circa 6 BC – AD 30
The Life of Jesus
The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.
ဤကာလမှ အခန်းငယ်များ
- ရှင်ယောဟန်ခရစ်ဝင် 18:10ခရစ်နှစ် 33 ခန့်
ထိုအခါရှိမုန်ပေတရုသည် မိမိ၌ပါသောထားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟတ်မင်း၏ ကျွန် တယောက်ကို ခုတ်သဖြင့် လက်ျာနားရွက်ပြတ်လေ၏။ ထိုကျွန်၏ အမည်ကားမာလခုဖြစ်သတည်း။
- ရှင်ယောဟန်ခရစ်ဝင် 18:11ခရစ်နှစ် 33 ခန့်
ယေရှုကလည်း ထားကိုအိမ်၌သွင်းထားလော့။ ခမည်းတော်သည် ငါ့အား ပေးတော်မူသောခွက်ကို ငါ မသောက်ရာသလောဟု ပေတရုအားမိန့်တော်မူ၏။
- ရှင်ယောဟန်ခရစ်ဝင် 18:12ခရစ်နှစ် 33 ခန့်
ထိုအခါတပ်မှူးမှစ၍ စစ်သူရဲတို့နှင့် ယုဒမင်းလုလင်တို့သည် ယေရှုကိုဘမ်းဆီး၍ ချည်နှောင်ပြီးလျှင် အန္နတ်မင်းထံသို့ ရှေးဦးစွာ ယူသွားကြ၏။
- ရှင်ယောဟန်ခရစ်ဝင် 18:13ခရစ်နှစ် 33 ခန့်
အန္နတ်မင်းကား၊ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ၏ယောက္ခမဖြစ်သတည်း။
- ရှင်ယောဟန်ခရစ်ဝင် 18:14ခရစ်နှစ် 33 ခန့်
ထိုကယာဖကား၊ လူတယောက်သည် လူများတို့အတွက် ပျက်စီးသော် သာ၍ကောင်းသည်ဟု ယုဒလူ တို့နှင့် တိုင်ပင်ပြောဆိုသောသူပေတည်း။
- ရှင်ယောဟန်ခရစ်ဝင် 18:15ခရစ်နှစ် 33 ခန့်
ရှိမုန်ပေတရုနှင့် အခြားသောတပည့်တော်တယောက်သည် ယေရှုနောက်တော်သို့ လိုက်ကြ၏။ ထို တပည့်တော်သည် ယဇ်ပုရောဟိတ်မင်း၏ အသိအကျွမ်းဖြစ်၍၊ ယေရှုနှင့်တကွ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦး ထဲသို့ ဝင်လေ၏။
- ရှင်ယောဟန်ခရစ်ဝင် 18:16ခရစ်နှစ် 33 ခန့်
ပေတရုမူကားပြင်၌ တံခါးနားမှာရပ်နေ၏။ ထိုကြောင့် ယဇ်ပုရာဟိတ်မင်းနှင့်အကျွမ်းဝင်သော တပည့် တော်သည်ထွက်၍ တံခါးစောင့်မိန်းမအားပြောပြီးမှ ပေတရုကိုသွင်းလေ၏။
- ရှင်ယောဟန်ခရစ်ဝင် 18:17ခရစ်နှစ် 33 ခန့်
တံခါးစောင့်မိန်းမက ပေတရုအား၊ သင်သည် ထိုသူ၏တပည့်တို့အဝင်ဖြစ်သည် မဟုတ်လောဟု ဆိုလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။
- ရှင်ယောဟန်ခရစ်ဝင် 18:18ခရစ်နှစ် 33 ခန့်
ထိုကာလ၌ ချမ်းသောကြောင့် ကျွန်များနှင့်မင်းလုလင်များတို့သည် မီးခဲပုံကိုထည့်၍ မီးလှုံလျက် နေ ကြ၏။ ပေတရုသည်လည်း သူတို့နှင့်တကွရပ်၍ မီးလှုံလျက်နေ၏။
- ရှင်ယောဟန်ခရစ်ဝင် 18:19ခရစ်နှစ် 33 ခန့်
ထိုအခါ ယဇ်ပုရာဟိတ်မင်းသည် တပည့်တော်တို့ကို၎င်း၊ ဒေသနာတော်ကို၎င်း အကြောင်းပြု၍ ယေရှုကို မေးမြန်းစစ်ကြော၏။
- ရှင်ယောဟန်ခရစ်ဝင် 18:20ခရစ်နှစ် 33 ခန့်
ယေရှုကလည်း၊ ငါသည်လောက၌ ထင်ရှားစွာဟောပြောပြီ။ ယုဒလူအပေါင်းတို့ စည်းဝေးရာတရား စရပ်၌၎င်း၊ ဗိမာန်တော်၌၎င်း၊ အစဉ်မပြတ်ဆုံးမဩဝါဒပေးပြီ။ မထင်ရှားဘဲ အလျှင်းမဟောမပြော။
- ရှင်ယောဟန်ခရစ်ဝင် 18:21ခရစ်နှစ် 33 ခန့်
