အကြောင်းအရာသို့ ကျော်သွားရန်

circa 1050–1010 BC

Samuel & King Saul

Israel demands a king; Samuel anoints Saul, whose disobedience leads to his rejection as God chooses a man after his own heart.

810 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ဓမ္မရာဇဝင်ပဌမစောင် 2:23ခရစ်တော် မပေါ်မီ 1165 ခန့်

    သင်တို့သည် အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ သင်တို့ပြုသော ဒုစရိုက်တို့ကို လူအပေါင်းတို့ သည် ပြော၍ ငါကြားရ၏။

  2. ဓမ္မရာဇဝင်ပဌမစောင် 2:24ခရစ်တော် မပေါ်မီ 1165 ခန့်

    မကောင်းဘူးငါ့သားတို့။ ငါကြားသော သိတင်းသည် ကောင်းသော သိတင်းမဟုတ်။ ထာဝရဘုရား ၏ လူတို့သည် ပြစ်မှားရမည်အကြောင်း၊ သင်တို့ပြုကြသည် တကား။

  3. ဓမ္မရာဇဝင်ပဌမစောင် 2:25ခရစ်တော် မပေါ်မီ 1165 ခန့်

    လူချင်းတယောက်ကို တယောက်ပြစ်မှားလျှင်၊ တရားသူကြီး စစ်ကြောစီရင်ရ၏။ လူသည် ထာဝရ ဘုရားကို ပြစ်မှားလျှင်၊ သူ့အတွက် အဘယ်သူ တောင်းပန်လိမ့်မည်နည်းဟု ဆုံးမသော်လည်း၊ သူ တို့သည် အဘ၏ စကားကို နားမထောင်ကြ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ကွပ်မျက်ခြင်း ငှါ အလိုရှိတော်မူ၏။

  4. ဓမ္မရာဇဝင်ပဌမစောင် 2:26ခရစ်တော် မပေါ်မီ 1165 ခန့်

    သူငယ်ရှမွေလသည် ကြီးပွား၍၊ ထာဝရဘုရားရှေ့၊ လူတို့ရှေ့၌ မျက်နှာရလေ၏။

  5. ဓမ္မရာဇဝင်ပဌမစောင် 2:27ခရစ်တော် မပေါ်မီ 1165 ခန့်

    ဘုရားသခင်၏ လူတယောက်သည် ဧလိထံသို့လာ၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တု ပြည်၊ ဖာရောဘုရင်ထံ၌နေရသော သင့်အဘ၏ အမျိုးအား ငါ ထင်ရှားသည် မဟုတ်လော။ -

  6. ဓမ္မရာဇဝင်ပဌမစောင် 2:28ခရစ်တော် မပေါ်မီ 1165 ခန့်

    ငါ၏ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ ငါ့ရှေ့မှာ သင်တိုင်းကို ဝတ်ခြင်း အမှုကို စောင့်ရသော ငါ၏ ယဇ်ပုရောဟိတ် ဖြစ်စေခြင်းငှါ၊ သူ့ကို ဣသရေလအမျိုးအပေါင်းတို့ အထဲက ငါရွေးကောက်သည် မဟုတ်လော။ ဣသရေလအမျိုးသားတို့သည် မီးဖြင့်ပြုသော ပူဇော်သက္ကာ ရှိသမျှတို့ကို၊ သင့်အဘ၏ အမျိုးအား ငါပေးသည်မဟုတ်လော။-

  7. ဓမ္မရာဇဝင်ပဌမစောင် 2:29ခရစ်တော် မပေါ်မီ 1165 ခန့်

    ငါ့အိမ်၌ ငါစီရင်သောယဇ်၊ ငါ့ပူဇော်သက္ကာကို အဘယ်ကြောင့် ခြေနှင့်ကန်သနည်း။ ငါ၏လူ ဣ သရေလအမျိုးသား တင်လှူသော ပူဇော်သက္ကာရှိသမျှတို့တွင်၊ အမြတ်ဆုံးသော အရာကို ဝစွာစား စေ၍၊ သင်၏သားတို့ကို ငါ့အပေါ်မှာ အဘယ်ကြောင့် ချီးမြှောက်သနည်း။

