အကြောင်းအရာသို့ ကျော်သွားရန်

Jerusalem

753 verses · 2 known names

အခြားအမည်: Jerusalem's

31.7700, 35.2300 Google Maps တွင် ကြည့်ရန်

Jerusalem ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထာဝရဘုရားက၊ ယေရုရှလင်မြို့အလယ်၌ ရှောက်သွားလော့။ မြို့ထဲ၌ ပြုသမျှသော စက်ဆုပ်ရွံ့ရှာ ဘွယ်အမှုတို့ကြောင့်၊ ညည်းတွားငိုကြွေးသောသူတို့၏ နဖူးကို ထိုးမှတ်လော့ဟူ၍၎င်း၊

  2. ထိုသို့သူတို့သည် ကွပ်မျက်ကြသောအခါ၊ ငါ နေရစ်စဉ်တွင် ပြပ်ဝပ်၍၊ အိုအရှင်ထာဝရဘုရား၊ ယေရု ရှလင်မြို့အပေါ်သို့ အမျက်တော်ကို သွန်းလောင်း၍၊ ကျန်ကြွင်းသမျှသော ဣသရေလအမျိုးကို ဖျက်ဆီးတော် မူမည်လောဟု ကြွေးကြော်၍လျှောက်လေ၏။

  3. အချင်းလူသား၊ ယေရုရှလင်မြို့သူမြို့သားတို့က၊ ထာဝရဘုရားထံတော်မှ ဝေးစွာထွက်သွားကြလော့။ ဤပြည်ကိုငါတို့အား အပိုင်ပေးတော်မူပြီဟု သင်၏ ညီအစ်ကို၊ သင်၏အမျိုးသားချင်း၊ ဣသရေလအမျိုး သားအပေါင်းတို့အား ဆိုတတ်ကြ၏။

  4. အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရ မည်။ ဤဗျာဒိတ်တော်သည် ယေရုရှလင်မြို့ကို အစိုးရ သော မင်းမှစ၍၊ ထိုမြို့၌ရှိသော ဣသရေလအမျိုးသား အပေါင်းတို့နှင့်ဆိုင်ပေ၏။

  5. အရှင်ထာဝရဘုရားသည် ဣသရေလပြည်၊ ယေရုရှလင်မြို့သားတို့ကို ရည်မှတ်၍ မိန့်တော်မူသော စကားကို ဆင့်ဆိုရမည်မှာ၊ သူတို့သည် သတိပြုလျက် အစာကို စားရကြမည်။ မိန်းမောတွေဝေလျက်ရေကို သောက်ရကြမည်။ ထိုသို့သောအားဖြင့်၊ ပြည်သူပြည်သား အပေါင်းတို့ပြုသော အဓမ္မအမှုကြောင့်၊ ဣသရေလပြည် သည် မိမိပြည့်စုံခြင်းနှင့် ကင်းလွတ်ရလိမ့်မည်။

  6. ငြိမ်သက်ခြင်းမရှိသောအခါ ယေရုရှလင်မြို့ အဘို့ ငြိမ်သက်ခြင်း ရူပါရုံကို မြင်၍ ဟောပြောသော ဣသရေလပရောဖက်များမရှိကြဟူ၍၎င်း၊ သူတို့အား ငါပြောမည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။

  7. ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော် မူသားကား၊ ယေရုရှလင်မြို့၌ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်ခြင်းငှါ ထားဘေး၊မွတ်သိပ်ခြင်းဘေး၊ ဖျက်ဆီး တတ်သောသားရဲဘေး၊ ကာလနာဘေးတည်းဟူသော၊ အလွန်ဆိုးသော ဘေးလေးပါးတို့ကို ငါစေလွှတ်သော အခါ။ ထိုမျှမက လွှတ်ခဲလိမ့်မည် မဟုတ်လော။

  8. သို့ရာတွင်၊ လွတ်၍ ထွက်မြောက်ရသော အကျန်အကြွင်းသား သမီးအချို့ရှိကြလိမ့်မည်။ သူတို့ သည် သင်တို့ရှိရာသို့ထွက်လာ၍၊ ကျင့်ကြံပြုမူသော အမူအရာတို့ကို သင်တို့သိကြလိမ့်မည်။ ယေရုရှလင်မြို့၌ ငါရောက်စေသမျှသောအမှုများကြောင့် စိတ်ပူပန်ခြင်း မရှိ၊ သက်သာခြင်း ရှိကြလိမ့်မည်။

  9. ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ တောသစ်ပင်တွင် မီးမွေးစရာဟင်းဘို့ငါ အပ်သော စပျစ်နွယ်သားကဲ့သို့၊ ယေရုရှလင်မြို့သားတို့ကို ငါအပ် မည်။

  10. အချင်းလူသား၊ ယေရုရှလင်မြို့သည် မိမိ၌ စက်ဆုပ်ရွံရှာဘွယ်သောအမှုအရာတို့ကိုသိမည်အကြောင်း ပြုလော့။

  11. ထာဝရဘုရားသည် ယေရုရှလင်မြို့အား မိန့် တော်မူသောစကား ကိုသင်ဆင့်ဆိုရမည်မှာ၊ သင်၏မူလ၊ သင်၏မွေးဘွားရာဌာနသည် ခါနာန်ပြည်၌ရှိ၏။ သင်၏ အဘသည် အာမောရိလူ၊သင်၏အမိသည် ဟိတ္တိအမျိုး ဖြစ်၏။

  12. ပုန်ကန်တတ်သော အမျိုးအား သင်ပြောရ မည်မှာ၊ ဤစကားအဘယ်သို့ဆိုလိုသည်ကို နားလည်ကြ သလော။ ဗာဗုလုန်ရှင်ဘုရင်သည် ယေရုရှလင်မြို့သို့ ရောက်၍၊ ယေရုရှလင်ရှင်ဘုရင်နှင့်မှူးတော် မတ်တော် တို့ကို ဗာဗုလုန်မြို့သို့သိမ်းသွားပြီ။

  13. အချင်းလူသား၊ ယေရုရှလင်မြို့ကို မျက်နှာ ပြုလျက်၊ သန့်ရှင်းသော အရပ်ဌာနတို့တဘက်၌ မြွက်ဆို ၍ ဣသရေလပြည်တဘက်၌ ဟောပြောလော့။

  14. အမ္မုန်ပြည်၌ ရဗ္ဗတ်မြို့သို့၎င်း၊ ယုဒပြည်၌ ခိုင်ခံ့သော ယေရုရှလင်မြို့သို့၎င်း၊ ထားရောက်ရာလမ်းကို မှတ်သားလော့။

  15. ဝက်ခွတိုင်၌ တုံးတို့ကို ဆွဲထားစေခြင်းငှါ၎င်း၊ လုပ်ကြံခြင်းအမှုကို မှာထားစေခြင်းငှါ၎င်း၊ ကြွေးကြော် အော်ဟစ်စေခြင်းငှါ၎င်း၊ ရဲတိုက်ကို ဆောက်စေခြင်းငှါ ၎င်း၊ မြေရိုးကိုဖို့စေခြင်းငှါ၎င်း၊ လက်ျားဘက်၌ ယေရုရှ လင်မြို့အဘို့ ဗေဒင်တွက်၍ နေရာကျ၏။

  16. ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်တို့အပေါင်းသည် ချော်ဖြစ်သောကြောင့်၊ ယေရုရှလင်မြို့ထဲ၌ ငါစုဝေးစေမည်။

  17. အစ်မကား၊ အဟောလ၊ ညီမကား အဟောလိဗ အမည်ရှိ၏။ ထိုသူနှစ်ယောက်တို့သည် ငါ၏ခင်ပွန်းဖြစ်၍ သားသမီးတို့ကို ဘွားမြင်ကြ၏။ အဟောလအမည်သည် ရှမာရိဟူ၍၎င်း၊ အဟောလိဗအမည်သည် ယေရုရှလင် ဟူ၍ ၎င်းဆိုလိုသတည်း။

  18. အချင်းလူသား၊ ဤမည်သောနေ့၊ ယခုနေ့ရက် ကိုမှတ်လော့။ ယခုနေ့၌ ဗာဗုလုန်ရှင်ဘုရင်သည် ယေရု ရှလင်မြို့ကို ဝိုင်းထားစပြု၏။

  19. အချင်းလူသား၊ တုရုမြို့က၊ အေ့ဟေ၊ တိုင်းနိုင်ငံ တို့၏ တံခါးဖြစ်သော ယေရုရှလင်မြို့သည် ပျက်စီးသည် ဖြစ်၍၊ ငါ့လက်သို့ ရောက်လိမ့်မည်။ ထိုမြို့ဆိတ်ညံသော ကြောင့် ငါစည်ပင်လိမ့်မည်ဟု ယေရုရှလင်မြို့တဘက်၌ ဆိုမိသောကြောင့်၊

  20. သိမ်းသွားရာ သက္ကရာဇ်တဆယ်နှစ်ခု၊ ဒသမလ ငါးရက်နေ့တွင်၊ ယေရုရှလင်မြို့မှ ပြေး၍လွတ်သော သူတယောက်သည် ငါ့ထံသို့ရောက်လာ၍၊ မြို့ကိုလုပ်ကြံပြီ ဟု သိတင်းကြားပြော၏။

  21. ပျက်စီးသောမြို့တို့သည် သန့်ရှင်းသော သိုးစု တည်းဟူသော၊ ဓမ္မပွဲခံချိန်တွင် ယေရုရှလင်သိုးစုကဲ့သို့ သော လူစုတို့နှင့် ပြည့်စုံ၍၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

  22. ယုဒရှင်ဘုရင်ယောယကိမ်နန်းစံသုံးနှစ်တွင်၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့သို့ ချီလာ၍ ဝန်းရံလေ၏။

  23. စပျစ်ရည်ကို မြည်းစမ်းသောအခါ၊ ယေရု ရှလင်မြို့ ဗိမာန်တော် ထဲကခမည်းတော် နေဗုခဒ်နေဇာ သိမ်းယူဆောင်ခဲ့သော ရွှေဖလား၊ ငွေဖလားတို့နှင့် ကိုယ်တော်တိုင်မှစ၍ မင်းသား၊ မိဖုရား၊ မောင်းမမိဿံ တို့သည် သောက်ရမည်အကြောင်း၊ ထိုဖလားတို့ကို ယူခဲ့ရမည်ဟု အမိန့်တော်ရှိသည်အတိုင်း၊

  24. ယေရုရှလင်မြို့၌ရှိသော ဘုရားသခင်၏ ဗိမာန် တော်တိုက်ထဲက သိမ်းယူဆောင်ခဲ့သော ရွှေဖလားတို့ကို ယူခဲ့၍၊ မင်းကြီး၊ မင်းသား၊ မိဖုရား၊ မောင်းမမိဿံတို့သည် ထိုဖလားတို့နှင့် သောက်ကြ၏။

  25. အမိန့်တော်ထုတ်၍ တံဆိပ်ခတ်ကြောင်းကို ဒံယေလသည် ကြားသိသော်လည်း၊ မိမိအိမ်သို့သွား၍ ယေရုရှလင်မြို့သို့ မျက်နှာပြုရာ အထက်ခန်းပြတင်း ပေါက်ပွင့်လျက်ပင်၊ အထက်ပြုလေ့ရှိသည်အတိုင်း၊ တနေ့ သုံးကြိမ်ဒူးထောက်လျက် ဘုရားသခင်ကို ဆုတောင်း၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလေ၏။