အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဟေရှာယအနာဂတ္တိကျမ်း 66:8ခရစ်တော် မပေါ်မီ 698 ခန့်

    ထိုသို့သောအမှုကို အဘယ်သူသည် ကြားဘူး သနည်း။ ထိုသို့သောအမှုကို အဘယ်သူသည် မြင်ဘူး သနည်း။ တိုင်းနိုင်ငံကို တနေ့ခြင်းတွင် ဘွားတတ်သလော။ ပြည်သူပြည်သားအပေါင်းတို့ကို တပြိုင်နက် ဘွားတတ်သလော။ ဇိအုန်သတို့သမီးသည် သားဘွားခြင်းဝေဒနာကို ခံအံ့ဆဲဆဲတွင်၊ သားများကို ဘွားမြင်ပါသည် တကား။

  2. ဟေရှာယအနာဂတ္တိကျမ်း 66:9ခရစ်တော် မပေါ်မီ 698 ခန့်

    သားဘွားမည်အကြောင်းကို ငါသည်စီရင်ပြီးမှ၊ မဘွားစေဘဲနေရမည်လောဟု ထာဝရဘုရားမေးတော် မူ၏။ ငါသည် ပဋိသန္ဓေပေးပြီးမှ၊ မဘွားနိုင်အောင် ချုပ်ထားရမည်လောဟု သင်၏ဘုရားသခင်မေးတော် မူ၏။

  3. ဟေရှာယအနာဂတ္တိကျမ်း 66:10ခရစ်တော် မပေါ်မီ 698 ခန့်

    ယေရုရှလင်မြို့ကို ချစ်သောသူအပေါင်းတို့၊ သူနှင့်အတူ ဝမ်းမြောက်ရွှင်လန်းကြလော့။ ယေရုရှလင် မြို့အတွက် စိတ်မသာညည်းတွားသောသူအပေါင်းတို့၊ သူနှင့်အတူ အလွန်ဝမ်းမြောက်ကြလော့။

  4. ဟေရှာယအနာဂတ္တိကျမ်း 66:11ခရစ်တော် မပေါ်မီ 698 ခန့်

    သို့ပြုလျှင်၊ သူ၏ချမ်းသာခြင်းသားမြတ်ကိုစို့၍ ဝကြလိမ့်မည်။ သူ၏စည်းစိမ်ကြွယ်ဝခြင်းအထဲက ထုတ်ယူ၍ မွေ့လျော်ကြလိမ့်မည်။

  5. ဟေရှာယအနာဂတ္တိကျမ်း 66:12ခရစ်တော် မပေါ်မီ 698 ခန့်

    ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြစ်ကဲ့သို့ ချမ်းသာကို၎င်း၊ စီးသောရေကဲ့သို့တပါး အမျိုးသားတို့၏ စည်းစိမ်ကို၎င်း ယေရုရှလင်မြို့သို့ ငါရောက်စေမည်။ သင်တို့သည် သားမြတ်ကိုစို့၍ ခါး၌ချီခြင်း၊ ဒူးပေါ်မှာ မြှူခြင်းကို ခံစားရကြလိမ့်မည်။

  6. ဟေရှာယအနာဂတ္တိကျမ်း 66:13ခရစ်တော် မပေါ်မီ 698 ခန့်

    အမိသည် သားငယ်ကို နှစ်သိမ့်စေသကဲ့သို့၊ သင်တို့ကို ငါနှစ်သိမ့်စေမည်။ ယေရုရှလင်မြို့၌ ချမ်းသာ ရကြလိမ့်မည်။

  7. ဟေရှာယအနာဂတ္တိကျမ်း 66:14ခရစ်တော် မပေါ်မီ 698 ခန့်

    ထိုသို့ တွေ့မြင်သဖြင့်၊ သင်တို့၏နှလုံးသည် ရွှင်မြူး၍၊ အရိုးတို့ သည်စိမ်းလန်းသော အပင်ကဲ့သို့ သန်ကြလိမ့်မည်။ ထာဝရဘုရား၏ လက်တော်သည်လည်း ကျွန်တော်တို့အား၎င်း၊ အမျက်တော်သည် ရန်သူ တို့အား၎င်း ထင်ရှားလိမ့်မည်။

  8. ဟေရှာယအနာဂတ္တိကျမ်း 66:15ခရစ်တော် မပေါ်မီ 698 ခန့်

    ကြည့်ရှုလော့။ ထာဝရဘုရားသည် ပြင်းစွာသော အရှိန်အားဖြင့် အမျက်တော်ကို၎င်း၊ မီးလျှံအားဖြင့် ဆုံးမ တော်မူခြင်းကို၎င်း ထင်ရှားစွာ ပြခြင်းငှါ၊ လေဘွေကဲ့သို့သော ရထားတော်တို့ကိုစီး၍၊ မီးကဲ့သို့ ကြွလာတော် မူလိမ့်မည်။

  9. ဟေရှာယအနာဂတ္တိကျမ်း 66:16ခရစ်တော် မပေါ်မီ 698 ခန့်

    ထာဝရဘုရားသည် မီးနှင့်ထားအားဖြင့်၊ လူသတ္တဝါအပေါင်းတို့ကို အပြစ်ပေးတော်မူ၍၊ ထာဝရ ဘုရားကွပ်မျက်တော်မူသော သူတို့သည် များကြလိမ့်မည်။

  10. ဟေရှာယအနာဂတ္တိကျမ်း 66:17ခရစ်တော် မပေါ်မီ 698 ခန့်

    တဖန်မိန့်တော်မူသည်ကား၊ ဝက်သား၊ ကြွက် သား၊ ရွံရှာဘွယ်သောအရာကို စားလျက်၊ ဥယျာဉ်တို့တွင် အလယ်၌ရှိသော သူတယောက်နောက်သို့ လိုက်၍၊ မိမိတို့ကို သန့်ရှင်းစင်ကြယ်စေသော သူတို့သည် တပြိုင် နက် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ သူတို့၏အကျင့် ကို၎င်း အကြံအစည်တို့ကို၎င်း ငါသိ၏။

  11. ဟေရှာယအနာဂတ္တိကျမ်း 66:18ခရစ်တော် မပေါ်မီ 698 ခန့်

    အချိန်တန်မှ ဘာသာစကားခြားနားသော လူ အမျိုးမျိုးအပေါင်းတို့ကို ငါစည်းဝေးစေသဖြင့်၊ သူတို့သည် လာ၍ ငါ၏ဘုန်းကို ဖူးမြင်ကြလိမ့်မည်။

  12. ဟေရှာယအနာဂတ္တိကျမ်း 66:19ခရစ်တော် မပေါ်မီ 698 ခန့်

    ထိုသူတို့တွင် အလံကို ငါထူမည်။ ဘေးလွတ် သော သူတို့ကို တာရှုပြည်၊ ဖုလပြည်၊ လေးလက်နက်ကို သုံးတတ်သော လုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်မှစ၍၊ ငါ၏နာမကိုမကြား၊ ငါ၏ဘုန်းကိုမမြင်၊ ဝေးစွာသော တကျွန်းတနိုင်ငံအရပ်သို့ စေလွှတ်သဖြင့်၊ တပါး အမျိုးသားတို့တွင် ငါ၏ဘုန်းကို ဟောပြောကြလိမ့်မည်။

  13. ဟေရှာယအနာဂတ္တိကျမ်း 66:20ခရစ်တော် မပေါ်မီ 698 ခန့်

    ဣသရေလအမျိုးသားတို့သည် စင်ကြယ်သော ဖလား စသည်တို့နှင့်၊ ပူဇော်သက္ကာကို ဗိမာန်တော်သို့ ဆောင်ခဲ့သကဲ့သို့၊ ထိုသူတို့သည် သင်တို့၏ ညီအစ်ကို အပေါင်းကို မြင်း၊ ရထား၊ ထမ်းစင်၊ မြည်း၊ ကုလားအုပ် ပေါ်၌တင်၍၊ ထာဝရဘုရားအားပူဇော်ဘို့ရာ၊ ခပ်သိမ်း သောအပြည်ပြည်တို့မှငါ၏ သန့်ရှင်းသောတောင်၊ ယေရု ရှလင်မြို့သို့ဆောင်ခဲ့ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  14. ဟေရှာယအနာဂတ္တိကျမ်း 66:21ခရစ်တော် မပေါ်မီ 698 ခန့်

    ထိုသူအချို့တို့ကို ငါရွေးယူ၍၊ ယဇ်ပုရောဟိတ် အရာနှင့် လေဝိလူအရာ၌ခန့်ထားမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  15. ဟေရှာယအနာဂတ္တိကျမ်း 66:22ခရစ်တော် မပေါ်မီ 698 ခန့်

    ငါဖန်ဆင်းသော ကောင်းကင်သစ်နှင့် မြေကြီးသစ်သည် ငါ့ရှေ့၌ တည်သကဲ့သို့၊ သင်တို့၏အမျိုးအနွယ် နှင့် သင်တို့၏ နာမသည်လည်း တည်ရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  16. ဟေရှာယအနာဂတ္တိကျမ်း 66:23ခရစ်တော် မပေါ်မီ 698 ခန့်