  8. ဓမ္မရာဇဝင်ပဌမစောင် 2:30ခရစ်တော် မပေါ်မီ 1165 ခန့်

    ထိုသို့ပြုသောကြောင့်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့် အမျိုး၊ သင့်အဘ၏အမျိုးသည် ငါ့ရှေ့မှာအစဉ် သွားလာရလိမ့်မည်ဟု ငါဆိုမိသော်လည်း၊ တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုဂတိသည် ငါနှင့်ဝေးပါစေ။ ငါ့ကို ချီးမြှောက်သော သူတို့ ကို ငါချီးမြှောက်မည်။ ငါ့ကို မထီမဲ့မြင်ပြုသော သူတို့သည် ဂုဏ်သရေ ပျက်ကြလိမ့်မည်။-

  9. ဓမ္မရာဇဝင်ပဌမစောင် 2:31ခရစ်တော် မပေါ်မီ 1165 ခန့်

    သင်၏ အမျိုးတွင် အိုသောသူတယောက်မျှ မရှိစေခြင်းငှါ၊ သင်၏ လက်ရုံးနှင့် သင့်အဆွေအမျိုး ၏ လက်ရုံးကို ငါဖြတ်သော အချိန်ကာလရောက်လိမ့်မည်။-

  10. ဓမ္မရာဇဝင်ပဌမစောင် 2:32ခရစ်တော် မပေါ်မီ 1165 ခန့်

    ဣသရေလအမျိုးအား ငါပေးသော စည်းစိမ်ရှိရာ အိမ်ပေါ်မှာ ဘေးဥပဒ်ရောက်ကြောင်းကို သင် မြင်ရလိမ့်မည်။ သင်၏ အမျိုးတွင် အိုသောသူတယောက်မျှ အစဉ်မရှိရ။-

  11. ဓမ္မရာဇဝင်ပဌမစောင် 2:33ခရစ်တော် မပေါ်မီ 1165 ခန့်

    ငါ၏ယဇ်ပလ္လင်မှ ငါမပယ်မဖြတ်သော သင်၏အမျိုးသားသည်၊ သင့်မျက်စိပျက်၍ စိတ်ကြင်နာဘို့ ရာဖြစ်လိမ့်မည်။ သင်၏ သားစဉ်မြေးဆက်တို့သည် အသက်ပျိုစဉ်ပင် သေရကြလိမ့်မည်။-

  12. ဓမ္မရာဇဝင်ပဌမစောင် 2:34ခရစ်တော် မပေါ်မီ 1165 ခန့်

    သင်၏သား ဟောဖနိနှင့် ဖိနဟတ်နှစ်ယောက်တို့၌ ဖြစ်စေ၍၊ သင့်အား ငါပေးသော ပုပ္ပနိမိတ် ဟူမူကား၊ ထိုသူနှစ်ယောက်တို့သည် တနေ့ခြင်းတွင် သေလိမ့်မည်။ -

  13. ဓမ္မရာဇဝင်ပဌမစောင် 2:35ခရစ်တော် မပေါ်မီ 1165 ခန့်

    တဖန် ငါ့စိတ်နှလုံးအလိုသို့ လိုက်၍ သစ္စာစောင့်သော ယဇ်ပုရောဟိတ်ကို ငါပေါ်ထွန်းစေမည်။ မြဲသောအိမ်ကို သူ့အဘို့ ငါဆောက်ပေးသဖြင့်၊ သူသည် ငါ့ထံ၌ ဘိသိက်ခံသောသူရှေ့မှာ အစဉ် သွားလာရလိမ့်မည်။

  14. ဓမ္မရာဇဝင်ပဌမစောင် 2:36ခရစ်တော် မပေါ်မီ 1165 ခန့်

    သင်၏ အမျိုး၌ ကျန်ကြွင်းသော သူတိုင်းသူ့ထံသို့လာ၍၊ ကျွန်တော်သည် မုန့်အနည်းငယ်ကို စားရ မည်အကြောင်း၊ ယဇ်ပုရောဟိတ်အရာနှင့်ဆိုင်သော အမှုတစုံတခု၌ ကျွန်တော်ကို စေခိုင်းပါလော့ ဟု ငွေစ၊ မုန့်စကို ရလိုသောငှါ၊ ရှိခိုးလျက် တောင်းပန်လိမ့်မည်ဟု အမိန့်တော်ကို ပြန်လေ၏။

  15. ဓမ္မရာဇဝင်ပဌမစောင် 3:1ခရစ်တော် မပေါ်မီ 1165 ခန့်

    သူငယ်ရှမွေလသည်၊ ဧလိရှေ့တွင် ထာဝရဘုရား၏ အမှုတော်ကို ဆောင်ရွက်လေ၏။ ထိုကာလ၌ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် နည်းပါး၏။ ထင်ရှားသော ရူပါရုံမရှိ။

