Birds အကြောင်း ကျမ်းစာအခန်းငယ်များ: Man's dominion over
Man's dominion over အကြောင်း အခန်းငယ်များ
မြေတိရစ္ဆာန်၊ မိုဃ်းကောင်းကင်ငှက်အစရှိသော၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့်၊ ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ရှေ့မှာကြောက်ရွံ့ တုန်လှုပ်ခြင်းသဘောရှိကြလိမ့်မည်။ ထိုတိရိစ္ဆာန်တို့ကို သင်တို့ လက်၌ငါ အပ်၏။
အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည်၊ အသီးအရွက်ကဲ့သို့၊ သင်တို့စားစရာဘို့ ဖြစ်ရမည်။ ခပ်သိမ်း သောအရာတို့ကို သင်တို့၌ ငါအပ်ပေး၏။
သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော် မူပြီ။
ဖန်ဆင်းတော်မူသော အရာများကိုအုပ်စိုးစေ၍၊ သိုးနွားအစရှိသော မြေတိရစ္ဆာန်မိုဃ်းကောင်းကင်ငှက်၊
ပင်လယ်ငါးနှင့်ပင်လယ်လမ်း၌ သွားတတ်သောတိရစ္ဆာန် မှစ၍၊
ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီ။