊ ဖျက်ဆီးခြင်းငှါ ငါ့စကားကို ငါတည်စေမည်။ ကာလအချိန်ရောက်လျှင်၊ သင့်ရှေ့၌ ငါ့စကားပြည့်စုံလိမ့်မည်။

  3. သို့သော်လည်း၊ ထိုကာလ၌သင့်ကို ငါကယ်နှုတ် မည်။ သင်ကြောက်သော သူတို့လက်သို့ သင်မရောက်ရ။

  4. ငါသည် သင့်ကို စင်စစ်ကယ်နှုတ်မည်။ သင်သည် ထားဖြင့် မဆုံးရ။ လက်ရဥစ္စာကဲ့သို့ ကိုယ် အသက်ကို ရလိမ့်မည်။ အကြောင်းမူကား၊ သင်သည် ငါ့ကိုကိုးစားသော ကြောင့်တည်းဟု ထာဝရဘုရား မိန့်တော်မူ၏။

  5. ထားဘေးသည် အဲဂုတ္တုပြည်သို့ ရောက်သဖြင့်၊ သူရဲတို့သည် လဲ၍သေကြသောအခါ၊ အဲသယောပိပြည် သည် ပူပန်လိမ့်မည်။ အလုံးအရင်းကို ပယ်ရှား၍ မူလ အမြစ်ကို ဖြိုဖျက်ကြလိမ့်မည်။

  6. အဲသယောပိပြည်သား၊ ဖုတပြည်သား၊ လုဒ ပြည်သား၊ အမျိုးမစစ်သော လူရှိသမျှ၊ ခုဘအမျိုးသား၊ မိဿဟာယဖွဲ့သော ပြည်သားတို့သည်၊ အဲဂုတ္တုပြည်သား တို့နှင့်တကွ ထားဖြင့် လဲ၍သေကြလိမ့်မည်။

  7. အဲဂုတ္တုပြည်ကို ထောက်မသောသူတို့သည် လဲ၍သေကြသဖြင့်၊ အဲဂုတ္တုအစွမ်းသတ္တိ၏ ဂုဏ်အသရေ သည် ဆုံးလိမ့်မည်။ မိဂဒေါလမြို့မှစ၍ သုဏေမြို့ တိုင်အောင် အဲဂုတ္တုပြည်သားတို့သည် ထားဖြင့်လဲ၍ သေကြလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။

  8. ပျက်စီးသော ပြည်တို့တွင် ပျက်စီးလျက်ရှိကြ၍၊ လူဆိတ်ညံသော မြို့တို့တွင် အဲဂုတ္တုမြို့တို့သည် ပါဝင်ကြ လိမ့်မည်။

  9. ငါသည် အဲဂုတ္တုပြည်၌ မီးညှိ၍ ထိုပြည်ကို မစသမျှသော သူတို့သည် ပျက်စီးကြသောအခါ၊ ငါသည် ထားဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။

  10. ထိုအခါစိုးရိမ်ခြင်းမရှိသော အဲသယောပိပြည် သားတို့ကို ကြောက်စေခြင်းငှါ၊ ငါစေလွှတ်သော တမန်တို့ သည် သင်္ဘောစီး၍ သွားကြသဖြင့်။ အဲဂုတ္တပြည်၏ အချိန်၌ သူတို့သည်လည်း အလွန်ဆင်ရဲခြင်းသို့ ရောက်ရ ကြလိမ့်မည်။ ထိုအချိန်လည်းနီးပြီဟု မိန့်တော်မူ၏။

  11. ထိုအခါ အဲသယောပိပြည်ကိုအစိုးရသော မိဖုရားကန္ဒက်ထံ၌ ဘုန်းကြီးသောအမတ်ဖြစ်၍၊ ဘဏ္ဍတော်ရှိသမျှကို အုပ်စိုးရသော အဲသယောပိ ပြည်သား တယောက်သည် ကိုးကွယ်ခြင်းငှါ ယေရုရှလင် မြို့ သို့သွား၍၊