အဘယ်ကြောင့်ငါ့ကို မေးမြန်းသနည်း၊ ငါသည် အဘယ်သို့ ဟောပြောသည်ကို ကြားနာသောသူတို့ကို မေးမြန်းလော့။ ငါပြောသောစကားကို ထိုသူတို့သည် သိကြ၏ဟုမိန့်တော်မူ၏။
- ရှင်ယောဟန်ခရစ်ဝင် 18:22ခရစ်နှစ် 33 ခန့်
ထိုသို့မိန့်တော်မူလျှင်၊ အနီးအပါး၌ရပ်နေသော မင်းလုလင်တယောက်က၊ သင်သည် ယဇ်ပုရာဟိတ် မင်းကို ဤသို့ပြန်ပြောရာသလောဟုဆိုလျက် ယေရှုကိုရိုက်လေ၏။
- ရှင်ယောဟန်ခရစ်ဝင် 18:23ခရစ်နှစ် 33 ခန့်
ယေရှုကလည်း၊ ငါ့စကားမမှန်လျှင်မမှန်ကြောင်းကိုပြပါ မှန်လျှင်ငါ့ကိုအဘယ်ကြောင့်ရိုက်သနည်းဟု မိန့်တော်မူ၏။
- ရှင်ယောဟန်ခရစ်ဝင် 18:24ခရစ်နှစ် 33 ခန့်
အန္နတ်မင်းသည် ကိုယ်တော်ကိုချည်နှောင်လျက် ရှိသည်အတိုင်း၊ ယဇ်ပုရောဟိတ်မင်း ကယာဖထံသို့ ပို့စေခဲ့ပြီ။
- ရှင်ယောဟန်ခရစ်ဝင် 18:25ခရစ်နှစ် 33 ခန့်
ရှိမုန်ပေတရုသည် ရပ်၍မီးလှုံလျက်နေသည်တွင် အချို့သောသူတို့က၊ သင်သည် သူ၏တပည့်တို့ အဝင်ဖြစ်သည်မဟုတ်လောဟု မေးလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။
- ရှင်ယောဟန်ခရစ်ဝင် 18:26ခရစ်နှစ် 33 ခန့်
ပေတရုခုတ်၍ နားရွက်ပြတ်သောသူနှင့်ပေါက်ဘော်တော်သော ယဇ်ပုရာဟိတ်မင်း၏ ကျွန်တ ယောက်က၊ သင်သည် ဥယျာဉ်၌ ယေရှုနှင့်အတူရှိသည်ကို ငါမြင်ခဲ့ပြီမဟုတ်လောဟုဆိုလျှင်၊
- ရှင်ယောဟန်ခရစ်ဝင် 18:27ခရစ်နှစ် 33 ခန့်
ပေတရုသည် တဖန်ငြင်းပြန်လေ၏၊ ထိုခဏခြင်းတွင် ကြက်တွန်၏။
- ရှင်ယောဟန်ခရစ်ဝင် 18:28ခရစ်နှစ် 33 ခန့်
နံနက်အချိန်ရောက်လျှင်၊ ယေရုကို ကယာဖထမှ အိမ်တော်ဦးသို့ဆောင်သွားကြ၏။ ထိုသူတို့သည် အာပတ်နှင့်ကင်းလွတ်၍ ပသခါပွဲကို ခံရမည်အကြောင်း။ အိမ်တော်ဦးထဲသို့ ကိုယ်တိုင်မဝင်ကြ။
- ရှင်ယောဟန်ခရစ်ဝင် 18:29ခရစ်နှစ် 33 ခန့်
ထိုကြောင့် ပိလတ်မင်းသည် သူတို့ရှိရာသို့ထွက်၍ ဤသူ၌အဘယ်အပြစ်ကို တင်ကြသနည်းဟု မေးသော်၊
- ရှင်ယောဟန်ခရစ်ဝင် 18:30ခရစ်နှစ် 33 ခန့်
ဤသူသည်လူဆိုးမဟုတ်လျှင် အကျွန်ုပ်တို့သည် ကိုယ်တော်၌မအပ်ပါဟုလျှောက်ကြ၏။
- ရှင်ယောဟန်ခရစ်ဝင် 18:31ခရစ်နှစ် 33 ခန့်
ပိလတ်မင်းကလည်း၊ သူ့ကိုယူ၍ သင်တို့ ဓမ္မသတ်အတိုင်းစီရင်ကြဟုဆို၏။ ယုဒလူတို့ကလည်း၊ အကျွန်ုပ်သည် အဘယ်သူကိုမျှ မသတ်ပိုင်ပါဟုလျှောက်ကြ၏။
- ရှင်ယောဟန်ခရစ်ဝင် 18:32ခရစ်နှစ် 33 ခန့်
ထိုသို့လျှောက်သော်၊ ယေရှုသည်အဘယ်သို့ မိမိသေရမည်အရိပ်ကိုပေး၍၊ မိန့်တော်မူသောစကား တော် ပြည့်စုံမည်အကြောင်းတည်း။
- ရှင်ယောဟန်ခရစ်ဝင် 18:33ခရစ်နှစ် 33 ခန့်
ပိလတ်မင်းသည် အိမ်တော်ဦးထဲသို့တဖန်ဝင်၍ယေရှုကိုခေါ်ပြီးလျှင်၊ သင်သည် ယုဒရှင်ဘုရင် မှန် သလောဟုမေး၏။
- ရှင်ယောဟန်ခရစ်ဝင် 18:34ခရစ်နှစ် 33 ခန့်
ယေရှုကလည်း၊ မင်းကြီးသည် ကိုယ်အလိုအလျောက် ဤသို့မေးသလော၊ သို့မဟုတ် သူတပါးတို့သည် ငါ၏အကြောင်းကို လျှောက်ကြပြီလောဟု မေးတော်မူ၏။