အကြောင်းအရာသို့ ကျော်သွားရန်

Birds အကြောင်း ကျမ်းစာအခန်းငယ်များ

71 အခန်းငယ် · 107 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. နေတော်မူရာအထက်ခန်း၊ အမြစ်ကိုရေ၌ တည် တော်မူထသော၊ မိုဃ်းတိမ်ရထားကို စီး၍၊ လေအတောင် တို့ဖြင့် ကြွသွားတော်မူထသော၊

  2. မိမိတမန်တို့ကို လေကဲ့သို့၎င်း၊ မိမိအစေအပါး တို့ကို မီးလျှံကဲ့သို့၎င်း ဖြစ်စေတော်မူထသော၊

  3. မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ် စေခြင်းငှါ၊ တည်တော်မူသော ဘုရားပေတည်း။

  4. ကိုယ်တော်သည် မြေကြီးကို အဝတ်နှင့် ဖုံးသကဲ့ သို့၊ ပင်လယ်နှင့် ဖုံးတော်မူ၍၊ ရေတို့သည် တောင်များ အပေါ်မှာ ရပ်နေကြပါ၏။

  5. တဖန် ဆုံးမတော်မူ၍ သူတို့သည် ပြေးကြပါ၏။ မိုဃ်းချုန်းတော်မူသံကိုကြား၍၊ အလျင်အမြန် ပြန်သွား ကြပါ၏။

  6. တောင်တို့သည် တက်လျက်၊ ချိုင့်တို့သည် ဆင်း လျက်၊ သူတို့ဘို့ ခွဲခန့်တော်မူသော အရပ်သို့ ရောက်ကြ ပါ၏။

  7. ရေတို့သည် ပြန်လာ၍ မြေကြီးကို မလွှမ်းမိုး စေခြင်းငှါ၊ မကျော်ရသော နယ်စပ်ကိုပိုင်းခြားတော်မူ၏။

  8. ထာဝရဘုရားသည် ချိုင့်များထဲသို့ စမ်းရေကို လွှတ်တော်မူ၍၊ ရေသည် တောင်တို့တွင် စီးလျက်၊

  9. မြေတိရစ္ဆာန် အပေါင်းတို့အား သောက်ရသော အခွင့်ကို ပေး၏။ မြည်းရိုင်းတို့သည် အငတ်ပြေရကြ၏။

  10. ထိုရေအနားမှာ မိုဃ်းကောင်းကင်ငှက်တို့သည် နေရာကျ၍၊ သစ်ပင်အခက်အလက်တို့တွင် ကြွေးကြော် ကြ၏။

  11. ငါ့သား၊ လူဆိုးတို့သည် သင့်ကိုသွေးဆောင်လျှင် ဝန်မခံနှင့်။

  12. သူတို့က ငါတို့နှင့်အတူလိုက်တော့။ သူ့အသက် ကိုသတ်အံ့သောငှါ စောင့်ကြစို့။ အချည်းနှီးအပြစ်လွတ် သော သူတို့ကို ချောင်းမြောင်းကြစို့။

  13. သင်္ချိုင်းတွင်းသို့ဆင်းသော သူတို့ကဲ့သို့ တကိုယ်လုံးပါလျက်၊ အသက်ရှင်လျက်ရှိသော ထိုသူတို့ကို မရဏာ နိုင်ငံမျိုသကဲ့သို့ မျိုကြစို့။

  14. အဘိုးထိုက်သော ဘဏ္ဍာအမျိုးမျိုးကိုတွေ့၍ လုယူသောဥစ္စာနှင့် ငါတို့အိမ်ကိုပြည့်စေကြမည်။

  15. ငါတို့နှင့် ပေါင်းဘော်တော့။ ရသောဥစ္စာကို အညီအမျှ ပိုင်ကြစို့ဟုဆိုသော်လည်း၊

  16. ငါ့သား၊ သူတို့နှင့်အတူ မလိုက်နှင့်။ သူတို့သွားသောလမ်းကို ရှောင်လော့။

  17. အကြောင်းမူကား၊ သူတို့ခြေသည် ဒုစရိုက်ပြုရာ သို့ပြေး၍၊ လူအသက်ကို သတ်ခြင်းငှါ လျင်မြန်၏။

  18. အကယ်စင်စစ်ငှက်မျက်မှောက်၌ ပိုက်ကွန်ကို ဖြန့်ထားလျှင် အကြံမမြောက်ရာ။

  19. စာငှက်နှစ်ကောင်ကို အဿရိတပြား အဘိုးနှင့် ဝယ်ရသည်မဟုတ်လော။ သင်တို့အဘ အခွင့်မရှိလျှင် ထိုစာငှက်တကောင်မျှ မြေသို့မကျရ။

  20. သင်တို့ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏။

  21. ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။