  12. ပြန်စဉ်တွင် မိမိရထားပေါ်၌ထိုင်လျက် ပရောဖက်ဟေရှာယ၏ ကျမ်းစာကို ဘတ်လေ၏။

  13. ဝိညာဉ်တော်ကလည်း၊ ထိုရထားသို့ ချဉ်းကပ်၍ မှီဝဲလော့ဟု ဖိလိပ္ပုအား ဗျာဒိတ်ပေးတော်မူသဖြင့်၊

  14. ဖိလိပ္ပုသည် ရထားသို့ပြေး၍ ပရောဖက် ဟေရှာယ၏ ကျမ်းစာ၌ ဘတ်သည်ကိုကြားလျှင်၊ ဘတ်သောအရာကို နားလည်ပါ၏ လောဟု မေးမြန်း၏။

  15. ထိုအမတ်ကလည်း၊ သွန်သင်ပဲ့ပြင်သော သူမရှိလျှင် အဘယ်သို့ နားလည်နိုင်မည်နည်းဟု ဆိုပြီးမှ မိမိနှင့်အတူ ဖိလိပ္ပုတက်၍ထိုင်နေ ပါမည်အကြောင်း တောင်းပန်၏။

  16. ကျမ်းစာ၌ ဘတ်သောအချက်ဟူမူကား၊ အသေ သတ်ခြင်းငှါ ဆောင်သွားသော သိုးကဲ့သို့ သူ့ကို ဆောင်သွား၍၊ သိုးသငယ်သည် အမွေးညှပ်သောသူ ရှေ့မှာ မမြည်ဘဲ နေသကဲ့သို့ သူသည်နှုတ်ကိုမဖွင့် ဘဲနေ၏။

  17. နှိမ့်ချခြင်းကိုခံစဉ်တွင် သူတပါးတို့သည် ထိုသူကို မတရားသ ဖြင့် စီရင်ကြ၏။ ထိုသူ၏အသက်ကို မြေကြီးကသိမ်းရုပ်သည်ဖြစ်၍၊ သူ၏အမျိုးအနွယ်ကို အဘယ်သူပြညွှန်မည်နည်းဟု ကျမ်းစာ လာသ တည်း။

  18. ထိုအမတ်ကလည်း၊ ပရောဖက်သည် အဘယ် သူကို ရည်မှတ်၍ ဤသို့ဆိုပါသနည်း။ ကိုယ်ကိုတည်း ဆိုလိုသလော။ သူတပါးကိုတည်း ဆိုလိုသလောဟု တောင်းပန်လျက်၊

  19. ဖိလိပ္ပုအား မေးမြန်းလျှင်၊ ဖိလိပ္ပုသည် မိမိနှုတ်ကိုဖွင့်၍ ထိုကျမ်းစာချက်ကို အစွဲပြုလျက်၊ ယေရှု၏အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟောလေ၏။

  20. ထိုသို့လမ်း၌သွားကြစဉ် ရေရှိရာသို့ရောက်၍၊ အမတ်ကလည်း ဤအရပ်တွင်ရေရှိပါ၏။ အကျွန်ုပ်ကို ဗတ္တိဇံမခံစေခြင်းငှါ မည်သည့် အကြောင်းဆီးတား ပါသနည်းဟု ပြောဆိုလျှင်၊

  21. ဖိလိပ္ပုက၊ သင်သည် စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လျှင် ခံရသည် ဟုဆိုလေ၏။ အမတ်ကလည်း၊ ယေရှုခရစ်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူ ကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ဝန်ခံ၍၊

  22. ရထားကိုရပ်စေခြင်းငှါစီရင်ပြီးမှ၊ ဖိလိပ္ပုသည် ထိုအမတ်နှင့် တကွရေထဲသို့ဆင်း၍ ဗတ္တိဇံကိုပေး၏။

  23. ရေထဲကတက်ကြလျှင်၊ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဖိလိပ္ပုကိုဆောင်ယူတော်မူ၍၊ အမတ်သည် ဖိလိပ္ပုကို နောက်တဖန်မတွေ့မမြင်ရ။ ဝမ်းမြောက်ဝမ်းသာခြင်းနှင့် မိမိ သွားရသောလမ်းကို သွားလေ၏။