  16. ဓမ္မရာဇဝင်ပဌမစောင် 3:2ခရစ်တော် မပေါ်မီ 1165 ခန့်

    တရံရောအခါ ဧလိသည် မိမိနေရာ၌ အိပ်လျက်၊ သူ၏ မျက်စိမှုန်သောကြောင့် မမြင်နိုင်သည်ကာလ၊-

  17. ဓမ္မရာဇဝင်ပဌမစောင် 3:3ခရစ်တော် မပေါ်မီ 1165 ခန့်

    ဘုရားသခင်၏ သေတ္တာတော်ရှိရာ ထာဝရဘုရားအိမ်တော်၌ မီးခွက်မသေမှီ၊ ရှမွေလသည်လည်း အိပ်လျက်ရှိသောအခါ၊-

  18. ဓမ္မရာဇဝင်ပဌမစောင် 3:4ခရစ်တော် မပေါ်မီ 1165 ခန့်

    ထာဝရဘုရားသည် ရှမွေလကို ခေါ်တော်မူ၍၊ ရှမွေလက အကျွန်ုပ်ရှိပါသည်ဟု ထူးသဖြင့်၊-

  19. ဓမ္မရာဇဝင်ပဌမစောင် 3:5ခရစ်တော် မပေါ်မီ 1165 ခန့်

    ဧလိထံသို့ ပြေး၍၊ ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်ဟု ဆိုလျှင်၊ ဧလိက ငါမခေါ်၊ အိပ်တော့ဟု ဆိုသည်အတိုင်း၊ ရှမွေလသွား၍ အိပ်ပြန်လေ၏။

  20. ဓမ္မရာဇဝင်ပဌမစောင် 3:6ခရစ်တော် မပေါ်မီ 1165 ခန့်

    တဖန် ထာဝရဘုရားက၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလသည် ထပြီးလျှင်၊ ဧလိထံသို့ သွား၍၊ ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်ဟု ဆိုသော်၊ ဧလိက ငါမခေါ် ငါ့သား၊ အိပ်တော့ဟု ဆို၏။ -

  21. ဓမ္မရာဇဝင်ပဌမစောင် 3:7ခရစ်တော် မပေါ်မီ 1165 ခန့်

    ရှမွေလသည် ထာဝရဘုရားကို မသိသေး။ ဗျာဒိတ်တော်ကို မခံရသေး။

  22. ဓမ္မရာဇဝင်ပဌမစောင် 3:8ခရစ်တော် မပေါ်မီ 1165 ခန့်

    တတိယအကြိမ် ထာဝရဘုရားက၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလ ထပြီးလျှင် ဧလိထံသို့ သွား၍ ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်ဟုဆိုသော်၊ ထာဝရဘုရားသည် ထိုသူ ငယ်ကို ခေါ်တော်မူကြောင်းကို ဧလိသည် ရိပ်မိလျှင်၊-

  23. ဓမ္မရာဇဝင်ပဌမစောင် 3:9ခရစ်တော် မပေါ်မီ 1165 ခန့်

    သင်သွား၍ အိပ်ဦးတော့၊ နောက်တဖန်ခေါ်လျှင်၊ အိုထာဝရဘုရား အမိန့်ရှိတော်မူပါ။ ကိုယ်တော် ကျွန်ကြားပါသည်ဟု လျှောက်ရမည်အကြောင်း ရှမွေလကို မှာထားသည်အတိုင်း၊ ရှမွေလသွား၍ မိမိ နေရာ၌ အိပ်လေ၏။-

  24. ဓမ္မရာဇဝင်ပဌမစောင် 3:10ခရစ်တော် မပေါ်မီ 1165 ခန့်

    ထာဝရဘုရားသည်လည်း ရှေ့နည်းတူ လာရပ်လျက်၊ ရှမွေလ၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလက၊ အိုထာဝရဘုရား အမိန့်ရှိတော်မူပါ။ ကိုယ်တော်ကျွန်ကြားပါသည်ဟု လျှောက်လေသော်၊-

  25. ဓမ္မရာဇဝင်ပဌမစောင် 3:11ခရစ်တော် မပေါ်မီ 1165 ခန့်

    ထာဝရဘုရားက၊ သိတင်းကြားသောသူတိုင်း နားနှစ်ဘက်ခါးစေခြင်းငှါ၊ ငါသည် ဣသရေလ အမျိုး၌ တစုံတခုကိုပြုမည်။