အကြောင်းအရာသို့ ကျော်သွားရန်

All Christians Should Be As Missionaries အကြောင်း ကျမ်းစာအခန်းငယ်များ

198 အခန်းငယ် · 66 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထာဝရဘုရားအား သစ္စာဂတိထားသည် အတိုင်း၊

  2. အိုယေရုရှလင်မြို့၊ သင်၏အလယ်မှာ ထာဝရ ဘုရား၏ အိမ်တော်တန်တိုင်းအတွင်းတွင်၊ ထာဝရဘုရား ၏ လူများရှေ့၌သစ္စာဝတ်ကို ဖြေပါမည်။ ဟာလေလုယ။

  3. ပေးတော်မူသော ဩဝါဒလမ်းကို အကျွန်ုပ် နားလည်စေတော်မူပါ။ သို့ပြုလျှင် အံ့ဘွယ်သော အမှု တော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။

  4. သက်သေခံတော်မူချက်တို့ကို မင်းများထံမှာ ပြန်ပြော၍၊ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ပါလိမ့်မည်။

  5. နိုင်ငံတော်၏ဘုန်းကို၎င်း၊ တန်ခိုးတော်ကို၎င်း ဟောပြောမြွက်ဆိုသဖြင့်၊

  6. တန်ခိုးပါသောအမှုတော်များနှင့် နိုင်ငံတော်၏ ဘုန်းအသရေများကို လူသားတို့အား ဘော်ပြကြပါ၏။

  7. လူပျိုနှင့်အပျိုများ၊ လူအိုနှင့်လူကလေးများတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။

  8. နာမတော်တပါးတည်းသာလျှင် မြတ်၍၊ ဘုန်းတော်သည်မြေကြီး နှင့်ကောင်းကင်အပေါ်ထက်၌ ရှိသောကြောင့်၊ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်း ကြစေ။

  9. ဖြောင့်မတ်သောသူ၏ နှုတ်မှပညာစကား ထွက် တတ်၏။ ကောက်လိမ်သော လျှာမူကား၊ အဖြတ်ခံရ လိမ့်မည်။

  10. စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတပါးကို ရေလောင်းသော သူသည် ကိုယ်တိုင် ရေလောင်းခြင်း အကျိုး ကို ခံရလိမ့်မည်။

  11. ဖြောင့်မတ်သောသူ သီးသော အသီးသည် အသက်ပင်အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏။

  12. ပညာရှိသော သူ၏နှုတ်ခမ်းတို့သည် ပညာ အတတ်ကို စွန့်ကြဲတတ်၏။ မိုက်သောသူ၏ နှလုံးမူကား ပညာမရှိ။

  13. ပညာစကားကို ပြောတတ်၍၊ မေတ္တာတရား အားဖြင့် နှုတ်မြွတ်တတ်၏။

  14. သင်၏အစာကို ရေပေါ်မှာပစ်ချလော့။ ကာလ ကြာမြင့်မှ တဖန်တွေ့လေဦးမည်။

  15. များပြားသောသူတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရား သခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော် တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိကုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း၊ ပေါ်ထွက် လိမ့်မည်။

  16. အားမရှိသောလက်တို့ကို ခိုင်ခံ့စေကြလော့။ လှုပ်တတ်သော ဒူးတို့ကို မြဲမြံစေကြလော့။

  17. အားယူကြလော့၊ မစိုးရိမ်ကြနှင့်ဟု ကြောက် တတ်သော သူတို့အား ဆိုကြလော့။ အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်သည် အပြစ်ပေးလျက်၊ ဒဏ်စီ ရင်လျက်ကြွလာတော်မူလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် ကြွလာ၍၊ သင်တို့ကို ကယ်တင်တော်မူ လိမ့်မည်။

  18. အသက်ရှင်သောသူ၊ အသက်ရှင်သော သူသာ လျှင်၊ ယနေ့ အကျွန်ုပ်ပြုသကဲ့သို့၊ ဂုဏ်တော်ကို ချီးမွမ်း ရပါလိမ့်မည်။ အဘသည် သားတို့အား သစ္စာတော်ကို ဘော်ပြရပါလိမ့်မည်။

  19. ကိုယ်အဘို့ ငါဖန်ဆင်းသော ထိုလူမျိုးသည် ငါ၏ဂုဏ်ကျေးဇူးကို ပြရလိမ့်မည်။

  20. ငါ့ကို နှောင့်ရှက်မည်အကြံနှင့်၊ ကောင်းကင် မိဖုရားအဘို့ မုန့်ပြားတို့ကို လုပ်၍၊ အခြားတပါးသော ဘုရားတို့ရှေ့မှာ သွန်းလောင်းရာ ပူဇော် သက္ကာကိုပြုခြင်း ငှါ၊ သားတို့သည် ထင်းခွေကြ၏။ အဘတို့သည် မီးထည့် ကြ၏။ မိန်းမတို့သည် မုန့်နယ်ကြ၏။

  21. ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကလည်း၊ အရှင်မင်းကြီး နေဗုခဒ်နေဇာ၊ အကျွန်ုပ်တို့သည် ဤအမှု၌ ပြန်လျှောက်ရမည်အကြောင်းမရှိပါ။

  22. အကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင်သည်မီးလောင်လျက်ရှိသော မီးဖိုထဲကအကျွန်ုပ်တို့ကို ကယ်လွှတ် နိုင်တော်မူ၏။ ကိုယ်တော်၏ လက်မှလည်း ကယ်လွှတ်တော်မူလိမ့်မည်။

  23. ထိုသို့ကယ်လွှတ်တော်မမူသော်လည်း အရှင် မင်းကြီး၊ ကိုယ်တော်၏ဘုရားတို့ကို အကျွန်ုပ်တို့သည် ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါဟု ပြန်လျှောက်ကြ၏။

  24. ပညာရှိသော သူတို့သည်လည်း၊ ကောင်းကင်မျက်နှာကြက်၏ အရောင်အဝါကဲ့သို့၎င်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်းသော သူတို့သည်လည်း၊ ကြယ်များကဲ့သို့၎င်း အစဉ်အမြဲ ထွန်းလင်း ကြလိမ့်မည်။

  25. ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါး ရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။