    လူသတ္တဝါအပေါင်းတို့သည် ငါ့ရှေ့မှာ ကိုးကွယ်ခြင်းငှါ လဆန်းနေ့နှင့်ဥပုသ်နေ့ အစဉ်အတိုင်းလာကြ လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

  17. ဟေရှာယအနာဂတ္တိကျမ်း 66:24ခရစ်တော် မပေါ်မီ 698 ခန့်

    ထိုသူတို့သည်၊ ငါ့ကိုပြစ်မှားသောသူတို့၏ အသေကောင်များကို ထွက်၍ ကြည့်ရှုကြလိမ့်မည်။ သူတို့၏ ပိုးသည်မသေနိုင်ရာ။ သူတို့၏မီးသည်လည်းမငြိမ်းနိုင်ရာ။ လူသတ္တဝါအပေါင်းတို့၌ ရွံရှာဘွယ်ဖြစ်ရကြ လိမ့်မည်ဟု မိန့်တော်မူ၏။ ပရောဖက်ဟေရှာယစီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။

  18. ယေရမိအနာဂတ္တိကျမ်း 1:1ခရစ်တော် မပေါ်မီ 629 ခန့်

    ယုဒရှင်ဘုရင် အာမုန်သားယောရှိမင်းနန်းစံ ဆယ်သုံးနှစ်တွင်၎င်း၊ ယုဒရှင်ဘုရင်ယောရှိသား ယောယ ကိမ်လက်ထက်၌၎င်း၊

  19. ယေရမိအနာဂတ္တိကျမ်း 1:2ခရစ်တော် မပေါ်မီ 629 ခန့်

    ယုဒရှင်ဘုရင်ယောရှိသား ဇေဒကိ မင်းနန်းစံ ဆယ်တနှစ်စေ့၍ ပဉ္စပလတွင်၊ ယေရုရှလင် မြို့သားတို့ကို သိမ်းသွားချုပ်ထားသည်တိုင်အောင်၊

  20. ယေရမိအနာဂတ္တိကျမ်း 1:3ခရစ်တော် မပေါ်မီ 629 ခန့်

    ထာဝရဘုရား၏ ဗျာဒိတ်တော်ကိုခံသော ဗင်္လာမိန်ပြည်၊ အာနသုတ်မြို့နေ ဟိလခိသားယဇ်ပုရောဟိတ် ယေရမိ စကားမှာ၊

  21. ယေရမိအနာဂတ္တိကျမ်း 1:4ခရစ်တော် မပေါ်မီ 629 ခန့်

    ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီ သို့ ရောက်၍ မိန့်တော်မူသည်ကား၊

  22. ယေရမိအနာဂတ္တိကျမ်း 1:5ခရစ်တော် မပေါ်မီ 629 ခန့်

    သင့်ကိုအမိဝမ်းထဲ၌ ငါမဖန်ဆင်းမှီသင့်ကို ငါသိပြီ။ မဘွားမှီကပင် သင့်ကို ငါသန့်ရှင်းစေ၍၊ လူ အမျိုးမျိုးတို့အဘို့၊ ပရောဖက်အရာ၌ ခန့်ထားပြီဟု မိန့်တော်မူ၏။

  23. ယေရမိအနာဂတ္တိကျမ်း 1:6ခရစ်တော် မပေါ်မီ 629 ခန့်

    ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ် သည် မဟောမပြောတတ်ပါ။ သူငယ်ဖြစ်ပါ၏ဟု လျှောက်လျှင်၊

  24. ယေရမိအနာဂတ္တိကျမ်း 1:7ခရစ်တော် မပေါ်မီ 629 ခန့်

    ထာဝရဘုရားကလည်း၊ အကျွန်ုပ်သည် သူငယ် ဖြစ်ပါ၏ဟု မပြောနှင့်။ အကြင်သူရှိရာသို့ သင်ကို ငါ စေလွှတ်၏။ ထိုသူရှိရာသို့ သင်သွားရမည်။ အကြင် စကားကို ငါမှာထား၏။ ထိုစကားကို သင်ဆင့်ဆိုရမည်။

  25. ယေရမိအနာဂတ္တိကျမ်း 1:8ခရစ်တော် မပေါ်မီ 629 ခန့်

    သူတို့ကိုမကြောက်နှင့်။ သင့်ကို ကယ်နှုတ်ခြင်းငှါ သင်နှင့်အတူ ငါရှိသည်ဟု မိန့်တော်မူပြီးမှ၊